top of page
Search

အမေရိကန်ရွေးကောက်ပွဲမှပေးသော သင်ခန်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 4, 2020
  • 1 min read

ree

အမေရိကန် ရွေးကောက်ပွဲမှာ ဘယ်သူနိုင်မလဲ စိတ်ပူသူများရှိပါတယ်။

ထရမ့်နိုင်လဲ မြန်မာပြည်အတွက် အားသာချက် အားနည်းချက်ရှိသလို ဘိုင်ဒင်နိုင်လဲ ထို့အတူပါဘဲ။

အမေရိကန်က ပြည်သူတွေအတွက်က ထရမ့်နိုင်နိုင် ဘိုင်ဒင်နိုင်နိုင် သူတို့က သူခိုးတွေ အဓမ္မသမားတွေမဟုတ်ပါ။ သူတို့က မူဝါဒသာကွဲပြီး ဓမ္မနဲ့ အဓမ္မ ရွေးရတာ မဟုတ်ပါ။

မြန်မာပြည်မှာက သူခိုးသာဝတွေသာ နိုင်သွားခဲ့ရင် တိုင်းပြည်ဟာ အဓမ္မလက်ထဲကိုရောက်သွားမှာပါ။

သူခိုးသာဝ ဂျပု အာဏာမရဖို့ NLD ကို မဲပေးလိုက်ပါ။

ရေငုပ်သင်္ဘောကို ပိုက်ဆံပေးဝယ်ထားတာဆိုရင် လက်ဆောင်ပေးတယ်လို့ပြောတဲ့ အိန္ဒိယကို တရားသွားစွဲလိုက်ပါ။ ဟိုကတရားဝင် သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ဟိုအာဏာသိမ်းမယ်လို့ အာခြောင်သူတွေအနေနဲ့လဲ ပြည်မကို နိုင်ဖို့မပြောနဲ့ ရခိုင်မှာ ဓာတ်ခဲကိုလေတပ်မပါဘဲ နိုင်အောင်တိုက်ပြပါလို့ စိန်ခေါ်လိုက်ပါတယ်။

ပြည်သူတွေက နိုဝင်ဘာ ၈ ရက်နေ့မှာ ငြိမ်းချမ်းစွာ NLD ကို မဲပေးပြီး သာဝကို ရေဝေးအရောက်ပို့လိုက်ပါလို့ ပြောပါရစေ။

အပြတ်အသတ်နိုင်အောင် မဲထွက်ပေးလိုက်ကြပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Nov 05, 2020

ဦးမြတ်! လက်ဦးဆရာ မည်ထိုက်စွာ ၊ ပုပ္ဗါ စရိယ ၊ မိ နှင့် ဖ။

လက်ဦးဆရာလည်းဖြစ်၊ အမေလည်းဖြစ်သော ဆရာမမှ သူငယ်တန်းဖတ်စာမှ သင်ရိုးတပုဒ်ကို ရောက်အောင် ပို့ဆောင်၍

သင်ကြားပေးခဲ့ပါသည်။


**လဲနေသူ ထူပေးပါ

**ရေထဲကလူ ဆယ်ယူပါ

**အားငယ်သူ အား ပေးပါ။


အကြောက်တရားနဲ့ ခြောက်ခဲ့လို့

ယုံကြည်ချက်တွေ ၊ မျှော်လင့်ချက်၊ ရည်မှန်းချက်တွေ ပြိုကွဲ *လဲ*ကျနေသူတွေ စာရင်းကောက်ကြည့်ရင်!!!အိုးဘိုထောင်က ထောင်းမှုးလေး တဖြစ်လဲ ဆရာတော်???

ဦးအယ်ဖောင်ရှို!!!နန်းနီနီမိုး!!!

ပြန်လည် ထူ ထောင် လာပါပြီ။


နာဂစ်မှာ ရေနစ်လို့ ၊ အသေနဲ့ တင်ကျန်ရစ်သူတွေ မဆယ်ယူနိုင်ခဲ့သလို ၊ အစာငတ်သူတွေအတွက် အစာ မပြတ်အောင် မဆောင်ရွက်နိုင်ခဲ့ပါ။

ကိုဗစ် ပုံမှန် ပထမလှိုင်းမှာ နစ်သူကို ဆယ်ယူရာ အောင်မြင်မှုရခဲ့လို့ ရပ်ခြားကတောင် အသိအမှတ်ပြုခဲ့ရပါသည်။ပလက်ဝအထိ ရိက္ခာဖြန့်၊ အိုမင်းသူများအပါအဝင် ကြပ်တည်းသူများအတွက် အမျိုးမျိုးသော ထောက်ပံကြေး၊ကိုဗစ်ဆေး ထောင်ချီ မှာယူ စုဆောင်းမှု၊

အစွမ်းရာနုန်းရှိသမျှ ဆယ် ယူ နေပါသည်။ ရာနုန်းပြည့်များ စွမ်း ဆောင်ခွင့်ရခဲ့လျှင် (ကြိုသိ၍ ဒေါက်ထွေးမှ အသိပေးထားငြား)

ဒုတိယလှိုင်းဆိုတာ ပေါ်လာခွင့် မရှိ။တတ်နိုင်သမျှ ဆယ်ယူနေကြောင်း (ယခုရက်ပိုင်း +veဦးရေရာခိုင်နှုန်း ဆယ်ဂဏာန်း အောက်ရှိမှုက)သက်သေပြနေပါသည်။


ကိုယ်ဝန်ဆောင်များအတွက် ထောက်ပံ့ကြေး ၊ အမျိုးသမီးငယ်များ သားအိမ်ကင်ဆာ ကြိုတင်ကာကွယ်ဆေး ထိုးပေးခြင်း။

အနာဂတ်မျိုးဆက်တွေ လဲ မကျစေဖို့။ ပျှမ်းမျှသက်တမ်း လျေ့ာကျနေတာ ကာကွယ်ဖို့

လဲ ကျနေသော သက်တမ်း ပြန်လည်ထူထောင်ဖို့။


**************************


နှိုင်းမရ။ အမြင်မှာ အယဥ် ဆင့်

အသွင်က တင့် ပါဘိ။

လောကကို

မေတ္တာနဲ့ အလှဆင်

သိက္ခာနဲ့ ပြင်

စေတနာနဲ့ ယှဥ်

ဘဝင်ရွှင်လန်း


Like

Albert Wint
Albert Wint
Nov 05, 2020

စကားပြောမတည်မငြိမ် အမျိုးမျိုးရှေ့နောက်မညီတဲသူမျိုးဟာအလုပ်လုပ်ရာမှာလဲအမှန်တရားနဲ့ဝေးအမှားလုပ်မိတတ်သည်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page