top of page
Search

၂၀၂၀ မှာ ဘယ်သူနိုင်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 7, 2020
  • 1 min read

ဒီနေ့ဆိုရင် ရွေးကောက်ပွဲအတွက် တရားဝင်မဲဆွယ်ဖို့ ခွင့်ပြုလိုက်ပါပြီ။ ပါတီတွေမဲဆွယ်ခွင့်ပြုတာကဒီနေ့မှပါ။ ပါတီမဲဆွယ်တာနဲ့ ပြည်သူ့ရင်ထဲက သူ့ဖာသာ လိုက်လုပ်တာတော့ မတူပါ။ ရွေးကော်ဟာပြည်သူတွေက သူတို့သဘောကျလို့ အလံလွှင့်တာ၊ နှာခေါင်းစည်းကို NLD တံဆိပ်တပ်တာကတော့ သူတို့ရင်ထဲက ထောက်ခံလို့ပါ။ နာဂေးတစ်စကား ယူသုံးရရင် ကြည်ညိုလွန်းလို့ပေါ့။


ယခု ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲဆိုတဲ့ မေးခွန်းကို ဖြေပါ့မယ်။ ပထမက ပြည်မမှာပါ။ တိုင်းတွေမှာပေါ့။ အားလုံးမှာ NLD သာနိုင်မယ်လို့ ပြောပါရစေ။ ဖွတ်တွေယခင်က နိုင်ခဲ့တဲ့နေရာတွေပါ NLD က နိုင်မယ်လို့ ခန့်မှန်းပါတယ်။ မင်းကင်းတို့ ပျော်ဘွယ်တို့ပေါ့။ ဘာကြောင့်လဲဆိုတော့ ပြည်သူတွေဟာ ၂၀၁၅ မှာ ကြံ့ဖွတ်အုပ်ချုပ်ချိန်မဲပေးခဲ့ရလို့ အကြောက်တရားရှိပါတယ်။ ယခုဟာက NLD အစိုးရမိုလို့ သူတို့လွတ်လပ်စွာ ရွေးခွင့်ရသွားပါပြီ။ အလွန်ဆုံးက ယခင်က ၈၀% နဲ့နိုင်ရင်ဒီနှစ်မှာ ၇၀% ကျရင် ကျသွားပါ့မယ်။ ဒါမှမဟုတ် မဲထွက်ပေးသူ နည်းရင် နည်းပါမယ်။ ဒါပေမယ့်NLD သာ အပြတ်နိုင်မှာပါ။


သတင်းသမားတွေက ဘယ်သူ့ကိုမဲပေးမလဲ မေးကြရာမှာ NLD ကလွဲပြီး အခြားပါတီမဲပေးသူကို ရှာရခက်တယ်လို့ ပြောကြပါတယ်။ တိုင်းရင်းသားဒေသတွေမှာတောင် တိုင်းရင်းသားထဲက NLD ဆန့်ကျင်သူကိုရှာပြီးဗျူးမှ ရတယ်လို့ပြောပါတယ်။ ပုံမှန်တွေ့သူ ဆယ်ယောက်ကိုဗျူးရင်တောင် NLD ကို မဲမပေးမယ့်သူမတွေ့လို့ သိပ္ပံနည်းကျမလုပ်နိုင်ဘဲ NLD ကို မဲမပေးမယ့်သူကို တမင်ရှာမေးရတယ်လို့ ပြောကြပါတယ်။


ပြည်နယ်တွေကို ကြည့်ရအောင်။


ချင်းပြည်နယ်

NLD ဟာ ယခင်ကလောက် အနည်းဆုံးနိုင်မယ်လို့ တွက်ပါတယ်။ ပထမက ချင်းပြည်နယ်မှာတိုးတက်မှုကောင်းတာရယ် ဒုသမ္မတက ပေါ်ပြူလာဖြစ်လာတာရယ်ကြောင့်ပါ။ ဒါကြောင့် ချင်းမှာယခင်အတိုင်းနိုင်မှာပါ။


