top of page
Search

ဥပဒေအထက်မှာ ဦးပိုင်နဲ့မိုးကျရှိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 17, 2020
  • 1 min read

ree

လက်ရှိခြေဥအရ တပ်ဟာ သမ္မတအောက်မှာ တိုက်ရိုက်မရှိတာတော့ အားလုံးသိပြီးသားပါ။ တပ်ကကျူးလွန်တဲ့ပြစ်မှုကို အစိုးရက မစစ်နိုင်လို့ ICJ ရောက်တာလဲ အားလုံးသိပြီးသားပါ။ ဒါဆိုရင် ဦးပိုင်နဲ့မိုးကျက တပ်ကမဟုတ်လို့ သူတို့ကို အရေးယူလို့ရပြီလား ဆိုတာလေ့လာရအောင်။

ပထမက မိုးကျရဲရာထူးခန့်ချုပ်အမှုပါ။ သူကရဲမေကို ရာထူးတိုးပေးမယ်ပြောပြီး ဝုန်းလိုက်တယ်။ ဟိုကတိုင်တယ်။ ဗီဒီယိုအခွေရှိတယ်။ သူ့ကိုရဲတရားရုံးက အမြင့်ဆုံးပြစ်ဒဏ် သုံးနှစ်ပေးလိုက်တယ်။အဂတိက သူ့ဌာနက အရေးယူလို့ဆိုပြီး ထပ်အရေးမယူတော့ဘူး။ အဂတိကစွဲရင် ထောင် ၁၀ နှစ်ကျမှာ။ အခြားသူဝုန်းခဲ့သူတွေကိုလဲ မတိုင်လို့ဆိုပြီး လိုက်မစစ်ဘူး။ ရဲဘော်အချင်းချင်းဖေးမတာ။ ဥပဒေအထက်မှာ မိုးကျရှိနေတာကို အဂတိက ပြသွားတာ။


ဒါတင်လား? မဟုတ်သေးဘူး။ ယခုဆိပ်ကမ်းနဲ့ အကောက်ခွန်ညွှန်ချုပ်ကိစ္စ။ ဥပဒေနဲ့မညီလို့ နုတ်ထွက်တယ်ဆိုပြီး ပြီးသွားတယ်။ ဒီနေရာမှာ ဥပမာတစ်ခုပြောပြမယ်။ ဘရွှေအိမ်ကို သူ့ကိုမကျေနပ်တဲ့လူကမီးတင်ရှို့တယ်ဆိုပါစို့။ အိမ်ကမီးလောင်တာ တစ်ဝက်ကုန်သွားပြီ။ အဲ့ဒီအချိန်မှာ ရဲကမီးရှို့သူကိုဥပဒေနဲ့မညီဘူးလို့လာပြောပြီး ဟိုက မီးရှို့တာကို ရပ်ပေးရင် အဲ့ဒီလူက သတိပေးချိန်မှာ ရပ်လိုက်လို့တရားမစွဲတော့ဘူးလား? ဖြစ်သင့်တာက မီးရှို့သူဟာ ဥပဒေချိုးဖောက်လို့ သူက ရပ်လိုက်ပေမယ့်အရေးယူရမှာပါ။ ဒီဥပမာက မရှင်းသေးရင် နောက်ဥပမာ ပေးပါ့မယ်။ ဘရွှေကို မကျေနပ်သူက ဓားနဲ့ထိုးတယ်။ နှစ်ချက်ထိုးပြီးပြီ။ သုံးချက်မြောက်မှာ ရဲကဥပဒေနဲ့မညီဘူးပြောလို့ ရပ်လိုက်တယ်။ ဒါဆိုအဲ့ဒီလူထိုးခဲ့တဲ့ ယခင်ကနှစ်ချက်အတွက် အရေးမယူဘဲနေမလား?


ဒါတွေဟာ တရားဥပဒေစိုးမိုးမှုအတွက် စဉ်းစားစရာတွေပါ။ ယခုတောင် Myanmar Now ကျေးဇူးကြောင့်သိခွင့်ရတာဖြစ်ပြီး အခြားသတင်းဌာနတွေက နှာစေးနေတာပါ။ ဒါဆို NLD အစိုးရက ဘာလုပ်နေလဲ။ ယခုလို NLD အစိုးရတက်လာလို့ ဦးပိုင်ကနေ အလုပ်ထွက်တာ စဖြစ်လာတာပါ။ ရဲလဲ ထောင်သုံးနှစ်ပေါ့။ ဒါက NLD အစိုးရဖြစ်နေလို့ ပထမမှန်လာတဲ့ ခြေလှမ်းပါ။ ဒါပေမယ့် စာရေးသူတို့ လိုချင်တဲ့အဆင့်တော့ မရောက်သေးပါ။ စာရေးသူကတော့ ယခုနိုဝင်ဘာရွေးကောက်ပွဲမှာ NLD ကိုဆက်မဲပေးပြီး ဆက်တွန်းပါမယ်။ ဒါဆိုရင် NLD က ၂၀၂၁ မှာ ယခုထက်ပိုကြမ်းကြမ်း ကိုင်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

News Source: Myanmar Now

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page