top of page
Search

ဥပဒေရဲ့အထက်မှာ သာဝနဲ့ ဝန်ကြီးချုပ်လောင်းရဲရဲရှိလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 11, 2020
  • 2 min read

ree

မြန်မာပြည်မှာ ခင်ညွန့်လက်ထက် ဘရွှေမန်းလက်ထက် ခေတ်စားခဲ့တာက ဥပဒေအထက်မှာ ဘယ်သူမှမရှိရဆိုတာပါ။ ဒါပေမယ့် ဒါကိုအကောင်အထည်ဖော်ရာမှာတော့ အားနည်းခဲ့ပါတယ်။ NLD အစိုးရလက်ထက်မှာတော့ သတင်းသမားများက ထောက်ပြလာကြပါတယ်။



ပထမက ကွီးက လှိုင်သာယာမှာ ဆင်းရဲသားတွေကို အစိုးရကိုယ်စား သွားပေးတာ မှတ်မိကြပါသလား? ဒါက အစိုးရထောက်ပံ့တာကို ဆင်းရဲသားတွေထံရောက်အောင် အိမ်တိုင်ရာရောက် သွားပို့တာနော်။ အစိုးရအလုပ် function of the state ကို သွားလုပ်တာ။ အဲ့ဒီတုန်းက ကိုဗစ်ကူးမယ်ဆိုပြီး အော်လိုက်တဲ့ မီဒီယာတွေ အချို့ အမတ်အချို့တောင်ပါခဲ့ပါတယ်။ ဒါက သူတို့ရဲ့ ကွီးဖြိုးရဲ့ လူထုထဲ ကိုဗစ်ကာလမှာဆင်းလို့ ဝေဖန်ခဲ့တာပါ။ ယခုအချိန်မှာ ကွီးဖြိုးက ဆင်းမပေးဘဲ ဗဟိုအစိုးရက ထွေအုပ်ကတစ်ဆင့် ထောက်ပံ့ကြေးပေးခိုင်းရာမှာတော့ ထွေအုပ်ဝန်ကြီးနဲ့ ထွေအုပ်ဌာနရဲ့ ခေါင်းဆောင်မှု၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာကြောင့် ပြည်သူတွေက အုပ်စုလိုက် ဆူပူမှုနီးပါး ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ထွေအုပ်ဝန်ကြီးဟာ မိမိစီမံခန့်ခွဲမှုညံ့တာကို DASSK ထံမှာ ဝင်မခံဘဲ မျက်နှာပြောင်စွာနဲ့ ရပ်ကျေးထွေအုပ်ကိုလွှဲချခဲ့ပါတယ်။


နောက်ကွီးဖြိုးက ဗိုလ်တထောင်ဘုရားကို အလုပ်သမားတွေအလုပ်ပြန်လုပ်နိုင်ဖို့အတွက် ဘုရားပြင်ဆင်မှုပြန်စရာမှာလဲ လူတွေစုလာတာကို သတင်းဌာနပေါင်းစုံနဲ့ ဖွတ်အကောင့်များကဖွပြီး NLD ကပြောခွင့်ရသူတွေကတောင် ဝိုင်းပြောကာ သတိပေးကြောင်း ဘာညာ ကြေညာကြတာ အားလုံးသိမှာမှတ်မိမှာပါ။ သက္ကဖွတ်ညိုတို့ကလဲ ဒါက ရောဂါကူးစက်မှုကို မြင့်စေတယ် ဘာညာပေါ့။ သူလုပ်တာဟာ အစိုးရပွဲဖြစ်ပြီး function of the state ပါ။ ဒါကို စာရေးသူက ဗိုလ်တထောင်ဘုရားနဲ့ Notre Dame ပြင်တာ အမှားလား ဆိုပြီး ဆောင်းပါးရေးခဲ့ပါတယ်။ “https://www.myattunoo.com/post/ဗ-လ-တထ-င-ဘ-ရ-န-notre-dame-ပ-င-တ-အမ-လ” သူ့ကိုဝေဖန်သူများဟာ သာဝက ဘုရားတွေလိုက်ပင့်တာ ပွဲတွေလုပ်တာကိုတော့ မဝေဖန်ခဲ့ပါ။ ဒါဟာ တိုက်ဆိုင်မှုလား? သူက သတင်းစာရှင်းလင်းချိန်မှာလဲMRTV ကနေ သူပြန်ရှင်းတာကို မလွှင့်ရလို့ ပိတ်ထားခဲ့ပါတယ်။ နောက်ဆုံးသတင်းစာရှင်းလင်းပွဲမှာသတင်းထောက်ကမေးပြီး ဇော်ဌေးက ရှင်းလင်းချက်တောင်းထားတယ်လို့ ပြန်ဖြေခဲ့ပါတယ်။နောက်ဆုံး ကျော်ဇေယျနဲ့ ဖွတ်တွေက အယုံအကြည်မရှိအဆို တင်သည်အထိပါ။


