top of page
Search

အရူးပါးများသောအခါ

Writer: Myat Tun Oo
Myat Tun Oo
May 16, 2020
1 min read

ပုံမှန်သူတွေတောင် DASSK အိမ်သိဖို့မလွယ်ပါဘူး။ အရူးက အိမ်လိပ်စာသိ၊ ကိုဗစ်ဖြစ်ချိန်မှာ ကားမောင်းပြီး ရန်ကုန်ကနေ နေပြည်တော်အဝင်မှာလဲ Q မထိဘဲရောက်သွားတယ်။ ဒီအရူးက ဂျပုအိမ်တော့ မသွားဘူး။ အရူးပါး။

မြန်မာပြည်မှာ ဓာတ်ခဲနဲ့ တပ်ဖြစ်တယ်။ ဓာတ်ထဲက ဝန်ကြီးချုပ်ကို လုပ်ကြံတယ် အရူးတွေက မအော်ဘူး။ တပ်က ပစ်တယ် တပ်ကို မအော်ဘူး။ အရူးတွေက ဘာကိုအော်လဲ အစိုးရမှာ တာဝန်ရှိတယ်။အရူးပါးတွေ။

သတင်းသမား တပ်ကမသွားရနေရာကိုသွားတယ် အကြမ်းဖက်သမားနဲ့ သွားဆက်သွယ်တယ်။ သူတို့အဖမ်းခံရရင် အစိုးရကို ထဆဲရော။ သူ့အဖေတပ်ကို မဆဲရဲဘူး။ အရူးပါးတွေ။

TNLA ကမေမြို့ဝင်ပစ်တယ်။ ဘယ်သူမှ မရှုတ်ချဘူး။ အဲ တပ်ကလိုက်ပစ်လို့ သူတို့ရွာထဲမှာ ပိတ်မိနေရင် အစိုးရကိုဆဲတယ် အော်တယ်။ အရူးပါးတွေ။

တစ်ခုခုဖြစ်ရင် ဝေဖန်ရေးသမားက အစိုးရကိုသာ ဝေဖန်တာ။ ဟိုတိုင်းရင်းသားအသံ လူ့အခွင့်အရေးသမား ဘာညာကလဲ အစိုးရမှာ ဘယ်လောက်သာအာဏာရှိတယ်ဆိုတာကို သိသိကြီးနဲ့ အစိုးရကိုသာဝေဖန်တယ်။ အားလုံးက အရူးလို အရူးပါးတွေ။

မြန်မာပြည်မှာက အရူးပါးလေးတွေ များပါတယ်။

ဒီအရူးမကိစ္စက သာမန်မှာ အရူးလို့ထင်ရပေမယ့် လုံခြုံရေးစည်းက အကြိမ်ကြိမ် ကျိုးပေါက်နေပုံပါ။ဟိုဌေးအောင် လေယဉ်ပေါ်မှာတွေ့နိုင်ကထဲက လုံခြုံရေးစည်းကျိုးတာကို စစ်ဖို့သတိပေးထားခဲ့ပြီးပါပြီ။

အမှန်က အရူးမကိုစစ်သူကို ဟိုဓာတ်ခဲစစ်သူတွေထံပို့လိုက်ရမှာ။ အရူးက ဘရွှေနဲ့ ဂျပုထံမသွားတာကအရူးက သူတို့ကို အယုံအကြည်မရှိလို့လား အရူးက သူတကယ်အပစ်ခံရမယ့်နေရာကို အရူးပါးမိုလို့သိလို့ မသွားတာလား မေးစရာတွေအများကြီး ကျန်ခဲ့ပါတယ်။ အခြားအချိန်မှာ သွားလို့ရတာကိုလက်ခံပေးလို့ရနိုင်ပေမယ့် ကိုဗစ်ကိစ္စ ညမထွက်ရအမိန့်တွေ Q ဂိတ်တွေရှိတဲ့ နေပြည်တော်ထဲကို ဝင်လာနိုင်တာကတော့ အရူးပါးဝလွန်းပါတယ်။

