top of page
Search

အမေရိကန်၊ တရုတ်နှင့် ထရမ့်မှပြောသော အရပ်သားအမိန့်နာခံရမည့် တပ်မတော်

  • Writer: Myat Tun Oo
    Myat Tun Oo
  • 48 minutes ago
  • 2 min read

အမေရိကန်၊ တရုတ်နှင့် ထရမ့်မှပြောသော အရပ်သားအမိန့်နာခံရမည့် တပ်မတော်


စာရေးသူက စစ်တပ်ဟာ ပြည်သူကရွေးကောက်တင်မြောက်တဲ့ အစိုးရအမိန့်ကိုနာခံရမယ်ဆိုရင် အချို့က ယူကရိန်းမှာ ဘာတော်လှန်ရေးက ရွေးကောက်ခံအစိုးရကို ဖြုတ်ချတာ၊ ဘင်ဂလားဒေ့ရှ်မှာ ဆန္ဒပြသူတွေက ရွေးကောက်ခံအစိုးကို ဖြုတ်ချတာတွေနဲ့ ပြောလေ့ရှိပြီး စစ်တပ်ဟာ ပြည်သူ့ဘက်ရပ်တည်ရမယ်ဆိုပြီးလဲ ပြောလေ့ရှိပါတယ်။



စစ်တပ်နှင့်နိုင်ငံရေး


စစ်တပ်ဟာ အာဏာရှင်တွေကို ပြည်သူက ဆန္ဒပြရာမှာ ပြည်သူဘက်က ရပ်တည်သင့်ပါတယ်။ ဒါပေမယ့် အာဏာရှင်ဆိုတာဘာလဲ‌? ဥပမာ ရုရှားကပူတင်၊ အီဂျစ်က မူဘာရက်၊ လက်ရှိသမ္မတ စီစီတို့က အာဏာရှင်တွေပါ။ ဆော်ဒီလဲတို့အတူပါဘဲ။ မအလလဲ အာဏာရှင်ပေါ့။


ဒါဆိုအမေရိကန်ရော? ယခုရေးတာက ထရမ့်ကိုထောက်ခံလို့ မုန်းလို့ရေးတာမဟုတ်ဘူးဆိုတာ နှစ်ဖက်စလုံးကို ကြိုပြောပါရစေ။ လိုရင်း‌ ပျောက်မှာစိုးလို့ပါ။ အမေရိကန်မှာ ထရမ့်ကိုထောက်ခံသူ ကန့်ကွက်သူ ၅၀/၅၀ ရှိမှာပါ။ သူက ရွေးကောက်ခံခဲ့ရသူပါ။ မအလလို အာဏာသိမ်းတက်လာတာ မဟုတ်ပါ။ သူ့သတင်းသမား‌ တွေမကြိုက်တာက တမျိုးပါ။ ထို့အတူ ယူကေ၊ ပြင်သစ်၊ ဂျာမနီမှာလဲ ယခုတက်နေတဲ့ အစိုးရကိုထောက်ခံသူက ၃၀% လောက်သာရှိပါတယ်။ ယူကေမှာ လက်ရှိဝန်ကြီးချုပ်ကို မျိုးစုံဆန္ဒပြသလို ပြင်သစ်နဲ့ ဂျာမနီမှာလဲ သူတို့ရဲ့ လူမှုဖူလုံရေး၊ လူဝင်မှုကြီးကြပ်ရေးမူဝါဒတွေအတွက် နေ့စဉ် ဆန္ဒပြကြပါတယ်။ ဒါပေမယ့် အဆိုပါအစိုးရတွေကို သူတို့ရဲ့ စစ်တပ်တွေက ထိုမူဝါဒတွေကို မကြိုက်လို့ ပြည်သူ့ဖက်က ရပ်တည်တယ်ဆိုပြီး ဖြုတ်ချလို့မရပါ။ တူရကီစစ်တပ်ဟာ သတင်းသမားတွေမကြိုက်ပေမယ့် ပြည်သူကရွေးထားတဲ့ တူရကီသမ္မတ အာဒိုဂန်ကို ဖြုတ်ချချိန်မှာ ပြည်သူက စစ်တပ်ကိုဆန့်ကျင်ခဲ့ပါတယ်။


