top of page
Search

အရေးတော်ပုံ အောင်မြင်နေလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 3, 2021
  • 1 min read

ဒီနေရာမှာ ကြောက်တတ်သူများက သူတို့မှာလက်နက်ရှိတယ် သွားမလုပ်နဲ့ဆိုပြီး ခြိမ်းခြောက်ကြပါတယ်။ ကြောက်စိတ်ဆိုတာထက် သေမှာကို ကြောက်ကြပါတယ်။ လူ့သဘာဝပါ။ ဒါပေမယ့် အသက်ရှင်ပြီး အနာဂတ်မရှိရင်လဲ အလကားပါဘဲ။ ဒီနေ့ စာရေးသူတို့ တစ်နိုင်ငံလုံး လမ်းမတွေအပေါ်မှာ မြင်တွေ့နေရတာတွေဟာ ယခင်က ဘယ်နိုင်ငံရေး လေ့လာသုံးသပ်သူကမှ မထင်ထားခဲ့ဘူးဆိုတာကိုတော့ဝင်ခံရမှာပါ။

ပထမက Gen Z ပါ။ သူတို့တွေကို ဆန္ဒပြပွဲတွေမှာ တွေ့ရတော့ မယုံနိုင်အောင်ပါ။ ယခု သူတို့ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ လုပ်နေတာကို တွေ့ရတာဟာ အနာဂတ်အတွက် အားတက်စရာပါ။ သူတို့ဟာလွတ်လပ်မှုအရသာကို ခံစားခဲ့ပြီးဖြစ်လို့ အာဏာရှင်စနစ်အောက်မှာ အနာဂတ်ပျောက်မှာ မလိုလားကြပါ။ အခြား Gen X, Y တွေကလဲ ပူးပေါင်းနေလို့ ဆန္ဒပြပွဲဟာ မအလက ပစ်ခတ်နှိမ်နင်းနေတဲ့ကြားကဆက်ဖြစ်နေခဲ့ပါတယ်။ မတ်လ ၂၇ ရက်ကျော်အထိ ယခုအင်အားအတိုင်း ဆက်တိုက်ပွဲ ဝင်နိုင်ခဲ့ရင်ပထမအဆင့် မအလမှန်းထားတဲ့ ၂၇ ရက်အပြီး ချေမှုန်းမယ်ဆိုတာကို ကျော်လွှားနိုင်မှာပါ။ တပ်ထဲမှာအမိန့်ကအရေးကြီးလို့ သူ့အမိန့် မအောင်မြင်ရင် ပြည်သူက ပထမအဆင့် အောင်ပွဲခံမှာပါ။


CDM

ကျန်းမာရေးဝန်ကြီးဌာနက CDM အောင်မြင်နေပါတယ်။ ပညာရေးလဲ ပါဝင်နေသလို၊ မီးရထားနဲ့ လူကယ်ပြန်ကလဲ အောင်မြင်နေပါတယ်။ ထွေအုပ်၊ ရဲနဲ့ တပ်ထဲကပါ ဖိအားကြားက ပါဝင်လာနေတာကသပိတ်အောင်မြင်နေတာကို ပြပါတယ်။ ဆရာဝန်တွေဟာ နဂိုကထဲက လစာအပေါ် မှီခိုနေတာ မဟုတ်ပါ။ သူတို့ကို မအလလုပ်တာက လွန်သွားခဲ့လို့တော်ရုံလူတောင် သူ့လက်အောက်မှာ မလုပ်ဖို့ ဆုံးဖြတ်လိုက်တာ တွေ့ရပါတယ်။ ဒါ့ကြောင့် အောင်မြင်ပါတယ်။

နောက်အရေးကြီးဆုံးက နိုင်ငံခြားက သံတမန်တွေပါ။ ကိုကျော်မျိုးထွန်း ဘက်ပြောင်းလာတာဟာCRPH က အာဏာသိမ်းလိုက်နိုင်တာပါ။ သူဟာ ကုလလုံခြုံရေးကောင်စီမှာလဲ စကားထပ်ပြောရဖို့ ရှိနေပါတယ်။ ဆန္ဒပြပွဲတွေ ဆက်ဖြစ်နေရင် မအလက ဆက်ပစ်နေရင် အမေရိကန်က ကုလလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ပိုခိုင်လုံသွားပါမယ်။ ယခင်အမေရိကန်က သံအမတ်တစ်ယေက်နဲ့ ဒီနေ့ဘဲ အမေရိကန်က နောက်သံတစ်ယောက် ဒေါ်မြမြကြည်က CRPH ကို သစ္စာခံသွားပါပြီ။ နောက်လဲဆက်လာအုံးမှာပါ။ ဒါတွေက ပြည်သူရဲ့ အောင်မြင်မှုပါ။ အရေးကြီးပါတယ်။


