top of page
Search

၂၀၂၀ မှာ ဘယ်လိုမဲပေးမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 11, 2020
  • 1 min read

ree

ယခုနိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်ပါတော့မယ်။ ပုံမှန်မှာဆိုရင် ဘယ်ပါတီမဲပေးမလဲဆိုတာ ရွေးရပါမယ်။ ပါတီကို ကြည့်မလား လူကိုကြည့်မလားဆိုတာလဲ ပေါ်လာပါတယ်။ ကမ္ဘာပေါ်မှာ ဘာကိုကြည့်ရွေးသလဲ? အမေရိကန်မှာ ရီပတ်ပလစ်ကန် (Republican) and ဒီမိုကရက် (Democrat) ပါတီဆိုပြီး ရှိပါတယ်။ သူတို့ကနေ သမ္မတတွေ၊ လွှတ်တော်အမတ်တွေ ရွေးကြပါတယ်။ ယူကေမှာက ကွန်စာဗေးတစ်(Conservative) နဲ့ လေဘာ (Labour)ပါ။ ဩဇီမှာလဲ ကွန်စာဗေးတစ်နဲ့ လေဘာပါဘဲ။ ပါတီတွေမှာ မူဝါဒတွေရှိပါတယ်။ အခွန်များများကောက်မလား၊ ဘယ်လိုကျန်းမာရေးစနစ်နဲ့သွားမလဲ၊ ဘယ်လိုပို့ဆောင်ရေးစနစ်လဲ အစရှိသဖြင့်ပေါ့။လူတွေဟာ မိမိတို့နဲ့ သဘောထားတူတဲ့ မူဝါဒရှိတဲ့ ပါတီကို မဲပေးကြပါတယ်။ ပါတီခေါင်းဆောင်ကို ကြိုက်ရင်မဲထွက်ပေးသူပိုများပြီး အရှုံးအနိုင်ပေါ်တာပါ။ အဆိုပါနိုင်ငံတွေမှာ ဖယ်ဒရယ်စနစ်ရှိသလို တပ်ဟာအစိုးရအောက်မှာရှိပြီး လွှတ်တော်ထဲမှာ ဝင်ထိုင်မနေပါ။ မိုးကျလဲ ဌာနေတွေထဲမှာ မရှိပါ။

မြန်မာပြည်မှာ ပါတီတွေကိုလေ့လာတဲ့အခါ ဓမ္မပါတီနဲ့ အဓမ္မပါတီဆိုပြီး နှစ်ခုသာရှိပါတယ်။ ဓမ္မပါတီက မခိုးပါ။ ပြည်သူတွေရဲ့ လယ်မြေတွေကို မသိမ်းပါ။ အဓမ္မပါတီက သူခိုးပါတီပါ။ သူခိုးများနဲ့ဖွဲ့စည်းထားပါတယ်။ အချို့ဟာလဲ ခိုးခဲ့စဉ်ကရတဲ့ပိုက်ဆံနဲ့ ပါတီထောင်ပါတယ်။ အချို့က သူခိုးပစ္စည်းလက်ခံရောင်းချပြီး သူခိုးသူငယ်ချင်းအနေနဲ့ မိတ်ဖက်ပါတီထောင်တာလဲရှိပါတယ်။ ပြည်သူအနေနဲ့ ပါတီကိုကြည့်ရင် ဘယ်ပါတီက သူခိုးပါတီလဲ ဘယ်ပါတီက လူကောင်းပါတီလဲကြည့်ပြီး မဲပေးရမှာပါ။ သူခိုးတွေကလဲ သူခိုးပါတီတွေကို ကြိုက်မှာပါ။ လူကောင်းတွေကလဲ လူကောင်းပါတီကိုကြိုက်မှာပါ။ နောက် ပါတီကြည့်တာ အားမရလို့ လူကိုကြည့်ရင်လဲ လူကောင်းတွေရှိတဲ့ ဓမ္မပါတီနဲ့သူခိုးတွေရှိတဲ့ အဓမ္မပါတီဆိုပြီး ကွဲထွက်လာမှာပါ။ ဒါကြောင့် စာရေးသူကတော့ ၂၀၂၀ နိုဝင်ဘာမှာလူကြည့်ကြည့် ပါတီကြည့်ကြည့် ဓမ္မပါတီဖြစ်တဲ့ NLD ကိုသာ မဲပေးပါ့မယ်။