အတိုင်ပင်ခံရဲ့ လုံခြုံရေးကို ဘရွှေလုံခြုံရေးလို အိမ်နဲ့ အဝေးကြီးကထဲက လမ်းပိတ်ထားသင့်ကြောင်းတော့ ပြောပါရစေ။ အတင့်မရဲပါနဲ့။

ယခုလိုနေတာက DASSK နားမှာ inner perimeter လုံခြုံရေးသာရှိပြီး intermediate နဲ့ outer perimeter လုံခြုံရေးက သမ္မတအိမ်လိုမကျယ်လို့ ရှိမှာမဟုတ်ပါ။ ဖြစ်သင့်တာကတော့ လက်နက်ကြီး ပစ်နိုင်လောက်တော့ ရှော့တိုက်လို့ ရနိုင်လောက်တဲ့ နေရာဝန်းကျင်လောက်ကို အပြင်လုံခြုံရေးလုက်ထားသင့်ပါတယ်လို့ အကြံပြုပါရစေ။

အရူးတွေကြောင့် တိုင်းပြည်ဒုက္ခမရောက်ပါစေနှင့်။

Cartoon credit: original uploader

 
 
 

Recent Posts

See All
PRF ကိစ္စ

PRF ကိစ္စလေးပြောချင်တယ်။ အားလုံးသိတဲ့အတိုင်း PRF ကိုမလှူအောင် အဖွဲ့ခွဲထောင်တာ၊ အဖွဲ့ခွဲ အလှူခံတာ၊ NUG သိက္ခာကျအောင်လုပ်တာ စတာတွေနဲ့ မျိုးစုံလုပ်ခဲ့တာ အားလုံးသိမှာပါ။ PRF ဟာ စရဖအတွက် ထိုးဖောက်ရအခက်ဆုံး

 
 
 

2 Comments


U Myint Soe Oo
U Myint Soe Oo
May 17, 2020

ဦးမြတ်! ဆောင်းပါးကို ဖေ့စ်ဘွတ်မှာတင်ထားတာ စောင့်ကြည့်မိပါသည်။အောက်က ကွန်မန့်တစ်ချို့မှာ ဒုတိယအာဇာနည်နေ့ဖြစ်ရမှာ ။ထပ်ကွန့်ပြီး ညွန့် လိုက်တာက. ရုံးပိတ်ရက်တစ်ရက် ထပ်တိုးရမှာ။ ဒီလို လူမျိုးတွေရှိနေပါလား ပေါ့။ ဝန်ထမ်း? အမှောင်နေ အချောင်စား အကုသိုလ်သမားများ ။ ရှေ့ကရေးခဲ့သမျှကို (ဆန့်ကျင်ရန် **ဒါပေမယ့်**ကို သူ ဘွဲ့ရမှန်းသိအောင်ကြွားတဲ့ အနေနဲ့ ဗမာစာ ဒါပေမယ့်ကို မသုံး) but ဆိုပြီးဆက်ရေး။ပုတ်ခတ်ချင်လို့ (ကျွမ်းကျင်တတ်မြောက်မှုစွမ်းရည်ကို ပြောလိုဟန် အနေနဲ့) အဖွါးကြီးရဲ့ စဂေးကိုကြည့်လိုက်တော့ တဲ့။ ဗမာလိုတောင် အဖြစ်မရှိတဲ့ ဘွဲ့ရတစ်ဦးက ။ သည်မိုးသည်လေ သည်လူတွေကြောင့်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဟာ ရာဇဝင်သမိုင်းမှာ အစဥ်အလာ ရိုင်းရိုင်းနဲ့ ကျန်ရစ်နေခဲ့ရပါပြီ။ ခု လိင်ပိုင်းဆိုင်ရာအသိပညာ ပြဌာန်းတဲ့အပေါ် (အကြံပြုမပါ)ဝေဖန်ပုတ်ခတ်အမှုအပေါ် ယထာဘူတအမြင်နဲ့ ပြည်သူတစ်ဦးတင်လိုက်တာက။ -င်-ှိုင် / -ိန်း​​​​ေါ င် အောက်ပိုင်း ပျက်လုံးတွေကို သဘောကျနေသူတွေက လိင်အသိပညာပေး ကန့်ကွက်တာ ဒီတိုင်းပြည်။ ပူအိုက်လွန်းလို့ မမြင်အပ်တဲ့အရာမှန်သမျှ အစွမ်းကုန် ယုတ်မာစွာဖေါ်ပြပေးတာကို သွားရေတမြားမြားနဲ့ကြည့်နေသူများလည်း ပါကြပါသည်တဲ့။ ဒါကြောင့်လည်း ဆရာတော်ကြီးတစ်ပါးက ရှေးခေတ်မင်းသားကြီးတစ်ပါးကို တတိုင်းပြည်လုံး မီးပတ်ရှို့နေသူကိုးဟု မှတ်ချက်ပြုဘူးခဲ့ပါသည်။ ဦးမြတ်လည်း သင်ယူခဲ့ဘူးမှာပါ။ သီတင်းကျွတ်ပြီ မီးပုံးပျံ လွှတ်ရအောင် မီးစာကို ရေနံဆွတ်ပါ #မိုးလွတ်ပါမည်လား#။ ခုနောက်ပိုင်း ရာသီဥတုကလည်း #အစွန်းရောက်ရာသီဥတု#ဖြစ်လာပါပြီ။ ပုလဲလုံးမျှမဟုတ်သော ခဲ(ဂဲ)လုံးမိုးသီးတွေက ကြွေ။ အိမ် ခေါင် တွေပေါက်။ လေပြင်းတွေကတိုက် အလင်းရောင်ပေးစေတဲ့ လျှပ်စစ် တိုင်တွေက ကျိုး။ အလင်းရောင်မရတော့ အမှောင်ကျ။ အန္တရာယ်ကြီးလွန်းလှပြီး ဝရဇိန်လက်နက် လောင်မီးစက်ကဲ့သို့သော မိုးကြိုးပစ်မှုတွေကများ။ အကာအကွယ်မရသူများကို မညှာတာ မသနား ပစ်ရက်လိုက်တာများ။ မိုးလွတ်အောင် လွှတ်ဖို့ ရက် ရွေး ကြပါစို့။ အမြင် ကြည်၍ စိတ် …

