top of page
Search

အဘအနားမှာ ဘယ်သူရှိလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 17, 2024
  • 1 min read

အာဏာမသိမ်းခင်က လိုင်းပေါ်မှာ NLD/DASSK အစိုးရကို ဝေဖန်သူများစွာရှိခဲ့ပါတယ်။ အများစုက စရဖအကောင့်တုတွေ၊ ဖွတ်၊ ဘောမနဲ့ စစ်သားဇနီး၊ သားသမီးများပါ။ ဒါ့အပြင် သက်သက်ခိုင်၊ သိန်းညွန့်၊ အေးမောင်တို့လဲ ရှိပါတယ်။ ပါတီအားဖြင့် ပါတီ ၅၀ကျော်ပေါ့။ အားရစရာ အများကြီးပါ။ ဘာသာရေးမှာ မဘသပေါ့။ နောက်အုပ်စုက ဝေဖန်ရတာကို ဝါသနာပါတဲ့အုပ်စုနဲ့ နောက်ဆုံးအုပ်စုက မူအရမိမိမှအာဏာမရရင် ကွန်မြူနစ်ပါတီ၊ မိမိလူမျိုးမှ အာဏာမရရင် ဝေဖန်မယ်ဆိုသူများပါ။ အပေါ်ယံကြည့်ရင် ပြည်သူတွေက NLD/DASSK ကို မကြိုက်ဖူးပေါ့။ ထိုအချိန်မှာဘဲ အနောက်ကလဲ DASSK ကို သူတို့ခိုင်းတာမလုပ်လို့ သတင်းဌာနတွေက DASSK ကိုဆန့်ကျင်သူတွေနဲ့ ရွေးအင်တာဗျူးပြီး တွန်းတင်ခဲ့ကြပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ ပြည်သူအများစုက NLD ကိုမဲပေးပြီး သူတို့ထင်တာမဟုတ်ကြောင်း သက်သေပြခဲ့ကြပါတယ်။ ပုံမှန်ဦးနှောက်ရှိသူဆိုရင် ငါတို့ထင်ထားတာ မှားနေပြီဆိုပြီး အာဏာသိမ်းဖို့ ကြံထားရင်တောင် လက်လျှော့လိုက်သင့်တာပါ။

ဒါပေမယ့် မအလဟာ အရှိတရားကို လက်မခံဘဲ အာဏာထသိမ်းခဲ့ပါတယ်။ ပြည်သူကလဲ ငါတို့အသဲကြားကမဲနဲ့ရွေးထားတဲ့ အစိုးရကို ဖြုတ်ချလို့ လမ်းပေါ်ထွက် ဆန္ဒပြရာကနေ လက်နက်စွဲကိုင် တော်လှန်ခဲ့ကြပါတယ်။ ယခု အာဏာသိမ်း သုံးနှစ်ပြည့်ခါနီး အဘနားမှာ ဘယ်သူကျန်နေခဲ့ပါသလဲ?

ဒီကိစ္စဟာ မအလအတွက် ပြည်သူ့လုံခြုံရေးဗျူဟာအတွက် အင်မတန်အရေးပါပါတယ်။ ပထမဆုံးသူ့အမာခံ တပ်ကိုပြန်လေ့လာကြည့်ရအောင်။ တပ်ထဲမှာ တော်လှန်ရေးအစပိုင်းကနေ ရှမ်းမြောက်အပြီး မအလအနားမှာ အာဏာသိမ်းချိန်ကပါခဲ့သူအများစု မရှိတော့တာကို တွေ့ရမှာပါ။ တက်ကြွစွာပါဝင်ခဲ့တဲ့ စိုးထွဋ်နဲ့ မိုးမြင့်ထွန်းက ထောင်ထဲမှာပါ။ ထိုချိန်က နေပြည်တော်မှာ ဗျူဟာမှူးအဆင့်ပါခဲ့သူများက ရာထူးတိုးပြီး တပ်မမှူး၊ ဒကစမှူးတွေဖြစ်ပေမယ့် အချို့က ရန်သူ့ထံ အဖမ်းခံနေရသလို၊ အချို့က မိမိတပ်ထဲမှာ အဖမ်းခံနေရပြီး အချို့က စစ်ရှုံးလို့ အရန်အင်အားထဲ အပို့ခံခဲ့ရပါတယ်။ သူတို့က ယခုအချိန်မှာ ဗိုလ်မှူးချုပ်ရာထူးယူပြီးတောင် ရှေ့တန်းမထွက်ရဲတော့ပါ။ ယခင်က စစ်တပ်အာဏာသိမ်းရင် အာဏာရလို့ ခိုးရမယ်ထင်ပြီး ထောက်ခံခဲ့တဲ့ ဘောမ၊ စစ်မိသားစု အများစုဟာလဲ ယခုအချိန်မှာ တပ်ထဲဝင်ဖို့ ငြင်းဆန်နေကြပါတယ်။ ဘုန်းကြီးအများစုကလဲ ဂူဂူနဲ့ ဆေဆေတို့ကသာပါပြီး လက်နက်ကိုင်ထောက်ခံဖို့အထိတော့ စိတ်မဝင်စားပါ။ ပါတီ ၅၀ ကလဲ ရူးချင်ယောဆောင်နေပါပြီ။ ဝေဖန်ရတာကို ဝါသနာပါသူများက အာဏာသိမ်းထဲက နိုင်ငံရေးမှာ မပါတော့ပါ။ သူတို့က ယခင်ကဝေဖန်လို့ရလို့ ဝေဖန်တာသာဖြစ်ပြီး သူတို့က နိုင်ငံရေးကင်းကြောင်း ယခုအချိန်မှာ ပြနေကြပါတယ်။ အဘကိုလဲ မထောက်ခံပါ။

