top of page
Search
  • Writer's pictureMyat Tun Oo

အမေရိကန်က အထောက်အပံ့ဥပဒေက ဘာထူးမလဲ


အမေရိကန်က အထောက်အပံ့ဥပဒေက ဘာထူးမလဲ

ယခုရက်ပိုင်းမှာ မီဒီယာများက သမ္မတဘိုင်ဒင်လက်မှတ်ထိုးတာကို သတင်းအကြီးအကျယ်ရေးကြတာတွေ့ရပါတယ်။ တရုတ်ကလဲ ကချင်နယ်စပ်မှာ စစ်ရေးလေ့ကျင့်နေတာ တွေ့ရပါတယ်။ မအလက ဘယ်ဟာကို ပိုကြောက်လဲ? အမေရိကန်ထောက်ပံ့တာက စာရေးသူတို့ ပြည်သူတွေအတွက် ဘာထူးမလဲ လေ့လာကြည့်ရအောင်?

တပ်ထဲက လော်ဘီနဲ့ တပ်ထဲကလူများကို မေးကြည့်ရင် အမေရိကန်က ကူညီတာနဲ့ တရုတ်စစ်ရေးလေ့ကျင့်တာယှဉ်ရင် တရုတ်စစ်ရေးလေ့ကျင့်တိုင်း သူတို့နယ်မြေတွေ လက်လွတ်ဆုံးရှုံးရတာဟာ တရုတ်က တိုင်းရင်းသားလက်နက်ကိုင်တွေကို သူတို့စစ်ရေးလေ့ကျင့်အပြီး ကျန်ခဲ့တဲ့ လက်နက်တွေကို ထောက်ပံ့လို့ဆိုပြီး တပ်ထဲမှာနဲ့ တပ်ထဲကလော်ဘီတွေက ယူဆလေ့ရှိပါတယ်။ တကယ် တရုတ်ကပေးသွား မပေးသွားကတော့ ERO တွေသာ သိမှာပါ။