ဒါဆိုရင် NLD က မိုးကျတွေကိုမရှင်းသေးလို့ အားမရဘူးဆိုရင် စာရေးသူလဲ အားမရတာမှန်ပေမယ့်NLD အစိုးရတက်လာလို့ ဆိပ်ကမ်းကို စာရင်းစစ်ခွင့်ရပြီး သူတို့ X ray တွေအကြောင်း သိရတာပါ။ ခိုးထားတာတွေ သူတို့ပြန်ဆပ်နေရတာပါ။ NLD သာ ၂၀၁၅ က မဲမနိုင်ခဲ့ရင် စာရေးသူတို့ သိခွင့်ရမှာမဟုတ်ပါ။ ဒါတင်မဟုတ်ဘဲ လမ်းတွေ၊ တံတားတွေ၊ ရထားလမ်းတွေ၊ လျှပ်စစ်မီးတွေ ယခင်ကထက်ပိုကောင်းလာပြီး တိုးတက်လာတာဟာ NLD အစိုးရကြောင့်ပါ။ မတရားမှုတွေဟာ ၂၀၁၅ မတိုင်ခင်က၁၀၀% ဆိုရင် ဒီမိုအစိုးရတက်အပြီးမှာ ၆၀% ခေါက်အထိတော့ နည်းလာပါပြီ။ သုညဖြစ်ဖို့ကတော့တပ်က အရပ်သားအစိုးရအောက်ရောက်ပြီး လွှတ်တော်ထဲက ထွက်သွားမှပါ။


စာရေးသူအထင်ကတော့ NLD ဟာ ၂၀၁၅ မှာ ရင်ကြားစေ့ကြည့်ပြီး တပ်နဲ့ မိုးကျတွေကိုအတိုင်းအတာ တစ်ခုအထိ သီးခံခဲ့တာလို့ ထင်ပါတယ်။ ၂၀၂၁ မှာ တပ်ချုပ်အသစ်ရွေးရမှာ ICJ မှာရင်ဆိုင်ရမှာတွေကြောင့် ဗျူဟာအသစ်တစ်ခု ရွေးရတော့မှာပါ။


ပြည်သူအားလုံးက ၂၀၂၁ မှာ တရားမျှတမှု၊ တန်းတူညီမျှမှုတွေ ထွန်းကားဖို့အတွက် တွန်းအားအနေနဲ့NLD ကိုမဲပေးပြီး အဓမ္မဝါဒီတွေကို ဟန့်တားရပါမယ်။ အဓမ္မဝါဒီသူခိုးများဟာ ဖြတ်လမ်းက သမ္မတဖြစ်ဖို့အတွက် ကြိုးစားမှာပါ။ ပြည်သူက ငါတို့ဟာ အဓမ္မဝါဒီသူခိုးများကို လက်မခံကြောင်း NLD ကိုမဲပေးပြီး ပြရပါမယ်။ ဒါမှ ၂၀၂၁ မှာ ပြည်သူနဲ့အတူ အင်နဲ့အားနဲ့ ပြောင်းလဲနိုင်မှာပါ။


Photo credit: Original uploader

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

3 Comments


Sunny Aung
Sunny Aung
Jun 12, 2020





မှန်ပါတယ်.. NLD ကိုပဲ ဝိုင်းဝန်းထောက်ခံကြဖို့ အရေးကြီးပါတယ်..

တိုင်းရင်းသားပြည်နယ်တွေမှာလည်း လူမျိုးအရေးကို ခဏဘေးချိတ်ပြီး

NLD ကိုပဲ မဲပေးကြဖို့ အရေးကြီးပါတယ်.. နိုင်ငံရေးနယ်ပယ်ကနေ စစ်တပ် ဆုတ်ခွါသွားမှ

တိုင်းရင်းသားအရေး ဖက်ဒရယ်အရေးကို ဦးတည်ရမှာပါ..

