top of page
Search

ယူကရိန်းတပ်ချုပ်ကိစ္စမှ ပြောသော ပြည်သူနဲ့ သူ့စစ်တပ်

Writer: Myat Tun Oo
Myat Tun Oo
Jul 29
1 min read

စာရေးသူတို့ ကမ္ဘာ့နိုင်ငံရေးဟာ သင်ခန်းစာယူတတ်ရင် ယူစရာတွေများပါတယ်။

အာဏာရှင် ကွန်မြူနစ်တရုတ်နိုင်ငံမှာ သမ္မတရှီက ယခင်ဩဇာကြီးခဲ့တဲ့ တရုတ်စစ်တပ်က ထိပ်ပိုင်းတွေကိုဖြုတ်ရာမှာ သမ္မတရှီနဲ့ စစ်တပ်ကနောက်နှစ်ယောက်သာ စစ်ကော်မရှင်မှာ ကျန်ပါတော့တယ်။ သူတို့က စာရေးသူတို့တိုင်းပြည်က မအလခွေးတပ်လို ပြန်မစွာရဲပါ။ ထို့အတူ ကွန်ကြောင် PLA က တပ်ရင်းမှူးလောက်က NUG က တပ်သားတွေကိုသတ် ရှောင်ပြေးပြီး အဖမ်းမခံဘဲ ပမာမခန့်လဲ လုပ်လို့မရပါ။ ဒီနေရာမှာ ဒီမိုတိုင်းပြည်နဲ့တော့ ကွာပါတယ်။ အမေရိကန် ဗိုလ်သင်တန်းဆင်းပွဲမှာ ဒုသမ္မတ Vance တက်ပြီး ဗိုလ်လောင်းသစ်လေးက သူလက်မှတ်ယူချိန်မှာ ငါ ရင်ဖတ်တိုက်ပြီး တပ်ထဲကလို နုတ်ဆက်လို့ရမလားလို့ အမူအရာနဲ့မေးချိန်မှာ စစ်သားဘဝကလာသူ ဒုသမ္မတ JD Vance ကလဲ သူလိုချင်သလို နုတ်ဆက်ခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်စစ်တပ်က ဗိုလ်မှူးတစ်ယောက်က လွှတ်တော်မှာ ယူနီဖောင်းဝတ် ဆန္ဒပြချိန်မှာတော့ ဖမ်းပြီး စစ်ဥပဒေနဲ့ အရေးယူထောင်ချသလို ပင်စင်ပါသိမ်းပါတယ်။ ထရမ့်က ဗိုလ်ချုပ်ကြီးတွေကိုခေါ်ပြီး မိန့်ခွန်းပြောရာမှာ ငါနဲ့သဘောမတူရင် အခန်းထဲက ထွက်သွားလို့ရတယ်။ ဒါပေမယ့် မင်းတို့ကို ပြီးရင် အခန်းထဲက ထွက်သွားတာနဲ့ ရာထူးကဖြုတ်ပြီးသားလို့ ပြောခဲ့ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ တပ်ထဲကထွက်အပြီး အထက်လွှတ်တော်အမတ်ဖြစ်သူ ယခင် ရေတပ်ဗိုလ်မှူး အငြိမ်းစား Mark Kelly က မတရားတဲ့ ထရမ့်အမိန့်ဟူသမျှ အာဏာဖီဆန်ကြလို့ ဗီဒီယိုရိုက်ပြောမိလို့ ပင်စင်ရာထူးကို ဗိုလ်ကြီးအဖြစ်ချပြီး အမှုစစ်ခံနေရပါတယ်။ ဒါက ပြည်သူ့အစိုးရလက်အောက်က ဒီမိုတပ်ပါ။ ယူကေနဲ့ ဩဇီက စနစ်တူလို့ သူတို့ရဲ့ စစ်ဦးစီးအရာရှိချုပ်တွေက ဘာမှကို ပြောခွင့်မရှိပါ။ ဒီနေရာမှာ အချို့ ကွန်ကြောင်တွေ၊ နဂါးလို တပ်ထောင်တပ်ချုပ်လုပ်တဲ့သူတွေက ဒါက ဒီမိုတိုင်းပြည်တွေ ငါတို့က စစ်ဖြစ်နေတာ ဘာညာဆိုပြီး အထွန့်တက်တာ တွေ့ရပါတယ်။ သူတို့က NUG အစိုးရကို အရေးယူခိုင်းချိန်မှာသာ ဒီမိုစံသုံးပြီး သူတို့ကို အရေးယူမယ်ဆိုရင် တော်လှန်ရေးပြိုကွဲမယ် ဘာညာ ထလုပ်ကြပါတယ်။ ထင်ရှားတာက သူတို့နဲ့ အာဘော်တူတဲ့ တပ်ရင်းမှူးအသတ်ခံရချိန်မှာ အသံအော်တာ အလွန်ကျယ်ပြီး သူတို့က PLA နဲ့ SRA အဖွဲ့အောက်ကလူတွေ လူသတ်၊ မုဒိမ်းကျင့်၊ လိင်အကြမ်းဖက်မှု၊ ဓားမြတိုက်မှုကျူးလွန်ရင်တော့ အရေးယူရတာ မလွယ်ဘူး၊ ညီညွတ်ရေး ဦးစားပေးပါဆိုပြီး နဂါးလက်ထက်ကလို အော်ကြပါတယ်။ ဒီနေရာမှာ ယူကရိန်း ဥပမာက ပြည်သူတွေအတွက် သင်ခန်းစာပါ။ မြန်မာပြည်မှာ ဆရာဝန်ကသာ ကျန်းမာရေးဝန်ကြီး၊ စစ်တိုက်တတ်သူကသာ ကာကွယ်ရေးဝန်ကြီး၊ အင်ဂျင်နီယာကသာ ဆောက်လုပ်ရေးဝန်ကြီးဆိုတဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေရှိကြပါတယ်။ ကမ္ဘာကျော် ယူကေက ကျန်းမာရေးစနစ်ကို တည်ထောင်ခဲ့သူဟာ ဆရာဝန်မဟုတ်သလို ပြည်သူ့ကျန်းမာရေးနဲ့ ဘွဲ့ရသူမဟုတ်ပါ။ ယူကရိန်းမှာ ကာကွယ်ရေးဝန်ကြီးနဲ့ တပ်ချုပ်က မတည့်ကြပါ။ ပြီးခဲ့တဲ့ ၂၀၂၅ အကုန်ကစလို့ ယူကရိန်းက စစ်ရှုံးနေရာကနေ စစ်ပြန်နိုင်ခဲ့လို့ ယူကရိန်းတပ်ချုပ်ရော ကာကွယ်ရေးဝန်ကြီးကပါ နာမည်ရလာခဲ့ပါတယ်။ ကာဝန်က သာမန်အရပ်သားပါ။ ထို့အတူ ရုရှားမှာလဲ အရပ်သားပါ။ ဒါပေမယ့် ယူကရိန်းတပ်ချုပ်နဲ့ ကာဝန်ကမတည့်လို့ ယူကရိန်းသမ္မတက ကာဝန်ကို ရာထူးက ဖြုတ်ခဲ့ပါတယ်။ ထိုအချိန်မှာ ယူကရိန်းပြည်သူတွေက တပ်ချုပ်ကစစ်တိုက်တတ်သူ မြေပြင်မှာ အသက်ပေးသူ ဘာညာဆိုပြီး စစ်တပ်က တပ်ချုပ်ကို မထောက်ပေးဘဲ အရပ်သားကာဝန်ကိုပြန်ခန့်ဖို့ တပ်ချုပ်ကို ထုတ်ပစ်ဖို့ မြို့တွေမှာ ဆန္ဒပြတောင်းဆိုကြလို့ ညွှန်ချုပ်အဆင့်သာရှိသူ တပ်ချုပ်ကို ယူကရိန်းသမ္မတက ထုတ်ခဲ့ရပါတယ်။ ဒါက ဘာကိုပြလဲဆိုတော့ ယူကရိန်းပြည်သူတွေဟာ စစ်ဖြစ်နေတဲ့ကြားက လက်နက်ကိုင်တွေက အရပ်သားအမိန့်နာခံလာအောင် တွန်းအားပေးခဲ့တာပါ။ ဘယ်တော့ မအလကို အလဲထိုးနိုင်မလဲဆိုရင် ပြည်သူအားလုံးက နဂါးလို NUG အောက်မဟုတ်တဲ့အဖွဲ့တွေ၊ PLA လို အဖွဲ့တွေ၊ အခြား NUG ပြည်သူ့အစိုးရအမိန့်ကို မနာခံတဲ့ SRA အောက်က အဖွဲ့တွေ၊ ဇွဲလို ယခုထဲက NUG အစိုးရအမိန့်ကို မနာခံတဲ့ အဖွဲ့တွေကို မလှူဘဲ ငါတို့အားလုံး PRF ဆိုပြီး ယူကရိန်းပြည်သူတွေလို ညီညွတ်စွာ ကူညီကြရင် PDF တွေလဲ NUG MOD အမိန့်ကို ပိုနားထောင်လာမှာဖြစ်သလို တော်လှန်ရေးကလဲ ပိုခရီးရောက်မှာပါလို့ ပြောပါရစေ။ PDF ရဲဘော်များလဲ ဒီမိုကရေစီတပ်ရဲ့ ထုံးစံတွေကို လေ့လာသင်ယူနိုင်ပါစေ။ တူတာတွေတွဲလုပ်ပြီး မတူတာတွေ ညှိနှိုင်းမယ်ပြောတဲ့ ကွန်ကြောင်တပ်တွေကတော့ မအလအာဏာမသိမ်းခင်ကပြောခဲ့သလို ခွေးစကားပြောနေတယ်လို့သာ မှတ်ယူပါ။ (ပုံ၊ အမေရိကန် ဒုသမ္မတနဲ့ ဗိုလ်လောင်းလေးတို့ ရင်ဖတ်တိုက် နုတ်ဆက်နေပုံ)

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page