နိုင်ငံခြားရေး

မနေ့က အမေရိကန်သံအမတ်က မြန်မာပြည်အတွက် ကုလလုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ ရှိတယ်ဆိုတာကို ပြောသွားခဲ့ပါတယ်။ ကိုကျော်မျိုးထွန်း စကားပြောခွင့်ရမှာပါ။ တရုတ်၊ ရုရှားဗီတိုသုံးရင် ရန်သူ၊ မိတ်ဆွေ ကွဲသွားမှာပါ။ မြန်မာဟာ ICC စာချုပ်မှာ လက်မှတ်ထိုးပြီး CRPH က အတည်ပြုခဲ့ရင် နိုင်ငံတကာကနေ မအလနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို ဖမ်းရတာ လွယ်သွားမှာပါ။

မနေ့က စင်ကာပူက မြန်မာအစိုးရကို သမ္မတဦးဝင်းမြင့်ကိုသာ အသိအမှတ်ပြုတယ်လို့ ပြောသွားခဲ့ပါတယ်။ ဒါကို လက်တွေ့ဖြစ်အောင် မြန်မာကအပ်ထားတဲ့ စင်ကာပူမှာရှိတဲ့ နိုင်ငံခြားအရန်ငွေကို မအလက ထုတ်မရအောင် CRPH က ကမ္ဘာ့ရှေ့နေများ အကူအညီနဲ့ ကြိုးစားသင့်ပါတယ်။ ပုံမှန်မှာ အဆိုပါငွေတွေက အစိုးရကပိုင်တာပါ။ မအလဟာ အာဏာသိမ်းသူပုန်အဖွဲ့မိုလို့ သူပိုက်ဆံထုတ်မရအောင် ဥပဒေအရ ဘယ်လိုတားမလဲ စဉ်းစားသင့်ပါတယ်။


နိုင်ငံရေး

CRPH ဟာ အစိုးရဖွဲ့နိုင်တဲ့အထိ ခြေလှမ်းလှမ်းလာနေနိုင်ပါပြီ။ ၁၉၉၀ ကလို တွေဝေမနေပါ။ Dr Sasa ဟာ နိုင်ငံခြားအဆက်အသွယ်ကောင်းလို့ ကုလလမ်းကြောင်းမရလဲ အခြားလမ်းကြောင်းကနေ လာမှာပါ။ အချိန်ဟာ ခံစားနေရတဲ့ ပြည်သူတွေအတွက် ကြာသလို ထင်ရပေမယ့် ကမ္ဘာပေါ်က သံတမန်နှုန်းနဲ့ကြည့်ရင် မြန်ပါတယ်။

မအလဟာ လူတွေကြာရင် မောပြီးရပ်သွားမယ်ဆိုတာနဲ့ အစပိုင်းစောင့်ခဲ့ပေမယ့် မရပ်ချိန်မှာ အင်အားသုံးလာခဲ့ရတာပါ။

ယခုအချိန်ထိကတော့ အရေးတော်ပုံက အောင်မြင်နေပါတယ်။ မြန်မာပြည်ရဲ့ အနေအထားဟာ ဘယ်သူက မိမိလိုချင်တာအတွက် ဘယ်လောက်အထိ စွန့်စားလုပ်ဆောင်လိုလဲဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။

အရေးတော်ပုံအောင်ရမည်။

 
 
 

Recent Posts

See All
သတင်းလုံပါစေ

စွန်လွှတ်ကြိုးဒရုံးတွေ ဗန်းမော်မှာ သုံးနိုင်ရင် ဒရုံးတားစနစ်ကို ကျော်နိုင်မှာပါ။အထဲမှာ ရဟတ်ယာဉ်နောက်ပိုင်း ကျွန်တော်တို့ သေသည်အထိ...

 
 
 
ဝဋ်

ဗျူဟာမှူးကျ မကျ အစပိုင်းမှာ ဘယ်သူမှ မသိပါဘူး။ ပါသွားတာ သေချာပြီး နှစ်စီးမှာ တစ်စီးက အဆက်အသွယ်ပြတ် တစ်စီးက မြေပြင်ပေါ်ဆင်းရပေမယ့်...

 
 
 

1 Comment


Hal Thwin
Hal Thwin
Mar 03, 2021

Good

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page