ကျန်တာတွေ ခဏမေ့ထားပြီး အမေရိကန်ကို ပြန်ကြည့်ရအောင်။ အမေရိကန်မှာ SRA လို နိုင်ငံရေးပေါ်မူတည်ပြီး လက်နက်ကိုင်တပ်ဖွဲ့ ထောင်ထားတယ်ဆိုပါစို့။ ထရမ့်ရဲ့မူဝါဒက လက်ယာစွန်းရောက်တယ်ဆိုပြီး BPLA နဲ့ PLA က သူ့အမိန့်ကို ဖီဆန်လို့မရပါ။ အမေရိကန်စစ်တပ်ဟာ ထရမ့်က ဒီပြည်နယ်မှာ တပ်ချဆိုရင် ချရပါတယ်။ မကျေနပ်ရင် ပြည်နယ်တွေက တရားရုံးမှာ တရားစွဲ အောက်ရုံးက ပြည်နယ်တွေကို အနိုင်ပေးရင် ဗဟိုအစိုးရ အထက်တရားရုံးမှာ အယူခံဝင်ပြီး သူနိုင်ရင်နိုင် မနိုင်လို့ရှုံးခဲ့ရင်လဲ တရားရုံးချုပ်ဆုံးဖြတ်ချက်ကို လိုက်နာရတာပါ။ အစိုးရက အမှုရှုံးရင်လဲ တရားရုံးချုပ်အမိန့်ကို နားထောင်ရပါတယ်။


ထရမ့်ကို ယခုစာဖတ်နေသူရဲ့ ၅၀%ကသာ ကြိုက်မှာပါ။ သူက သူသမ္မတဖြစ်ချိန်မှာ စစ်ဦးစီးအဖွဲ့ ဥက္ကဌကို ရာထူးကအနားပေးခဲ့ပြီး သူခန့်လိုသူ Dan Cain ကို ခန့်ခဲ့ပါတယ်။ အချို့ ပြည်ထောင်စုဝင် ရာထူးတွေကို ဖြုတ်ချိန်မှာ အချို့က သူ့အမိန့်ကို တရားရုံးမှာ အယူခံဝင်ခဲ့ကြပါတယ်။ သူဖျက်သိမ်းခဲ့တဲ့ USAIDS ကအစ ဗဟိုဘဏ်အဖွဲ့ဝင်အထိ သူ့အမိန့်တွေကို တရားဥပဒေနဲ့ မညီဘူးထင်ရင် တရားရုံးမှာသာ တရားစွဲကြရတာပါ။ ထရမ့်ထုတ်ခဲ့တဲ့ ဗဟိုဘဏ်အဖွဲ့ဝင် Lisa Cook က တရားရုံးမှာ စိန်ခေါ်ခဲ့ပေမယ့် စစ်ဦးစီးအဖွဲ့ ဥက္ကဌ Gen Charles Brown ကတော့ တာဝန်လွှဲပေးခဲ့ပါတယ်။ ဒီနှစ်ခုက စစ်ဘက် အရပ်ဖက် မတူတာကို ပြပါတယ်။ စစ်တပ်က အငြိမ်းစားယူပြီး လွှတ်တော်အမတ်ဖြစ်ချိန်မှာ စစ်တပ်ထဲကျန်ခဲ့သူတွေကို မတရားတဲ့ အမိန့်အာဏာတွေကို ဖီဆန်ကြလို့ ဗီဒီယိုရိုက်ခဲ့တဲ့ အထက်လွှတ်တော်အမတ် Mark Kelly က စစ်ခုံရုံးဖွဲ့ ရာထူးချခံရလို့ တရားရင်ဆိုင်နေပါတယ်။ ဒါတွေက စစ်တပ်က အငြိမ်းစားတွေဟာ တပ်ထဲမှာတင်မက အငြိမ်းစားယူရင်တောင် စစ်စည်းကမ်းအချို့ကို လိုက်နာရတယ်ဆိုတာ အမေရိကန်ဥပဒေက ပြ‌နေပါတယ်။


