top of page
Search

အလှည့်ကျရင် မနွဲ့ကျစတမ်း

Writer: Myat Tun Oo
Myat Tun Oo
Nov 4, 2021
1 min read

မအလနဲ့ သူရဲ့ဖက်ဆစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေ လက်နက်မဲ့ ပြည်သူတွေကို ရက်စက်စွာပစ်သတ်ပါတယ်။ ဖမ်းပါတယ်။ ဖမ်းလိုသူကို မမိရင် မိန်းမကိုဖမ်း၊ သားသမီးကိုဖမ်း၊ အိမ်ကိုသိမ်းတာတွေ လုပ်လာပါတယ်။ သူ့ဖက်ဆစ်တပ်ကိုတိုက်ရင် ရွာတွေကို မီးရှို့ပါတယ်။ ဒါတွေဟာ ပြဿနာကို ဖိတ်ခေါ်နေတယ်ဆိုတာ ထင်ရှားပါတယ်။ NLD ပါတီရှုံးတွေကို မီးရှို့တာ၊တိုက်ခိုက်တာကလဲ မအလရဲ့ စရဖပါဘဲ။ ပြည်သူကို မိုက်ကြေးခွဲပြီး သေရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီး လက်နက်မဲ့ ပြည်သူကို စိန်ခေါ်ခဲ့ပါတယ်။ ဒါတွေဟာ သူကျဆုံးဖို့ အကြောင်းတွေထဲက တစ်ခုဖြစ်လာနေပါပြီ။

ယခုအချိန်မှာ မအလတပ်ဟာ စစ်ကိုင်းမှာ အသေအများဆုံးပါ။ ဒုတိယက ချင်းပြည်နဲ့တတိယက ကရင်နီပြည်နယ်ပါ။ ဒါတွေဟာ စစ်ဆေးရုံတွေထဲကို ဝင်လိုက်ရင် သိပါလိမ့်မယ်။သေသူအရေအတွက်က ရာချီရှိပြီး ခြေပြတ်လက်ပြတ် ယခုလပိုင်းဖြစ်တာက ၂၀၁၄ ကနေ၂၀ ၁၉ ငါးနှစ် စုစုပေါင်းထက် ကျော်နေပါတယ်။ ဒါဆိုရင် PDF တွေရဲ့ လက်သံပြောင်မှုကိုသိနိုင်ပါတယ်။

မအလဖက်ဆစ်တပ်ဟာ NUG ရဲ့ ဝန်ကြီးအိမ်တွေ လူကြီးအိမ်တွေကို ချိတ်ပိတ်တာတွေလိုက်လုပ်နေပါတယ်။ ဒါက သူ့ကိုပြန်အတိုက်ခံရဖို့ ဖိတ်ခေါ်နေသလိုပါ။ ပုံမှန်စဉ်းစားကြည့်ရင် NUG လူကြီးအိမ်က လူအနည်းစုဖြစ်ပြီး သူ့တပ်က ဒုဗိုလ်မှူးကြီးအထက် ခိုးထားသူတွေက အများစုပါ။ ဥပမာ အာချောင်တဲ့ ကျော်ဇေယျလို သူခိုးမျိုးရဲ့ အိမ်ဟာလဲ ပြည်သူလက်တုန့်ပြန်တာ ခံရနိုင်တယ်ဆိုတာ သိသာပါတယ်။ မအလက ဒီမိုတွေက စာနာတတ်တယ် မလုပ်ပါဘူးဆိုတဲ့ အတွေးအခေါ်နဲ့မိုက်နေတာပါ။ နောက်တစ်ခုက တကယ်တိုက်နေတဲ့လူအချို့ကသူတို့ တပ်ထိပ်ပိုင်းက လူတွေရဲ့အိမ်တွေ ပိုင်ဆိုင်မှုတွေကို မသိတာလဲ ပါပါတယ်။ ယခုအချိန်မှာ သတင်းဖလှဲခွင့်ရလို့ ပိုသိလာကြပါတယ်။

NLD ရုံးတွေကို မအလဖက်ဆစ်အဖွဲ့က မီးရှို့တိုက်ခိုက်ပေမယ့် မအလ မသိတာက ကြံ့ဖွတ်ရုံးတွေဟာလဲ အတိုက်ခံရသွားနိုင်တယ်ဆိုတာပါ။ NLD ဟာ မအလတက်နေသရွေ့ရွေးကောက်ပွဲမဝင်ရနိုင်လို့ သူ့ရုံးအဖျက်ခံရလဲ ပြဿနာမရှိပါ။ ဒါပေမယ့် မအလနဲ့မဟာမိတ်ပါတီတွေဟာ ဟန်ပြအနေနဲ့ ရွေးကောက်ပွဲဝင်ရမှာမိုလို့ သူတို့ပါတီရုံးတွေဟာ NLD လို အဖျက်ခံရရင် ပြဿနာရှိပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ဒီနေ့အသတ်ခံရသူဟာ အရပ်သားဆိုပေမယ့် စစ်တပ်အတွင်းစည်းကပါ။ ဒါက အဘတို့အတွင်းစည်းမှာလဲ လုံခြုံရေးပြဿနာ ဖြစ်လာနေပါတယ်။မအလဟာ ယဉ်တန်းနဲ့ လုံခြုံရေးယူ သွားလာနေပေမယ့် သူ့အောက်က ယဉ်တန်းမရှိသူတွေကတော့ ဘယ်နေ့သေမလဲ စောင့်နေရပါပြီ။ ဒါ့အပြင် ဒီလူအပစ်ခံရတာက မြန်မာပြည်ကိုရင်းနှီးမြုပ်နှံပြီး အချောင်နှိုက် စီးပွါးရေးလုပ်လိုသူတွေကို သတိပေးလိုက်သလိုလဲ ဖြစ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှာ စစ်တပ်ထဲက ရာဇဝတ်မှုကျူးလွန်နေတဲ့ ဒုဗိုလ်မှူးကြီးအထက်မိန်းမတွေ သားသမီးတွေဟာ သူတို့ပြုတဲ့ကံအရ တန်ပြန်ခံရနိုင်ပါတယ်။ ကံဆိုတာ အလုပ်ပါ။ သူတို့မီးရှို့တာကို ခွင့်လွှတ်တဲ့ခေတ်က ကုန်သွားတာ သေချာခဲ့ပါပြီ။ စာရေးသူ မနက်က၆ နာရီတင်အပြီး ဖြစ်တာက တိုက်ဆိုင်တာပါ။ သူတို့အချင်းချင်း လုပ်ကြံတာလဲ ဖြစ်နိုင်ပါတယ်😀။

