top of page
Search

အမေရိကန်နဲ့ အီရန် ICJ မှာ ရန်ဖြစ်သည့်အခါ

Writer: Myat Tun Oo
Myat Tun Oo
Nov 27, 2019
1 min read

အမေရိကန်နဲ့ အီရန် ICJ မှာ ရန်ဖြစ်သည့်အခါ

အီရန်က အမေရိကန်ကို ICJ မှာ သံတမန်ဆိုင်ရာသဘောတူချက်ကို ဖောက်ဖျက်တယ်ဆိုပြီး ၂၀၁၆ မှာတရားစွဲပါတယ်။

အမေရိကန်က တရားရုံးမှာ တရားရုံးဟာ စီရင်ခွင့်မရှိဘူးဆိုပြီး လျှောက်လဲချက်ပေးပါတယ်။တရားရုံးက စီရင်ခွင့်ရှိတယ်ဆိုပြီး အမိန့်ချပါတယ်။

ယခု နှစ်ဖက်လျှောက်လဲချက်ပေးရမယ့်ရက်ကို ၂၀၂၀ ဩဂုတ်လ ၁၇ ရက်မှာ အီရန်ကိုလျှောက်လဲချက်ပေးဖို့နဲ့ ၂၀၂၁ မေ ၁၇ ရက်မှာ အမေရိကန်ကို လျှောက်လဲချက်ပေးဖို့ဆိုပြီး အမိန့်ချပေးပါတယ်။

အမှုတွေကတော့ ICJ မှာက ကြာတတ်ပါတယ်။

နီကာရာကွား(Nicaragua) အမှုမှာတော့ အမေရိကန်က ICJ ဆုံးဖြတ်ချက်ကို မလိုက်နာခဲ့ပါ။

ICJ လဲ လူကိုခင်ရင် မူကိုပြင်ပါတယ်။ ICJ ကို သွားရှင်းပြတာ အကောင်းဆုံးပါ။ အမေရိကန်လဲ ICJ ပြောတာ မလိုက်နာပေမယ့် သွားရှင်းခဲ့ပါတယ်။ အင်္ဂလိပ်လဲ သူများကျွန်းကိုယူပြီး သွားရှင်းရတာပါဘဲ။ ဟိုက ပြန်ပေးလိုက်ဆိုတော့ အန်ကယ်ဆမ်ရဲ့ လေတပ်စခန်းရှိလို့ ပြန်မပေးခဲ့ပါ။ ဒါပေမယ့် အန်ကယ်ဆမ်ကို ပိုင်ရင်တော့ ကြောက်စရာ မလိုပါ။ အန်ကယ်ဆမ်က လူအစုအလိုက်အပြုံလိုက် သေစေတဲ့အမှု(weapons of mass destruction) နဲ့ ကျပ်လာရင်တော့ အီရတ်ကို သတိရစေပါတယ်။ သတိထားပါလို့ အဘကို ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page