top of page
Search

အမေရိကန်က ကရင်လေးမှပြောသော 'ပ'သုံးလုံး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 4, 2024
  • 1 min read

ree

ပ' သုံးလုံးက တော်လှန်ရေးမှာ အသက်ပေးရတာများသလို အပြောခံရတာလဲ အများဆုံးပါ။ ဘောမများကစလို့ တတိယခွေးအုပ်စုအထိ 'ပ' သုံးလုံးကို အပြစ်ပြောကြပါတယ်။ ဒီနေရာမှာ ပ သုံးလုံးဟာ လုပ်ချင်တိုင်း ထလုပ်လို့ ဖွဲ့ချင်တိုင်း ထ ဖွဲ့လို့မရပါ။ ဥပမာ ရန်ကုန်ထဲမှာ 'ပ' သုံးလုံးလုပ်မလားဆိုရင် အဖမ်းမခံချင်သူက ငါလုပ်မယ်ဆိုပြီး ထွက်လာမှာ မဟုတ်ပါ။ ဒီနေရာမှာ 'ပ' သုံးလုံးကို ခုခံပေးမှာမဟုတ်ဘဲ ကမ္ဘာမှာလဲ 'ပ' သုံးလုံးလိုအဖွဲ့တွေ ဘာတွေဖြစ်နေသလဲဆိုတာ ပြည်သူတွေ နားလည်အောင် ခေတ်သစ်နားလည်အောင် ‌ဥပမာနဲ့ ပြောပြမှာပါ။

ဒီနေရာမှာ ယောနယ်၊ နဂါးနယ်နဲ့ နယ်အချို့မှာ ဗကပ လက်နက်ကိုင် ကျောင်းသားအဖွဲ့များ ရှိပါတယ်။ သူတို့က 'ပ' သုံးလုံးကို ပုံဖျက်မှ သူတို့အုပ်ချုပ်နိုင်မှာမိုလို့ လုပ်တာရှိပါတယ်။ အချို့က 'ပ' သုံးလုံးပြဿနာလဲ ရှိနိုင်ပါတယ်။ စာရေးသူ ပြောလိုတာက တစ်ပါတီအာဏာရှင် အုပ်ချုပ်တာမဟုတ်ရင် ဒီမိုကရေစီမှာ အသံကြားရမယ်ဆိုတာ ပြည်သူများကို သိစေချင်တာပါ။ မြောက်ကိုရီးယားဆိုရင် ပ သုံးလုံးပြဿနာမရှိပါ။

ယခု နယူးယောက်က ကရင်လေးကို ရဲတွေသတ်လိုက်တာက အားလုံးမျက်မြင်ပါ။ NUG အောက်က 'ပ' သုံးလုံးကတော့ ဒီလိုအရွယ်ကလေးကို မလုပ်ဖူးပါ။ မအလခွေးတပ်ကတော့ လုပ်ပါတယ်။ ဒီနေရာမှာ ရခိုင်က AA ကို ရိုဟင်ငျာအတွက် စာထုတ်တဲ့ အရပ်ဖက်အဖွဲ့ ရာကျော်က ကရင်လေးအတွက် စာမထုတ်တာက ထူးဆန်းနေပါတယ်။

ထို့အတူ အမေရိကန်မှာ ရဲလက်ချက်ကြောင့် လူမဲအသတ်ခံခဲ့ရပြီး လူမဲမှာလဲ အသက်နဲ့ပါဆိုတဲ့ Black Lives Matter လို့ခေါ်တဲ့ လှုပ်ရှားမှု ပေါ်လာခဲ့တာပါ။ အင်္ဂလန်မှာလဲ ရဲတွေက လူမဲအမှုကို ပေါ့လျော့စွာ ကိုင်တွယ်တာ၊ မလိုလားအပ်ဘဲ ဖမ်းတာတွေရှိခဲ့၊ ရှိနေဆဲပါ။ ရဲတွေက ခိုးမှု၊ ဓားမြမှုမလိုက်ဘဲ အခြောက်လို့ ပြောသူကို ဖမ်းဖို့လောက်သာ စိတ်ဝင်စားလို့ ပြဿနာတက်တာ၊ ရှေ့နေချုပ်က လူသတ်မှုကို တရားမစွဲဘဲ ထရမ့်ကို တရားစွဲတာ၊ ထိုင်းရဲ၊ မလေးရှားရဲတွေဆိုရင် မြန်မာဆိုပိုပြီး ဒုက္ခပေးတာ အားလုံးသတင်းတွေမှာ ကြားနေ တွေ့နေရမှာပါ။ ဒါက 'ပ' သုံးလုံးထဲက ရဲလိုအဖွဲ့တွေရဲ့ပြဿနာပါ။ ဒီနေရာမှာ ပြောလိုတာက ကမ္ဘာ့ဒီမိုဘိုးအေနိုင်ငံတွေမှာလဲ 'ပ' သုံးလုံးနဲ့တူတဲ့ အုပ်ချုပ်ရေး လုံခြုံရေးအဖွဲ့တွေရဲ့ ပြဿနာတွေ ရှိနေတယ်ဆိုတာပါ။ NUG ရဲ့ အဖွဲ့တွေ 'ပ' သုံးလုံးအဖွဲ့တွေက နယူးယောက်က ရဲတွေလို၊ လန်ဒန်ကရဲတွေလို လွတ်လွတ်လပ်လပ် ဆောင်ရွက်နေရတာ မဟုတ်ဘူးဆိုတာ ပြည်သူများ မမေ့သင့်ပါ။ သူတို့မှာ မအလရန်ကြောက်ရ၊ လေယာဉ်ရန်ကြောက်ရ၊ နဂါးလို စားဖားတွေကြောက်ရ၊ အချောင်အာဏာအတွက် NUG အပုတ်ချလိုတဲ့ သတောင်းစား တတိယအုပ်စုတွေကြောက်ရ အနောက်အုပ်စု လစာ စား NGO ကြောက်ရနဲ့ တိုင်းပြည်အတွက် အလုပ်လုပ်နေရတာပါ။

ဒီမိုစနစ်မှာ ပြဿနာဆိုတာ ရှိမှာပါ။ ပြည်သူများအနေနဲ့က အမေရိကန်၊ အင်္ဂလန်၊ ဥရောပ၊ ထိုင်းနဲ့ မလေးရှားမှာလဲ ဒီလိုပြဿနာရှိတယ်ဆိုတာကိုသိထားရင် ပြဿနာရှင်းရတာ ပိုအဆင်ပြေမှာပါ။ “ပ’ သုံးလုံးကို နားလည်မှုပေးနိုင်မှာပါ။ သတိနဲ့ NUG ကို ဝန်းရံပြီး အာဏာရူးခွေးနဲ့ သတောင်းစားများရန်က ရှောင်နိုင်ပါစေ။ NUG ကလဲ ပြည်သူ့အသံ နားထောင်နေမယ်လို ယုံကြည်ပါတယ်။ ခေတ်သစ်နဲ့ လက်ဝါးရိုက် တစ်ဖက်သတ်တင်တဲ့ ‘ပ’ သုံးလုံးသတင်းက မှန်တယ်ဆိုရင်တောင် NUG ရဲ့ ‘ပ’ သုံးလုံးက နယူးယောက်က ကရင်လေးကိုသတ်တဲ့ ‘ပ’ သုံးလုံးလာက်မဆိုးသေးပါလို့ ပြောပါရစေ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page