ကရင်

ကရင်မှာလဲ ယခင်အတိုင်းနိုင်မှာပါ။ ဒေသဖွံ့ဖြိုးလာခဲ့သလို ဒေါ်နန်းခင်ထွေးမြင့်ကလဲ ဒေသခံမိုလို့ပါ။


မွန်

မဲဆန္ဒနယ်အချို့ လက်ပြောင်းတာရှိနိုင်ပေမယ့် NLD ဘဲ ယခင်ကအတိုင်းနိုင်မယ်လို့ ခန့်မှမ်းပါတယ်။ပြည်နယ်လွှတ်တော်ကိုတော့ မပြောတတ်ပါ။


ကယား

ကယားမှာ ဦးအယ်လ်ဖောင်းရှိုဟာ သတင်းသမားအချို့နဲ့ သူ့ပြည်နယ်က လူမျိုးရေးအစွန်းရောက်အချို့က မကြိုက်ပေမယ့် အများစုက ကြိုက်ကြပါတယ်။ သူ့လက်ထက်မှာ ကယားပြည်နယ်ကတိုးတက်လာခဲ့လို့ပါ။ သူ့လက်ထက်မှာ NLD ဟာ ယခင်ကထက် စည်းရုံးရေး ပိုကောင်းလာခဲ့ပါတယ်။ဖွတ်တွေရဲ့ သုံးလအတွင်း နယ်ကျော်မဲပေးတာနဲ့ တပ်မဲကို တားနိုင်ရင် ယခင်ကထက်တောင် ပိုနိုင်ပါမယ်။ တိုင်းရင်းသားအချို့ဟာ နေရာအချို့ကို ဖွတ်တွေထံက ရနိုင်ပါတယ်။


ကချင်

ကချင်မှာလဲ ၂၀၁၅ လောက် နိုင်မယ်လို့ မှန်းထားပါတယ်။ တိုင်းရင်းသားပါတီတွေက ဖွတ်နဲ့ တစညကနေရာအချို့ကို ရနိုင်ပါတယ်။


ရခိုင်

ရခိုင်က NLD မနိုင်တဲ့နေရာပါ။ အလွန်ဆုံးက ယခင်အတိုင်း ထိန်းနိုင်ဖို့ပါ။ ဒါပေမယ့် ANP ဟာလဲယခင်လို အကုန်နိုင်ဖို့ မဖြစ်နိုင်ပါ။ သူ့ကို အခြားရခိုင်ပါတီတွေက ယှဉ်ကြမှာပါ။ မေးခွန်းက ANP ကိုထောက်ခံသူက မဲကွဲပြီး NLD ကိုထောက်ခံသူက မဲမကွဲရင် မဲတောင် ပိုနိုင်သွားနိုင်ပါတယ်။


ရှမ်း

NLD ဟာ တပ်ပြောင်းတာတွေ သုံးလအတွင်းစာရင်းပေးတာတွေကို ကန့်ကွက်နိုင်ပုံမရပါ။အကြမ်းဖျင်းကတော့ NLD ဟာ အနည်းဆုံးယခင်ကမဲဆန္ဒနယ်တွေကို ဆက်ထိန်းထားနိုင်မယ်လို့ထင်ပါတယ်။ ယခင်က ဖွတ်အစိုးရမိုလို့ အစိုးရဆိုလို့ ကြောက်ပြီးပေးခဲ့ရတဲ့မဲတွေဟာ NLD နဲ့တိုင်းရင်းသားတွေထံ ပျံ့သွားမှာပါ။ မေးခွန်းက တပ်တွေရှိတဲ့နေရာတွေမှာ တပ်မဲတွေကို NLD နဲ့တိုင်းရင်းသားတွေက စစ်ဖို့ပါ။


အကျဉ်းချုပ်ရရင် ၂၀၂၀ မှာ NLD ဘဲ နိုင်မယ်လို့ ထင်ပါတယ်။ စာရေးသူပြောတာ မှန် မမှန်ကတော့ ဒီနေ့ ၈ နာရီကစလို့ မိမိလမ်း မိမိရပ်ကွက် မိမိရွာမှာ ဘယ်နှစ်အိမ်က NLD အလံထောင်လဲအပေါ်မှာမူတည်ပါတယ်။ ရန်သူကတော့ လူမျိုးရေး၊ ဘာသာရေး၊ အလုပ်သမားအရေး၊ ကျောင်းသားအရေး၊လက်နက် နည်းမျိုးစုံသုံးပြီး တိုက်မှာပါ။ ဒါပေမယ့် ပြည်သူတွေက ဒါတွေကို ကျော်လွှားပြီး နိုဝင်ဘာမှာ မဲထွက်ပေးရင် ရပါပြီလို့ ပြောပါရစေ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 08, 2020

ဦးမြတ် ! နိုင် မှာပါ။ကြည်ပါ၏။

ဗုဒ္ဓဘုရား အဆုံးအမသာသနာ တရား ရှုထောင့်အမြင်ဖြင့် တင်ပြပါမည်။ သာသနာသည် မဖောက်မပြန် #သစ္စာအခြေခံဝါဒ#ဖြစ်သောကြောင့်ပါ။

စေတနာ ဆောင်၍ အောင်ပါစေ။

ရင်တွင်း စကား၊ ရင်တွင်း တရား။

စေတနာ=စေ့ဆော်တိုက်တွန်းပြုပြင်တတ်သည့် သဘော။

စေတနာ = ကံ = သင်္ခါ်ရ

ပဋိစ္စသမုပ္ပါဒ် ဒေသနာ အရ **သင်္ခါရ ပစ္စယာ ဝိဉာဏံ**

စေ့ဆော်ပြုပြင်မှုတွေကြောင့် ဝိဉာဏ် စသော ခန္ဓာ နာမ်ရုပ် ပေါ်ပေါက်ဖြစ်ထွန်းရပါသည်။

ကောင်းတဲ့ စေတနာတွေကြောင့် ကောင်းတဲ့ အလုပ် (ပုညာဘိ

သင်္ခါရ)ကြောင့် လူနတ် ချမ်းသာရပါသည်။ စေတနာ ကောင်းလို့ ချမ်းသာရပါသည်။ စေတနာကို ကံ ဟုလည်း ဗုဒ္ဓဘုရား ဟောမြွက်ကြားခဲ့ပါသည်။

စေတနာ ဖြူလျှင် ကံ ဖြူပြီး၊ အကျိုးပေး ဖြူပါသည်။ကံ နှင့် ကံ၏ အကျိုးပေး။

စေတနာ မဖြူ ၊ မွဲ လျှင် လုပ်သမျှ ကြံသမျှ ပြောသမျှရဲ့ အကျိုးပေး မလှ ၊ ပြော ကြံသမျှ မဟုတ်မမှန်၊ အလွဲလွဲရယ်တဲ့ အချော်ချော်။အများအမြင် မတော်၊ မလျော်မကန် အဖြစ်မှန်ကို မြင်တွေ့ရမှာပါ။


**************************


CV-19 ကပ်ဘေးကို စေတနာဖြူဖြူ ဆောင်၍ အောင်ခဲ့ပါပြီ။ စေတနာမှန်တော့ ကော့မှုးနယ်အရေး ကပ်ဘေးကနေ လွတ်ကင်း ချမ်းသာခြင်းရခဲ့ပါပြီ။ စေတနာဖြူတော့ ပင်လယ်ရပ်ခြား တိုင်းတပါးကပါ စေတနာစေရာ မနေသာ၍ ကြည်ကြည်ဖြူဖြူ လှုဒါန်း အမြတ် စခန်းများကို ခံစားနေရပါပြီ။ ငြင်းမရသော အမှန်သစ္စာပါ။

ခုပဲ မြို့သုံးမြို့အရေးက စိတ်အေး

ဖွယ်ရာအဖြစ်သည် စေတနာ၏ အရိပ်၊ ကံ၏ ပဲ့တင်သံ၊ စေတနာဖြူဖြူရဲ့ ပုံဟန် နိမိတ် ။အမှတ်တံဆိပ်။

#စေတနာဆောင်၍အောင်ပါစေ#


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page