ဒါဆို အမေရိကန် အကူအညီကို လေ့လာရအောင်။ အမေရိကန် စစ်သင်္ဘောတွေ အရေးအခင်းအချိန်ကလဲ မြန်မာပြည်နားလာတာ အားလုံးသိမှာပါ။ ထိုအချိန်လိုင်းပေါ်က လူအချို့က အမေရိကန်က ဝင်တိုက်မလို လော်ခဲ့ပါတယ်။ ဝင်မတိုက်ချိန်မှာ သူတို့က NUG ကိုသာ အပြစ်ပုံချတာတွေ့ရပါတယ်။ ယခင်ကလဲ အမေရိကန်က ကူညီမယ်ပြောပေမယ့် ဘာမှ NUG ထံ မရောက်ခဲ့ပါ။ NUG ကို အကူအညီရအောင် ဘာလုပ်ညာလုပ်ဆိုပြီး အော်သူက များပါတယ်။ ဒီနေရာမှာ ဒီဥပဒေကို စရေးဆွဲသူက DASSK ကို လေးစားထောက်ခံသူ အထက်လွှတ်တော်အမတ် Mr Mitch McConnell ပါ။ နောက်ပိုင်းမှာ အခြားအမတ်တွေက ဟိုဟာကူဖို့ ဒါကူဖို့ဆိုပြီး ဥပဒေထဲကို ထပ်ဖြည့်ကြပါတယ်။ ဒါပေမယ့် အမေရိကန်အစိုးရရဲ့ ပေါ်လစီအရ မကူလိုလို့ မကူပါ။ လေသာ ကူခဲ့တာပါ။ ဒါက NUG ရဲ့ အရည်အချင်းနဲ့မဆိုင်ဘဲ သူ့ရဲ့ မူဝါဒ အမျိုးသား အကျိုးစီးပွါးအရ မကူတာပါ။ ဒါဆို အမေရိကန် အကူအညီဘယ်ရောက်လဲ? အမေရိကန်ထံကပိုက်ဆံရဖို့ ပရောဂျက်ရေးပြီး တင်ရပါတယ်။ ဥပမာ ကျွန်တော်တို့ လူ့အခွင့်အရေးအဖွဲ့ဖွဲ့မယ် မီဒီယာထောင်မယ် ဘယ်လောက်ကျမယ်ပေါ့။ ရည်ရွယ်ချက်တွေ ဘာတွေရေးပြီးတင်ရပါတယ်။ ဒါကြောင့် အမေရိကန်ငွေက သတင်းဌာနတွေ၊ လူ့အခွင့်အရေးအဖွဲ့တွေ၊ အခြား NGO တွေထံ ရောက်ပါတယ်။ နောက် USAIDS နဲ့ အခြားကုလအဖွဲ့တွေထံကနေ ရိုဒုက္ခသည်တွေကိုကူဖို့ ထောက်ပံ့ပါတယ်။ ဒါကအများစုပါ။ အချို့ကို ထိုင်းကတဆင့် နယ်စပ်စစ်ဘေးရှောင်ထံပေးတယ်လို့ဆိုပေမယ့် နယ်စပ်မှာ ရသူက သိပ်မကြားရပါ။ စစ်ကိုင်း၊ မကွေး၊ ကချင်၊ ချင်းကတော့ ဘာမှကိုမရပါ။ ရခိုင်မှာ ရခိုင်စစ်ဘေးရှောင်တွေ အကူအညီအချို့ရပေမယ့် ဒါက ကုလကို ပြန်ပေးဆွဲတဲ့ပုံစံ မအလက လုပ်လို့ပါ။ ဒါဆိုရင် အမေရိကန်က starlink တွေ ထောက်ပံ့လား။ သူ့ဥပဒေအရ အမေရိကန်က လက်နက်မဟုတ်တာ ထောက်ပံ့လို့ရပါတယ်။ ဒါပေမယ့် starlink ကလဲ မိမိဖာသာ တော်လှန်ရေးတပ်ဖွဲ့တွေက ဝယ်ပြီး လစဉ်ကြေးနဲ့ သုံးနေရတာပါ။ ဒါကြောင့် အမေရိကန်က ယခုအချိန်အထိ စာရေးသူတို့ NUG ကို လေထက်ပိုပြီး ဘာမှမထောက်ပံ့သေးပါလို့ ပြောပါရစေ။ အမေရိကန်က NUG ဘဲဖြစ်ဖြစ် ဘယ်အဖွဲ့မဆို မထောက်ပံ့ပေမယ့် လှမ်းထိန်းထားနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။ ဥပမာ MNDAA ကို သူ့နယ်မြေပြန်ရအောင် အမေရိကန်က ဘာမှ မကူညီခဲ့ပါ။ ဒါပေမယ့် အမေရိကန်ထံက ငွေရတဲ့ လူ့အခွင့်အရေးအဖွဲ့နဲ့ အမေရိကန်ထောက်ပံ့ခံ ဒို့အသံက အမေရိကန်ထောက်ပံ့တဲ့ VOA ကနေ MNDAA က ဗမာနှိပ်ကွပ်ကြောင်း လူမျိုးရေးစပြောလာတာ အားလုံးသတိထားမိမှာပါ။ ဒါကို ဘီဘီစီကလဲ ပြောပါတယ်။ သူ့မတိုင်ခင်က စစ်လော်ဘီကျော်မျိုးမင်း၊ ကျော်စိုးဦး၊ ကျော်စွာနဲ့ ဟိန်ငြိမ်းဦးတို့က ပြောခဲ့ပါတယ်။

ထို့အတူ TNLA က ဘိန်းခင်းဖျက်တာတောင် ဘီဘီစီနဲ့ အနောက်မီဒီယာက လူ့အခွင့်အရေးအဖွဲ့တွေ၊ ဘိန်းစိုက်တောင်သူအဖွဲ့တွေနဲ့ အင်တာဗျူးပြီး ဝ လို ဘိန်းအစားထိုးပေးသင့်ကြောင်း ဘာညာပြောပါတယ်။ ယခုတော်လှန်ရေးအချိန်မှာ ဘိန်းအစားထိုးဖို့ အမေရိကန်နဲ့ အင်္ဂလိပ်အစိုးရက ထောက်ပံ့မှာလားဆိုတာတော့ သူတို့က သက်ဆိုင်ရာ သူတို့အစိုးရတွေကို မဗျူးပါ။ ဒါက ဒေသခံပြည်သူနဲ့ သူ့အစိုးရကို အမေရ်ကန်က မထောက်ပံ့ပေးဘဲ ရန်တိုက်ပေးတာပါ။

ထို့အတူဘဲ ကချင်မှာ သယံဇာတတွေကို တော်လှန်ရေးအတွက်ရောင်းရင်လဲ အမေရိကန်က ထောက်ပံ့ဖွဲ့ထားတဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့တွေက အနောက်ကမီဒီယာကတဆင့် အော်ပြီး KIA ကို တော်လှန်ရေးအတွက် ဝင်ငွေမရအောင်လုပ်ပါတယ်။ ဒီအတွက် ဆုံးရှုံးငွေကိုတော့ အမေရိကန်က KiA ကို လာထောက်ပံ့တာမဟုတ်ပါ။ သူ့ငွေပေးဖို့မပြောနဲ့ စာရေးသူတို့ထံကသိမ်းထားတဲ့ငွေကိုတောင် NUG ထံ လွှဲမပေးပါ။