Like

Aung Myint
Aung Myint
May 17, 2020

ပြီးခဲ့တဲ့အပတ်က ဝန်ကြီးဌာနတစ်ခုကို အလုပ်ကိစ္စနဲ့ နေ့ချင်းပြန်သွားခဲ့ပါသေးတယ် လိုအပ်တဲ့စာရွက်စာတမ်းအပြည့်အစုံနဲ့ PPE မဝတ်ရုံတမယ် အကာအကွယ်အပြည့်အစုံနဲ့တောင်မှ ဂိတ်မှာအချိန်အတော်ကြာစစ်ဆေးမှုခံယူပြီး မေးခွန်းပေါင်းများစွာကို စိတ်ရှည်လက်ရှည်ဖြေ‌ခဲ့ ရတယ်။ ဒါ့အပြင် ဝန်ကြီးဌာနမှ ခေါ် စာ ကျန်းမာရေးထောက်ခံချက် အစရှိတဲ့စာရွက်စာတမ်းအားလုံးကို မိတ္တူပေးခဲ့ရတယ် ။ နောက်တစ်ခါ မြို့ထဲဝင်မယ့်သူထဲကတစ်ယောက်ယောက်ရဲ့ မှတ်ပုံတင်(သို့)ယာဉ်မောင်းလိုင်စင် မူရင်း နဲ့အတူ ကားနဲ့ပတ်သက်တဲ့ အထောက်အထားလဲပြ ရတယ် ။ ပြီးမှသာ တစ်ဦးချင်းရဲ့မှတ်ပုံတင်နဲ့လူကိုတိုက်ဆိုင်စစ်ဆေးခြင်း ကိုယ်အပူချိန်တိုင်းတာခြင်း အစရှိတဲ့ လုပ်ငန်းဆောင်တာများနဲ့ နာရီဝက်နီးပါးလောက်အချိန်ကြာပြီးမှသာ နေပြည်တော်ထဲဝင်ခွင့်ရ ခဲ့တာပါ ။ ရူးတာလား ? ထူးတာလား ? ဆိုတာတော့ မသိတော့ပါဘူးဗျာ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page