top of page
Search

မအလတပ်ထဲက ကြက်က ဘာလို့ စျေးပေါနေတာလဲ?

Writer: Myat Tun Oo
Myat Tun Oo
Jul 30
1 min read

ဒါဆိုရင် အချို့က အဘကတော်တာပေါ့ ဘာလို့ တပ်ထဲကအတိုင်း တိုင်းပြည်ကို ကောင်းအောင် ကြက်စျေးကျအောင် မလုပ်နိုင်တာလဲဆိုပြီး မေးသူတွေ ရှိနိုင်ပါတယ်။

ပထမဆုံး မအလတပ်ထဲက ကြက်စျေးပေါတယ်ဆိုတာ လူကြက်လား ကြက်ဥထုတ်တဲ့ ကြက်စျေးလားဆိုပြီး နောက်ပြောင်မေးလိုသူတွေလဲ ရှိမှာပါ။

ဒီနေရာမှာ လူကြက်က လင်ရှေ့တန်းမှာ သေချိန်ကစလို့ လစာက မရတာ၊ လိုင်းခန်းက ဆင်းပေးရဖို့ အကြောင်းဖန်လာတာတွေ ဘာညာမျိုးစုံပါ။ စစ်ပွဲနဲ့ ရှေ့တန်းထွက်ချိန် တပ်ရေးဗိုလ်ကြီးက အလကားစွဲစားတာ ခံရသူ ရဲမေတွေက အများကြီးပါ။ တပ်ရေးဗိုလ်ကြီးက စားလို့ကောင်းရင် သူစားပြီးသားကို ဒုတပ်ရင်းမှူး၊ တပ်ရင်းမှူး အထက်ကို အဆင့်ဆင့် သတင်းပို့ပြီး စားကြပါတယ်။ ပိုက်ဆံပေးစရာ မလိုပါ။ ဒါမှ တပ်ရေးဗိုလ်ကြီးထံက တပ်ပြင်ထွက်ပြီး အလုပ်လုပ်ရှာစားကြရတာပါ။ သူတို့ဘဝက အပြင်မှာ ကြက်မလုပ်ခင် တပ်ထဲမှာ အလကားပေးကျွေးရတဲ့ ကြက်ဘဝပါ။ အချို့ ကိုယ်ဝန်တားဆေး မသောက်မိလို့ ကိုယ်ဝန်ရှိချိန်မှာ သူတို့ကိုယ်တိုင် တပ်ရေးဗိုလ်ကြီးနဲ့ရတာလား ဒုတပ်ရင်းမှူးနဲ့လား တပ်ရင်းမှူးနဲ့လား အပြင်က လူနဲ့လားလဲ မသဲကွဲပေမယ့် တပ်ရင်းမှူးရဲ့ ဖျက်ချခိုင်းတာကို ခံရပါတယ်။ တပ်ရင်းမှူးလဲ သူနဲ့ ရုပ်ဆင်လေး ထွက်လာမှာကို ကြောက်တာပေါ့။ အချို့ကလဲ မဖျက်ချဘဲ တပ်ရင်းမှူးကို ပိုက်ဘောဖမ်းတာ တိုင်တာတွေ လုပ်ကြပါတယ်။ နောက်အုပ်စုက စစ်သမီးတွေပါ။ သူတို့ကို တပ်ရင်းတွေ၊ တပ်မတွေ၊ တိုင်းတွေကို ပို့ချိန်မှာ ပြဿနာက စပါတော့တယ်။ အများစုက အပျိုတွေ တပ်ထဲရောက်ချိန်မှာ တပ်ရေးဗိုလ်ကြီးမှသည် တပ်ရင်းမှူးအထိ လက်တည့်စမ်းတာပါ။ ဟိုအခွင့်အရေး နေရာဘာညာနဲ့ ဟိုကိုင် ဒီကိုင်မှသည် ညီမလေးကို ခရီးရှည်ခေါ်သွားပြီး နေကြတာအထိ ဖြစ်ကြတာပါ။ ဒီကိစ္စတွေကလဲ တပ်ချုပ်ကြီးလိုဘဲ ကိုယ်ဝန်ရချိန်မှာ တပ်ရင်းမှူးက မယားကြီးရှိလို့ အတူခံရတာ၊ အချို့က တပ်ချုပ်ကြီးလို ဖျက်ချခိုင်းတာတွေနဲ့ တပ်တွင်း လူကြက်ဇာတ်လမ်းက ရှုပ်ပါတယ်။ သူက ပိုက်ဆံအတိအကျ မရဘဲ အလကားကြက်သဘောမျိုးပါ။

ယခု အသားစား ကြက်မွေးမြူရေးအကြောင်း ပြောပါ့မယ်။

ကြက်မွေးရာမှာ ခြံအတွက် နေရာမြေ၊ မီး၊ ရေတွေ၊ လူအင်အားတွေက အခြေခံလိုပါတယ်။ မအလတပ်က မြေကို တပ်ပိုင်မြေနဲ့ အလကားရသလို မီးနဲ့ရေကလဲ အလကားနီးပါး ရပါတယ်။ လူအင်အားလဲ တပ်ထဲက လူတွေကို ခိုင်းလို့ အလကားရတာပါ။

ကုန်တာက ကြက်အစာ၊ ပိုးသတ်ဆေး၊ ကာကွယ်ဆေး၊ အစာခွက်၊ ရေခွက်၊ အနွေးပေးစက်၊ ကြက်ခြံဆောက်တဲ့ ပစ္စည်းဖိုးသာ ကုန်တာပါ။ ကြက်စာက နိုင်ငံခြားကို ပိတ်ရင် တပ်ထဲမှာလဲ ကျပ်လာပေမယ့် အခြားဟာတွေက အလကားရနေလို့ တပ်ထဲက ကြက်စျေးက အပြင်ထက် သက်သာနေသေးတာပါ။

ဒါကြောင့်မို့လို့ တိုင်းပြည်ရဲ့ မြေ၊ ရေ၊ လုပ်အားခ ခိုးပြီး ပြည်သူ့အစိုးရအမိန့် မနာခံတဲ့ မအလတပ်က လူကြက်ရော၊ ကြက်ဥရောက စျေးပေါနေတာပါ။ ခိုးမရတဲ့နေရာမှာတော့ မအလဟာ ဘာမှ မလုပ်တတ်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page