ယခုလာပါပြီ။ ရန်ကုန်ဝန်ကြီးချုပ်လောင်း ရဲရဲက သူ့စာအုပ်ကို မိတ်ဆက်ဆိုပြီး ဒဂုံမြို့က စာကြည့်တိုက်မှာ လက်မှတ်ထိုးပွဲလုပ်ပါတယ်။ လူများစွာတက်ခဲ့ပါတယ်။ တစ်ပူးကတော့ သတင်းတင်လိုက်ပါတယ်။ ဒါပေမယ့် အဘသားရော၊ ဘယ်အစ်မသားကမှ မဖွကြပါ။ ယခုအချိန်က ကွီးလုပ်တဲ့ မေလကလို ကိုဗစ်ဖြစ်နှုန်းတက်ချိန်မဟုတ်သေးပါ။ ဘာကွာလဲဆိုတော့ ယခုဦးရဲလုပ်တာက တိုင်းပြည်အကျိုးအတွက်မဟုတ်ဘဲ ကိုဗစ်ရောဂါဖြစ်နေချိန်မှာ မိမိကိုယ်ကျိုးအတွက် လူစုလူဝေးနဲ့ စာအုပ်ထွက်ရောင်းတာပါ။ သူက စီးပွါး​ရေးသမားမိုလို့ မိမိအကျိုးအတွက်သာ ကြည့်တာလဲ ဖြစ်နိုင်ပါတယ်။


ဘာလို့သတင်းသမားအများစုကမဖွလဲဆိုတော့ ယခင်ကရေးခဲ့သလိုဘဲ သူတို့တိုက်ပိုင်ရှင် ခရိုနီတွေကသူနဲ့ မကင်းလို့ပါ။ ဒါတင်လားဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနကလဲ ဘာသံမှမထွက်ရဲသလို ပါတီကလဲ ဘာသံမှ မထွက်ရဲပါ။ ဖွတ်တွေကလဲ သူတို့ဖွတ်ကြီးရဲ့ ပါတနာမိုလို့ အသံမထွက်ပါ။ ဒါဆိုပြည်သူတွေကတိုင်လား? တိုင်ပါတယ်။ PPP က လက်ရှိ ဒဂုံကိုယ်စားလှယ် ဦးကျော်ဇေယျကြီးနဲ့ ဒေါက်ခိုင်တောင် အသံမထွက်ရဲပါ။ ထွေအုပ်နဲ့ ကိုဗစ်အတွက် တာဝန်ရှိတဲ့ ကျန်းမာရေးဝန်ကြီးကတော့ သူ့ကိုဘာ့ကြောင့်အရေးမယူသေးလဲဆိုတာ စဉ်းစားစရာပါ။ ဒါဆို တပ်မတော်က ဘာလို့ကြည့်နေလဲ။ သူ့ယောက်ဖအရှိန်ကရှိလို့ စရဖအကောင့်တုများကလဲ ငြိမ်နေပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဘယ်သတင်းထောက်ကမေးပြီး ကိုဇော်ဌေး ဘာပြန်ဖြေမလဲ စောင့်ကြည့်လိုက်ပါမယ်။


စာရေးသူရဲ့ ရင်ထဲမှာတော့ ဥပဒေအထက်မှာ သာဝနဲ့ ဦးရဲရှိနေပုံပါလို့ ပြောပါရစေ။ အမြင်မတူရင်Sorry ပါ။


Note to Facebook: This article is about a public figure who break the COVID rule for his personal business and who is more likely to be next chief minister of Yangon U Ye Min Oo. I am urging the government of Myanmar led by Daw Aung San Suu Kyi to take action against him. It is in the public interest and therefore please don’t take it down if the government of Myanmar Facebook team asked you to do so.

News Credit: Eleven Media




 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page