Like

Myint Soe Oo
Myint Soe Oo
Jun 12, 2020

ဦးမြတ် ! ၁၉၇၀ ဝန်းကျင် ။ ကျောင်းသားဘဝ စုဝေးရာရပ်

စက်သွား စပါးနှံ ကြယ်ခြံရံသော မြန်မာနိုင့်ငံတော် အလံတော် အောက်မှာ ကျွန်ုပ်တို့ ယုံကြည်သော ဆိုရှယ်လစ်လူ့ဘောင်သစ်ကြီးဆီသို့ -----။ မနက်တိုင်း ရွတ်ဆို အဓိဌာန်ပြုခဲ့ကြငြားသော်လည်း ၁၉၈၈ သြဂုတ်လမှာတော့ --- ?။

နောက်ပိုင်း ခေတ်မီဖွင့်ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး ဆီသို့ ရည်မှန်း၍ ချီတက်ကြသော်ငြားလည်း ခရီးမပေါက် အပြီးတိုင် မရောက်ခဲ့သဖြင့် !

၂၀၁၅ခုက စတင်ကာ လိုရာပန်းတိုင် အရောက်လှမ်းရန် ရည်ရွက်ချက်ဖြင့် ဆက်လက်လျှောက်လှမ်းနေချိန်ကာလမှာတော့ { ပျက်လျှင် မပြင် / ပျောက်လျှင် မရှာ / ဗလာပွာသု (လက်ဖွာဖွာသုံး) ဆင်းရဲစေမည့် ထုံးကို မျက်နှာလွဲဖယ် ပစ်ပယ်ပြီး) အဟောင်းကိုပြင် အသစ်တည်ဆောက် စနစ်အောက်မှာ မိမိတတ်နိုင်စွမ်းဖြင့် နိုင်သမျှ ပိုင်သမျှကို စွမ်းဆောင်နိုင်ခဲ့ကြပါပြီ။

ခုန်ပျံကျော်လွှား ကစားကွက် အရှောင်အတိမ်း ဂျက်စီဂျိမ်းနည်းဗျုဟာ များသုံးကာ ရန်စွယ်အမျိုးမျိုးကြားမှ စွမ်းဆောင်နေသူများကို အမြင်မပီပြင် မကြည်လင်သူအပေါင်းက. ပန်းဝင်နေတဲ့ထိုင်းကို အမှီမလိုက်နိုင်ဘူး? စင်္ကါပူကို ဇွတ်ကျော်ခိုင်းသူကတမျိုး ? ဖအေပြောတဲ့ အတိုင်း သမီးလက်ထက်မှာ ~~ နိုင်ငံဖြစ်မှာပါနဲ့

အလုပ်ရပ်အောင် ဝေဖန်ပုတ်ခပ် တရစပ် စွပ်စွဲ ပြစ်တင်တိုက်ခိုက် အမျိုးမျိုး သွေးထိုးမှိုင်းတိုက်နေကြပါသည်။ပကတိအခြေအနေများကို သိသိကြီးနဲ့မျက်ကွယ်ပြုနေကြပါသည်။

ရန် - မန်း (၃၈၆မိုင်ကို)၁၄နာရီခရီးမှ ၈နာရီစီး ခရီးရောက်ရန် လမ်းဟောင်းပြင်၍ လမ်းသစ်ဖောက်နေမှု။

နိုင်လွန်ကတ္တရာဆိုတာ ယခင်က ရန်ကုန်မြို့ကြီး၏ အချို့နေရာ (ပြည်လမ်း RC 2 နားတဝိုက် /အရေးကြီးပုဂ္ဂိုလ်များ နေထိုင်ရာတဝိုက်) မြင်ရသော်လည်း ယခုအခါ ဆွာ -ရေတာရှည် ပျဥ်းမနားမြို့ရှောင်လမ်းတို့မှာ ယခင်နှင်မြတူ ထူးခြားခဲ့ပါပြီ။

အိမ်မက်ပင် ယောင်၍ မမက်ခဲ့ဘူးသော လေအေးပေးစက် အဲကွန်းတပ် လေအိတ်ရထား မြစ်ကြီးနားလမ်းပိုင်းမှာ ၂၀၂၀မတ်လ…


Like

naynanmyint629395
naynanmyint629395
Jun 12, 2020

သူခိုးးးများ ကို တိုက်ထုတ်ဖို့

NLD ကို ပေးစို့

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page