top of page
Search

၈/၉ ၊ ကိုဗစ်နှင့် DASSK ခရီးစဉ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 6, 2020
  • 1 min read

ree

၈/၉ နေ့မှာ DASSK က သူ့မဲဆန္ဒနယ်ကို သွားဖို့ရှိပါတယ်။ ပြည်သူတွေကိုလဲ ပြောပြီးပါပြီ။ မလိုက်ဖို့လဲမှာထားပြီးပါပြီ။ ယခု စစ်တွေမှာက အသစ်တွေ့တာ နည်းလာပြီး အိမ်ထဲမှာနေခိုင်းတာရော၊ Lockdown ရော၊ စစ်တွေရဲ့ အနေအထားက ရန်ကုန်လို လူနေမထူထပ်လို့ မကြာခင်ထိန်းနိုင်မှာပါ။ နောက်ဒီပိုးကအကူးမြန်ပေမယ့် ပထမအကြိမ်ကလောက် ပြင်းထန်ပုံမရသေးပါ။


ree

မနေ့က အိမ်နံပတ် ၅၄ က နှစ်ယောက်မှာ ပိုးတွေ့တယ်ဆိုပြီး လိုင်းပေါ်မှာတွေ့လိုက်ရပါတယ်။ သူတို့ကိုQ ဝင်ရင်တောင် အခြားလူတွေက ကျန်နေနိုင်ပါတယ်။ အိမ်ထဲက အားလုံးကို Q ထားရင်တော့ မပြောတတ်ပါ။


ree

ဖြစ်နိုင်ရင်တော့ ၅၄ ကိုမဝင်ဘဲ ကော့မှူးသွားပြီးပြန်ရင်တော့ တစ်မျိုးပါ။ ရန်ကုန်မှာ ညပိုင်းနားရမယ်ဆိုရင်တော့ ဝကခအိမ်တော် (သို့) အခြားစိတ်ချရတဲ့ အစိုးရဂေဟာမှာသာ တည်းခိုပါ။ ဝကခအိမ်ကတော့ လုံခြုံရေးချပြီးသားဆိုတော့ အဆင်ပြေနိုင်ပါတယ်။


ယခုရန်ကုန်မှာလဲ အသွားအလာနည်းလာလို့ နောက်နှစ်ပတ်နေရင်တော့ ထိန်းနိုင် မနိုင်သိမှာပါ။ သင်္ဃန်းကျွန်းနဲ့ မြောက်ဥက္ကလာကိုတော့ ဂရုစိုက်ပါ။ လေယဉ်ပေါ်က ပျောက်သွားသူအချို့က အဲ့ဒီဒေသကိုသွားတယ်လို့ ယခင်က သတင်းပို့ခဲ့ပါတယ်။ သင်္ဃန်းကျွန်းကတော့ မှန်နေပါပြီ။


DASSK ရဲ့ ကိုဗစ်လုံခြုံရေးကိုတော့ ဂရုစိုက်ပါ။ ၅၄ အိမ်ရဲ့ အဝင်အထွက်က အရပ်သားအဝင်အထွက်နဲ့ အစိုးရဝန်ထမ်း ရောနေလို့ပါ။ ဖြစ်နိုင်ရင် ၅၄ ထဲ အဝင်အထွက်ရှိသူတွေ၊ အတိုင်ပင်ခံရုံးအဝင်အထွက်ရှိသူတွေ သမ္မတရုံးအဝင်အထွက်ရှိသူတွေကို အပတ်စဉ် စစ်ပေးနိုင်ရင် ပိုကောင်းပါတယ်။


သူမရဲ့အသက်ဟာ တိုင်းပြည်အတွက် အရေးကြီးလို့ပါ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 07, 2020

ဦးမြတ် ! အရေး အရေး

ကျန်းမာရေးနော် တကြော်ကြော်အော်

တွေးရှုမျှော် ၊ မနှေး ခုသော်

ကျန်းမာခြင်းသည်သာ

မူလ ပထမ အဓိက ၊ သူ ပင်မ။

အရေးတကာအရေး ကျန်းမာရေးနော်

ဗုဒ္ဓဘုရား ဒေသနာထား

နားနဲ့ စိုက်ကြား ထိုတရား

**လာဘ်တကာ အမြတ်ဆုံး**

**ကျန်းမာခြင်း**ဟု အဆုံးအမသုံး

ဖော်ထုတ်မြွက်ကြား သစ္စာစကား။

မေတ္တာခြံရံ

သစ္စာသည်သာ အမှန်ဆုံးမို့

မင်း ကျင့်သုံး။

အရေး အရေး တွေးကြံဆ

အရေးမှန်သမျှ အောင်

လက်မကို ထောင်

ကြံဆောင် နိုင် အရောင်

ထွန်းလင်းပြောင်ပြောင်

တို့ လက်တွင်းမှာ

တည်ရှိပါသည် အမောင်။

အရေးတကာအရေး

အောင်နိုင် အောင်

ကျန်းမာရေး လာဘ်ကို ဆောင်

လာဘ်ကို ဖွင့်က

ဘုန်း ပွင့် ၊ ကံမြင့် ၊ အောင်လံ လွှင့်

ပနံတင့်ဖို့

ယခုခဏ

မိမိကစ ပြည်အနှံ့

ကျန်းမာစည်းကမ်းအစု

လိုက်နာမှု

ပြုကြပါစို့ ဆွေသားနောင်တို့။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page