အချို့က သူတို့ကို ပစ်မှတ်ထားသင့်လားလို့ မေးကြပါတယ်။ မအလက ဘာမှမဆိုင်တဲ့ ပြည်သူတွေကို ပစ်မှတ်ထားနေချိန်မှာ ယခုဟာက မအလ လူသတ်လက်နက်ဝယ်နိုင်အောင်ထောက်ပံ့ငွေရှာပေးသူမိုလို့ ဘာမှအငြင်းပွါးစရာမရှိပါ။


မအလနဲ့အဖွဲ့ကို ပြောလိုတာက အလှည့်ကျရင် မနွဲ့ကြစတမ်းပါလို့။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Nov 04, 2021

ဦးမြတ်!!နျူတန်၏ အင်နားရှား(inetia)ကို အ‌ေြခခံသောခံသော နိယမ မှန်လျက်ပါ။ ဒြဗ်အမှုန် ဝတ္ထုတစ်ခု၏ နေမြဲနေလိုသော ဆန္ဒ/အင်နားရှား။

ရပ်နေလိုသော ဝတ္ထုက ရပ်နေမည်။ရွေ့လိုသောဝတ္ထုက ရွေ့နေမည်။


F = m a ရပ်တည်ငြိမ်သက်‌ေနလိုသော ဝတ္ထုဒြဗ်ပေါ်သို့ ပြင်ပ အသားတင်အား သက်ရောက်ခဲ့လျှင် ဝတ္ထုဒြဗ်သည် အလျင်ပြောင်းနှုန်း(အရှိန်/a)ဖြင့် ရွေ့လျားမည်။

ငြိမ်သက်ကြည်လ ််််််််််််််််််််််််််််််််််််််််််််််််််််််င်နေတဲ့ ကန်ရေပြင် ကန်ဘောင်ပေါ်က ခဲပစ်ချက ကမ်းစပ်ကို လှိုင်းပြန်ရိုက်သည်မှာ ငြင်းမရပါ။ ပစ်တဲ့သူ လက်အဆ ပြင်းသလောက် လှိုင်းပြန်ရိုက်၍ ကန်ရေပြင် မငြိမ်သက် လှိုင်းပွက်ကာ ရေနောက်ရပါတော့သည်။

ပတ်ဝန်းကျင်ကတော့ တော်တော် ကမြင်းတဲ့ အကောင်ဟု သမုတ်ကြပါသည်။ ကန်ရေပြင်နှင့် ကြာအလှ တွဲဖက် ပနံရနေတာကို ကြည့်သူတွေက တပြုံတမ။ မြင်ကွင်းအလှ ပျက်ယွင်းရတာ ဒင်း(သင်း)ကြောင့်။ အနေ မတတ်။

အထိုင် မတတ်လျှင် မေတ္တာတော် တုန်း၍

လူမုန်းများလှပါသည်။

နောက်ဆုံးတော့ မိမိပြုသည့်အမှုရဲ့အကျိုး အတိုးနဲ့ ခံစားရပါသည်။

ထန်တလန်မှာ လောင်တဲ့ မီး။ ကူးစက်နည်းသုံးနည်းထဲက လျှောက်ကူး စီးကူး ဖြာကူး တနည်းနည်းနဲ့ကူးပြါပီ။

မီး(အပူ/လှိုင်း)သည် စွမ်းအင် တစ်မျိုးပါ။ စွမ်းအင်ကို ဖျောက်ဖျက်၍ မရကြောင်း သက်သေကောင်းများက ပြလျက်။

အကြောင်းတွေ ပေါင်းစုလာလျှင် အကျိုးဆိုသည်မှာ ပေးရမြဲပါ။

ယခင်ရေးခဲ့သလို တပါးသူ မျက်ရည်ကျပြီးမှ စားရတဲ့ ထမင်း၊ လျှာ အပူ လောင်ပါသည်။

ရှေးက မကောင်းလို့

ခု မကောင်း

နောင်လည်း မကောင်းနိုင်ပြီ။

ပုရိမာ ပုရိမာ အကုသလာဓမ္မာ

ပစ္ဆိမာနံ ပစ္ဆိမာနံ အကုသလာနံဓမ္မာနံ

အာသေဝန ပစ္စယေန ပစ္စယော။

ဥပမာ ~သနပ်ခါး လိမ်းသကဲ့သို့။ နေ့စဉ်ထပ်ခါ ထပ်ခါ လိမ်းနေလျှင် သနပ်ခါးနံ့အသားထဲ စိမ့်ဝင် စွဲ သကဲ့သို့။

သို့ပါ၍…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page