top of page
Search

ဩဇီ ဩဇီ ဩဇီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 2, 2022
  • 1 min read

ဒီဩဇီသတင်းက စကထဲက မအလရဲ့ မျိုးချစ်(မိမိအမျိုးသာချစ်သူ) တပ်မတော်ကြီးထဲမှာရေပန်းစားတာ တွေ့ရပါတယ်။ စစ်ဆေးတွေ၊ စစ်အင်ဂျင်နီယာတွေ အဆိုးဆုံးပါဘဲ။ ဒါ့အပြင်စစ်မြေပြင်ထွက် လက်တွေ့စစ်တိုက်ရတဲ့ ဗိုလ်အဆင့်မှ ဒုဗိုလ်မှူးကြီးအဆင့်အထိအသေးစိတ်သိလိုတဲ့သတင်းပါဘဲ။ ဗိုလ်မှူးချုပ်အဆင့်ရှိပြီး ပိုင်ဆိုင်မှုလေးတွေရှိသူများသွေးမစွန်းသေးသူများကလဲ ပိုင်ဆိုင်မှုလေး​တွေနဲ့ ဩဇီကိုလာလို့ရမလားပေါ့။ မေးကြတဲ့မေးခွန်းက စုံပါတယ်။ အချို့ဗိုလ်ချုပ်တွေကလဲ ဘန်ကောက်ကနေ ဩဇီလေယာဉ်ပေါ် တင်ပေးမှာလားပေါ့။ အမေရိကန်လေးရော၊ အင်္ဂလန်လေးရော မရနိုင်ဘူးလား အမျိုးရှိလို့ပါဆိုပြီး မေးသူများလဲရှိပါတယ်။ ဝမ်းနည်းစရာကောင်းတာက မအလကိုပြန်တိုက်ချင်လို့ဆိုတဲ့လူက နည်းနေသေးတာပါ။ ဒါပေမယ့် ဝမ်းသာစရာကောင်းတာက မအလအောက်မှာတော့ အမှုမထမ်းလိုသူတွေ များလာနေပြီဆိုတာပါ။

မအလက စစ်မှုထမ်းသက်ကို ၆၂ အထိတိုးပြီး တပ်ထဲက စစ်သားပြဿနာကို ဖြေရှင်းဖို့ကြိုးစားနေတာလဲ တွေ့ရပါတယ်။ ဗိုလ်မှူးကြီးအဆင့်မှာက တပ်မရှိဘဲ ထိုင်နေသူတွေအများကြီးပါ။ ရေရှည်မှာက ဗိုလ်အသစ်ထပ်မဝင်ရင် ရှေ့တန်းထွက်စစ်သားနဲ့ ဗိုလ်အဆင့်တွေ မအလတပ်ထဲမှာ နည်းလာမှာပါ။

အချို့ကလဲ ဘယ်သူခွဲခွဲ ဒို့မကွဲဆိုပြီး ပြောသူများလဲရှိပါတယ်။ ဒါပေမယ့် လက်တွေ့မှာက ဒါဘားတွေလုပ်ပြီး ဩဇီကတကယ်မခေါ်ဘူး ဂျင်းသတင်းဘာညာပြောနေရတာ ဒုဗိုလ်မှူးကြီးအဆင့်တွေ ဘက်ပြောင်းလာတာက မအလတပ်အတွက် ပြဿနာပါ။ အချို့တပ်တွေထဲမှာအင်တာနက်အသုံးပြုမှုကို ကန့်သတ်တာတောင် စလုပ်လာနေပါပြီ။ အောက်ခြေတပ်သားကဩဇီထက် သူအသတ်မခံရဖို့ ပိုတန်ဖိုးထားမှာပါ။ ယခင့်ယခင်က ရေးခဲ့ပြောခဲ့သလိုဘဲအချို့က ကြောက်သူရှိသလို အချို့က သာကူးလဲရှိပါတယ်။ စာရေးသူတို့အနေနဲ့ ပြတ်ပြတ်သားသား ကြောက်တတ်သူကိုကြောက်အောင် တုတ်ကျွေး မုန့်ကြိုက်သူကို မုန့်ကျွေးစနစ်နဲ့သွားရင် အဆင်ပြေသွားမယ်လို့ ပြောပါရစေ။ မအလတပ်ထဲမှာတော့ ဩဇီ ဩဇီ ဩဇီဖြစ်နေပါပြီ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Nay Nann myint
Nay Nann myint
Apr 02, 2022

တုတ်ကျွေး

မုန့်ကျွေး မှန်လိုက်လေ

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page