အမေရိကန်က ဒီမိုနိုင်ငံမိုလို့ မထူးဆန်းပေမယ့် တရုတ်စစ်ကော်မရှင်မှာ ရှီက သူ့ပြိုင်ဖက်တွေကို အဂတိနဲ့ဖြုတ်နေတာ ကော်မရှင်မှာ သူနဲ့ နောက်အဖွဲ့ဝင် Zhang Shengmin တစ်ယောက်သာကျန်ပါတော့တယ်။



ဒါတွေက ဘာကိုပြလဲဆိုတော့ လက်နက်ကိုင်တပ်ဖွဲ့တွေက လက်ဝဲလက်ယာ နိုင်ငံရေးကင်းရှင်းရမှာဖြစ်ပြီး နိုင်ငံရေးလုပ်လိုသူတွေက မိမိတို့ဝါဒအစွဲနဲ့ တပ်တွေကိုင်ထားရင် လက်နက်ကိုင်တပ်ပိုင်ထားရင် ပြဿနာများနိုင်တယ်ဆိုတာပါ။ မအလဥပမာက သင်တို့အတွက် မလုံလောက်သေးရင်တော့ မပြောပြတတ်ပါ။ အကျဉ်းချုပ်ရရင် လက်နက်ကိုင်ဟာ ရွေးကောက်ခံအစိုးရအမိန့်ကို နာခံရမယ်ဆိုတဲ့ကိစ္စက အင်မတန်အရေးကြီးတယ်ဆိုတာ ထရမ့်ကနေ ဥရောပအထိပြသနေပါတယ်။ အမေရိကန်ကြီးမှာ Charlie Kirk အသတ်ခံရတာ၊ မနီဆိုတာမှာ လူဝင်မှုကြီးကြပ်ရေးဆန္ဒပြသူနှစ်ဦး မတော်တဆ ကျည်ထိတာတွေက သူ့တိုင်းပြည်ရဲ့ လက်ဝဲလက်ယာ အားပြိုင်မှုကို ပြသနေပါတယ်။


လူတိုင်းမှာ လက်ဝဲ လက်ယာ အယူဝါဒတွေက မတူဘူးဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ဒါက အမှား/အမှန် မရှိပါ။ ဥပမာ KNDF ကို BPLA ကို နယ်စပ်ခိုးဝင်လာသူတွေကို နှိမ်နင်းရမယ်ဆိုပြီး ရွေးကောက်ခံသမ္မတက အမိန့်ပေးချိန်မှာ ငါတို့ရဲ့ မူဝါဒ တန်ဖိုးနဲ့မကိုက်လို့ အမိန့်မနာခံလို့မရပါ။ AA ရဲ့ ရိုမူဝါဒနဲ့ BPLA, KNDF ခေါင်းဆောင်တွေရဲ့ ရိုမူဝါဒ တူမယ်လို့ ထင်ပါသလား?


အမေရိကန်မှာဖြစ်နေတဲ့ နိုင်ငံရေးအကွဲက လက်နက်ကိုင်များဟာ ရွေးကောက်ခံအစိုးရအမိန့်ကို နာခံရမယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ တပ်တွေက အမိန့်မနာခံရင် ၁၉၄၈ ပြန်စသလိုဖြစ်ပါမယ်။ ပြည်သူကလဲ NUG အမိန့်ကိုနာခံတဲ့ PDF တပ် ယခုထက်ပိုအားကောင်းလာအောင် ပြည်သူက PRF တဆင့် ပိုမိုထောက်ပံ့ပေးကြပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page