top of page
Search

အသက်သေသည်အထိ အမိန့်နာခံကြလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 6, 2024
  • 1 min read

အသက်သေသည်အထိ အမိန့်နာခံကြလား?

ပုံမှန်စစ်ပွဲတွေမှာ ရာထူးအဆင့်ဆင့်အလိုက် သူ့အလုပ်သူ လုပ်ရပါတယ်။ ဗိုလ်ကြီးမှစလို့ ဗိုလ်ချုပ်အထိပေါ့။ ဥပမာ ကရင်မှာတိုက်တာဆို စစ်ဆင်ရေးအထူးအဖွဲ့မှူး ညွန့်ဝင်းဆွေရှိခဲ့ပြီးသားပါ။ သူက ဒုဗိုလ်ချုပ်ကြီးအဆင့်ပါ။ ဒါပေမယ့် မအလ စိုးဝင်းကို လွှတ်ခဲ့ပါတယ်။ မြဝတီမှာ တပ်မမှူးအဆင့်လွှတ်ထားတာ သတိထားမိမှာပါ။ ပုံမှန်က မြဝတီလောက်မြို့ဟာ ဗျူဟာမှူး ဗိုလ်မှူးကြီးလောက်ဆိုရပါပြီ။ တပ်မမှူးအဆင့်အထိ ဆင်းရတာက အောက်ကလူတွေ လက်နက်မချနိုင်အောင်ပါ။ ဒါကြောင့် ရှမ်းမြောက်မှာ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်ချုပ်တွေ သွားစုတာ အားလုံးသတိထားမိမှာပါ။ ဗိုလ်များလို့ အမိန့်ပေးစနစ်တွေကို ပိုရှုတ်ထွေးသွားစေပါတယ်။ ယခုက လားရှိုးဟာ တရုတ်မကယ်ရင် ကျမှာပါ။ သိန်းစိန်အပြန်မှာ မအလနဲ့ ဘရွှေကို သူကိုယ်တိုင်သွားတွေ့ပြီး အစီရင်ခံခဲ့ပါတယ်။ သူတို့ချင်းတွေ့ပြောလို့ ဘာလဲမသိပါ။ အဆိုပါ တွေ့ဆုံမှုအပြီးမှာ မအလက ဒုချုပ်ကို တရုတ်ခရီးစဉ်မတိုင်ခင် လားရှိုးခံစစ်ကို သွားရောက်စစ်ဆေးကြီးကြပ်ဖို့ ပြောခဲ့ပါတယ်။ သူက မသွားခဲ့ပါ။ ဒါကြောင့် အမိန့်က သူ့အောက်က မောင်မောင်အေးထံ ရောက်လာတာပါ။ စစ်ဆင်ရေးအထူးအဖွဲ့မှူးဟာ ရှမ်းမြောက်မှာ စစ်ရှုံးခဲ့သူမိုလို့ သူ့ဗျူဟာက ရှုံးဖို့များမှာပါ။ မအလက စိုးဝင်းကို မြဝတီစစ်မီးကို ရပ်နိုင်ခဲ့လို့ အထင်ကြီးတာလဲ ဖြစ်နိုင်သလို တရုတ်မသွားခင် ထိုးကျွေးဖို့ ကြိုးစားတာလဲ ဖြစ်နိုင်ပါတယ်။  သေချာတာကတော့ တပ်ထဲကလူတွေဟာ သူတို့မသေဘဲ ပိုက်ဆံရနိုင်တဲ့ အာဏာသိမ်းတာကို အထက်အမိန့်အရဆိုပြီး လုပ်ရဲပေမယ့် သူတို့သေဖို့သေချာတဲ့ လားရှိုးကိုတော့ အထက်အမိန့်အရ မသွားဘူးဆိုတာပါ။ သူတို့က အရူးပါးတွေပါ။ မအလက စိုးဝင်းကို တရုတ်ကမြောက်ပေးတာ မလိုလားလို့ လားရှိုးသွားခိုင်းတာလဲ ဖြစ်နိုင်ပါတယ်။ မအလတပ်ဟာ သူတို့သေမှာကိုတော့ ကြောက်ကြပါတယ်။ စစ်ပွဲက ဘယ်တော့ရပ်မလဲဆိုတော့ မအလနဲ့အဖွဲ့ ဟိုကပြောတာလုပ်မယ်ဆိုရင်တော့ ရပ်သွားနိုင်ပါတယ်။ မအလက ပြောစကားနားမထောင်ရင်တော့ မန္တလေးနဲ့ နီးလာမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page