top of page
Search

ဦးဖြိုးမင်းသိန်းသိစေရန် ပြည်သူမှ ပြောကြားချက်

Writer: Myat Tun Oo
Myat Tun Oo
Sep 30, 2020
1 min read

ကိုဗစ်လူနာတစ်ယောက်က Live လွှင့်ပြီးတင်တာကို တွေ့လိုက်ရပါတယ်။ သူမကို အစိုးရက အရှေ့ဒဂုံက ကိုဗစ်စင်တာမှာ ထားတာလို့ပြောပါတယ်။ သူမက သူမကိုဘယ်လိုထားတယ်ဆိုတာကို အဓိကLive ပြသွားတာပါ။ နောက်ပြီးသူမက ဝကခ ဦးဖြိုးမင်းသိန်းနဲ့ ကျန်းမာရေးဝန်ကြီးကို ကျေးဇူးတင်ကြောင်း ထပ်ခါထပ်ခါ ပြောသွားပါတယ်။ ပြီးတော့ ကွီးသိအောင်ရှယ်ပေးဖို့လဲ ပြောသွားပါသေးတယ်။

ယခုလို ကိုဗစ်ဆေးရုံတွေကို တစ်ပတ် ဆယ်ရက်အတွင်း အသွင်ပြောင်းရတာ မလွယ်ပါ။ မပြေလည်တာတွေလဲ ရှိနိုင်ပါတယ်။ စာ​ရေးရဲ့ ကွီးဆန့်ကျင်သူအမျိုးတစ်ယောက်က Facebook ပေါ်မှာ ကွီးကိုထောက်ခံသွားပြီး NLD ကို မဲပေးမယ်ဆိုတာလဲ တင်ခဲ့ပြီးပါပြီ။ ဒီဟာကတော့ ပြည်သူ့အသံပေါ့။

ယခုထားတာက လေအေးပေးစက်၊ ဘိုထိုင်အိမ်သာ၊ သွေးပေါင်ချိန်စက် အစုံအလင်နဲ့ဆိုတော့ မြန်မာပြည်ရဲ့ အတိုင်းအတာနဲ့ကြည့်ရင် အင်မတန်မှ ပြည်စုံတယ်လို့ ပြောလို့ရပါတယ်။

သူကစေတနာထားလုပ်လို့ စေတနာကို ရောင်ပြန်ဟပ်တာပါ။ မွေးရာပါ မကောင်းပြောသူအချို့လဲ ရှိနိုင်ပါတယ်။ ယခုလို ပြောသွားတာကို ကွီးဖြိုးပြန်တွေ့ရင်လဲ ဝမ်းသာလိမ့်မယ်ထင်ပါတယ်။

NLD က ကွီးဖြိုးကို DASSK နဲ့ ရန်ထောင်ပေးလိုတဲ့ DASSK နားက မိုးကျများ သာကူးများလဲ ဒီဗီဒီယိုလေးကို DASSK မြင်အောင် ပြလိုက်ပါလို့ ပြောပါရစေ။ သူက အားလုံးကို ကျေးဇူးတင်သွားလို့ပါ။

ဗီဒီယိုတင်သူ ဒေါ် Thi Thi လဲ အမြန်ပြန်ကောင်းပါစေ။


Video credit: Thi Thi Facebook account

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


Albert Wint
Albert Wint
Oct 02, 2020

မွေးရာပါမကောင်းမြင်/ပြောသူ=ကြောင်တောင်ကန်းသော်၎င်း သူ့ကျိုးဘဲကြည့်ပြီးမကောင်းမြင်သမားများဘက်၏ဘော ဘိနပ်လျှက်များသည် က္ကဿာ မစ္ဆရိယများပြီးအကောင်းပြုသူ အမှန်တရားသမားများအပေါ်အပြစ်များများပြေကြ၏

Like

Myint Soe Oo
Myint Soe Oo
Oct 01, 2020

ဦးမြတ်! !!

အထူးအထွေ ပြောလိုပါဘု

မျက်မြင်ဟာ သက်သေ

အားလုံးအတွက် အဖြေ

ကိုဗစ် သက်သေ

ခေတ်စနစ် အခြေ။

သူ့ခေတ် သူ့စနစ်

ငါ့စနစ် ငါ့ခေတ်

ခေတ်စနစ်စုံ

တွေ့ကြုံရ အစုန်သာဖြစ်ကြ

ဆင်းရဲနွံ နစ်

မလှ မပ. ဘဝ. ဘဝ. ဘဝ-----!!!

ဘဝတွေ အညစ်တွေနဲ့ ပေခဲ့။


အသစ်

ခုခေတ်နဲ့ စနစ်မှာ ဖြစ်တည်ခဲ့

မူ နဲ့ လူ ညီပါဘိ

ဖြူတဲ့ လူနဲ့

ကူတဲ့သူတို့ စည်ပါဘိ။

သည်ထဲက တစ်ယောက်

ထွန်းပေါက်

အလင်းရောက်အောင်

ရောဂါအခံနဲ့ အပမ်းအနွမ်း ခံ

ညည်းညူမရှိ

သူ ဆီမီးကို ထွန်ညှိ။

တခြားဘဝတွေ သစ်ဖို့

ကပ်ရောဂါတွေ ကင်းဖို့

အမှန်တရားတွေ ဖြစ်ဖို့

ပေးဆပ်မှုနဲ့ ပျော်

အလုပ်အကျွေးသာ အဖော်

အို ဘယ့်!!! လူ သူတော်။

ဖော်လံမဖား၊ အမှန်တရား သက်သေ

စာဓမ္မခဏ် အခြေ

ကျမ်းဂန် အနေ အရ

ထောက်ကာရှု

သာဓု ကြိမ်လီလီ

ခေါ်ရန်ရည်၍

ဂုဏ်ပြုကဗျာ သဝဏ်လွှာဖြင့်

ချီးကျုးအပ်ပြီ

သုဂတိ ခြောက်ထပ်က ကြားစေသား

မျှဝေထားပါသည်။


သာသနာပြုဘုရား


ကိုယ်ရိပ်သဏ္ဍာန်၊ညီ အာနန်နှင့်

မြတ်မွန်ထိပ်ထား၊ တို့ ဘုရားသည်

တပါးသောခါ၊ဒေသစာဖြင့်

တိုက်တာ လှည့်၍ ကြည့်သတည်း။


ကျီးသံ သဲသဲ၊ ယင် မဲမဲနှင့်

မဲဲပါညစ်ရောင် ၊ ကျောင်းတစ်ဆောင်ကို

ဘုန်းခေါင်ဘုရား၊ဝင်၍သွားသော်

သနားစဖွယ် ၊ ကျောင်းအလယ်၌

ကျင်ငယ် ကျင်ကြီး ၊ တင်းကျမ်းစီးလျက်

ကိုယ်ထီးလျောင်းလျာ၊ ထေရ်သူနာကို

မြတ်စွာ တွေ့ရပါသတည်း။


အမိသည် သား၊ ပြုသောလားသိုဘုရားမြတ်မွန်၊ ညီ အာနန်ကို

ချိုးရန်…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page