ဒါဆိုရင် အမေရိကန်က စီးပွါးရေးပိတ်ဆို့တာက ကူညီတာလားဆိုရင် သူက DASSK ကို ရိုကိစ္စဘာမှ မလုပ်ဖူးလို့ ဝေဖန်ခဲ့သူတွေက ဒီလောက်တော့ လုပ်ပြရမှာပါ။ ဒါက စာရေးသူတို့ ဒီမိုအတွက်မဟုတ်ရင်တောင် သူမဲရရေးအတွက် အမေရိကန်က မာမူတွေကိုစည်းရုံးဖို့ လုပ်ရမှာပါ။ လောလောဆယ် ဘိုင်ဒင်က အစ္စရေးကိုထောက်ခံလို့ မာမူ့မဲက နိုဝင်ဘာမှာ မသေချာပါ။ ထို့အတူ အီးယူကလဲ DASSK လက်ထက် ရိုကိစ္စနဲ့ အထည်ချုပ်ပိတ်မယ်ဆိုပြီး မိုးလားကဲလားပြောပေမယ့် မအလလက်ထက်မှာ မလုပ်ရဲပါ။ ဒါကြောင့် ဒီကိစ္စတွေက စာရေးသူတို့အတွက်မဟုတ်ဘဲ သူမဲရဖို့ကို သူလုပ်ရမှာပါ။ အချို့က အမေရိကန် အကူအညီရဖို့ NUG က ဘာလုပ်ရမယ် ညာလုပ်ရမယ် အာချောင်သူများရှိပါတယ်။ လာချင်ရင် အနီးလေးဆိုတဲ့ စကားအတိုင်း ကူချင်ရင် ကူလို့ရပါတယ်။ မကူချင်လို့ ကြာနေတာပါ။

အကျဉ်းချုပ်ရရင် အမေရိကန်ကငွေက NUG ကိုမပေးဘဲ သူ့ NGO တွေ သောက်စားပြီး ကုန်သွားတာက များပါမယ်။ ဒုက္ခသည်လဲ စာရေးသူတို့ ရဖို့မရှိပါ။ NUG ကိုသာ ငွေရတယ်အထင်နဲ့ အဆဲခံရဖို့ ပိုများပါတယ်။  မအလကြောက်တာက တရုတ်စစ်ရေးလေ့ကျင့်တာနဲ့ NUG PRF ငွေထောက်ပံ့တာ၊ ပန်ဆယ်လို ငွေရှာထောက်ပံ့တာလို့သာ ပြောပါရစေ။ ပြည်သူက PRF ထံငွေလှူပြီး တော်လှန်ရေးကို ဆက်လုပ်ပါလို့သာ ပြောပါရစေ။ တော်လှန်ရေးက ကချင်ပြီးရင် စစ်ကိုင်းလာမှာပါ။ အမေရိကန်ကို ကြံဖန်ကျေးဇူးတင်ရမှာက NUG ကို မအလလော်ဘီလုပ်တဲ့ကြားက အကြမ်းဖက်မကြေညာတာပါ။ ကြေငြာရင်လဲ ပြည်သူဆဲတာ ခံရမှာပါလို့ ထပ်ပြောပါရစေ။ ပြည်သူက NUG ကို ဆက်ကူညီပါ။ ပြည်သူမှာ ပြည်သူသာရှိပါတယ်။ ပြည်သူသာ အဓိကပါ။ ကချင်ပြီးရင် စစ်ကိုင်း၊ မန္တလေး၊ မကွေးလာမှာပါ။

909 views0 comments

Recent Posts

See All

လူမျိုးရေးမပါစေနဲ့

စစ်အကြောင်းပြောရာမှာ  လူမျိုးရေး မပါစေပါနဲ့ ဗမာမှာ မအလလို စစ်ခွေးရှိသလို ခွေးဖြစ်လိုတဲ့ပျူရွာတွေ၊ အာဏာကိုအချောင်လိုချင်တဲ့ တတိယအုပ်စုတွေရှိပါတယ် ရှမ်းနီတပ်ဆိုတာ မအလဘောမ ပအို့မှာလဲ ပျူတွေရှိသလို ရှမ်းမ

bottom of page