ယခု မအလအတွက် ဆန္ဒပြသူကိုကြည့်ပါ။ မအလကမြို့အနှံ့ ဘာသာရေးဆန္ဒပြပွဲလုပ်ပေမယ့် ဒီလူတွေသာပါ။ ဥပမာ ကျော်မျိုးမင်းအောက်မှာ အားပေးသူကလဲ ဒီလူ၊ ကျော်စိုးဦးအောက်အားပေးသူကလဲ ဒီလူ၊ တပ်ကဖွတ်ညိုအောက် အားပေးသူကလဲ ဒီလူ၊ မျိုးထိုက်တန်သိန်းအောက် အားပေးသူကလဲ ဒီလူ၊ မြတ်အောင်အောက် အားပေးသူ၊ အိုင်ရင်းအောက်အားပေးသူကလဲ ဒီလူပါဘဲ၊ တီကောင်အောက်ကလဲ ဒီလူ၊ မဘသအောက်လဲ ဒီလူပါဘဲ။ ဒါကြောင့် အဘအတွက်ထောက်ခံသူတွေက အများကြီးလို့ထင်ရပေမယ့် ဒီလူတွေကသာ အုပ်စုမျိုးစုံမှာ ပါနေတာပါ။

ဒီကိစ္စက ပြည်သူ့လုံခြုံရေးမဟာဗျူဟာမှာ အရေးပါလာပါတယ်။ သူက ပါတီဝင်တွေကိုစုမယ်ဆိုရင် ဖွတ်ရော အခြားပါတီ ၅၀ အားလုံးပေါင်းလဲ ဒီလူပါဘဲ။ ဒါ့အပြင် မအလအနားကလူတွေကိုကြည့်ပါ။ မအလကထိုင်းတပ်နဲ့ နောက်ဆုံးတွေ့ချိန်မှာ သူ့အနားကိုနှစ်ယောက်သာ ခေါ်ထားခဲ့ပါတယ်။ တပ်ထဲမှာ ဗိုလ်တွေက ရိုက်သတ်လို့မကုန်ပါ။ အထက်မှာလဲ သူ၊ စိုးဝင်း၊ မောင်မောင်အေး၊ ရာပြည့်၊ ရဲဝင်းဦးတို့နဲ့သာ ဒစ်လယ်နေပြီး မိုးအောင်လို လူတောင် စိတ်မချရသူဖြစ်လာတာက အံ့ဩစရာပါ။

အကျဉ်းချုပ်ရရင် အဘနားမှာက ယုံကြည်ရသူက နဲလာနေတာကို သွားတွေ့ရပါတယ်။ သူ့ကို စားရမလားလို့ ထောက်ခံခဲ့သူများကလဲ မစားရဘဲ သေဖို့ဖြစ်လာလို့ ယခင်ကလို လေနဲ့တောင် မထောက်ခံတော့ပါ။ သူတို့က အလကားတော့ လက်နက်ချမှာမဟုတ်ဘဲ ဖိအားလိုမှာပါ။ ဖိအားကတော့ ရှမ်းမြောက်နဲ့ ရခိုင်မှာလို ဖိနိုင်မှရမယ်လို့သာ ပြောပါရစေ။ ဖိအားက လူနဲ့လက်နက်ရှိမှ ရနိုင်မှာပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Suan Pau
Suan Pau
Jan 17, 2024

ဗန္ဓုလတပ်(မအလ)တပ်ရဲ့ အစိုးရိမ်ဆုံး၊အလေးထားဆုံးက ကွန်မြူနစ်ပါတီနှင့် စနစ်ပါ။

သို့ပေသိ သူ့တပ်ကိုယ်တိုင်က ဘုရားမဲ့ ကွန်မြူနစ်ပုံစံကို လိုက်ကျင့်သုံးနေမှတော့ လမ်းဆုံးပြီပေါ့။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page