top of page
Search

အဘလားရှိုးကို ဘာဆက်လုပ်မလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 30, 2024
  • 1 min read

အဘလားရှိုးကို ဘာဆက်လုပ်မလဲ

MNDAA ကအပစ်ရပ်မယ် တရုတ်အကြိုက် ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ကြေညာချက်ထုတ်ပါတယ်။ ထို့တူပါပဲ မအလကလဲ PDF တွေကအစ အကုန်လုံးနဲ့ငြိမ်းချမ်းရေးတွေ့မယ်ဆိုပြီးတရုတ်အကြိုက်ကြေညာချက်ထုတ်ခဲ့ပါတယ်။ သူက အဓိက NUG ကို ချန်ထားခဲ့ပါတယ်။  ဒါဆိုရင်တော့အားလုံးကငြိမ်းချမ်းရေးတွေ့မယ်ဆိုပြီးပြောနေလို့နှစ်ဖွဲ့တွေ့တော့မှာပါလာ။

မအလ နည်းနည်းလွန်သွားတာလေးတွေရှိပါတယ်။ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုကြေညာပြီး လားရှိုးကို ဗုံးမကြဲရင်တောင် MNDAA အနေနဲ့ ဝေဝါးဝါးလေးဖြစ်သွားနိုင်ပါတယ်။ သူကညကြေညာပြီး မနက်ဖက်ဗုံးကြဲတာကလည်း မတော်တဆဆိုပြီး ဆင်ခြေပေးလို့ရနိုင်ပါသေးတယ်။ ဒါပေမယ့် သူကနေ့တိုင်းဗုံးကြဲနေလို့ဒါက တိုက်ဆိုင်မှုမဟုတ်တော့ပါ။ သူကြဲနေတဲ့နေရာတွေကလည်း မတော်တဆ မဟုတ်ဘဲ အထင်ကရနေရာတွေဖြစ်လာနေပါတယ်။ MNDAA  က တပ်မိသားစုတွေကိုများများကိုပြန်လွှတ်ပေးခဲ့လို့ သူတို့မှာ ဒီလူတွေကိုထားစရာ အဆောက်အဦး မရှိတော့ပါ။ ဥပမာ စျေး၊ ဆေးရုံ၊ ထွေအြပ်ရုံးတွေမှာ စစ်သုံ့ပန်းနဲ့ တပ်မိသားစုလက်နက်ချတွေရှိခဲ့ရင် ယခုလိုဗုံးဒဏ်ကို အတန်အသင့် ဟန့်တားနိုင်မှာပါ။

ဒီနေရာမှာ မအလရဲ့ မထင်မှတ်တဲ့ ကိုယ့်ဂိုးကီုယ်သွင်းသော အကွက်တစ်ခုကလည်းရှိပါသေးတယ်။ သူက NUG ကိုအမေရိကန်က ဒေါ်လာသန်းနှစ်ရာရတယ်ဆိုပြီးကြေညာလိုက်တာပါ။ ဒါက NUG ကိုပေးတာမဟုတ်တာ သေချာပါတယ်။ အမေရိကန်က သူနောက်လိုက် NGO တွေကို အများစုပေးတာပါ။ အချို့အဖွဲ့တွေက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံရောက်စဉ်တွေ့တဲ့သူတွေထဲမှာ ပါပါတယ်။ အချို့အဖွဲ့တွေကရိုဟင်ဂျာအဖွဲ့တွေပါ။ ယခင်ရေးခဲ့သလိုပဲအများစုလှူတာက ဘင်္ဂလားဒေ့ရှ်ကိုသွားပါတယ်။ မြန်မာနိုင်ငံ နာမည်အောက်ကပါ။ ထိုင်းနယ်စပ်မှာဆေးဝါးထောက်ပံတာဘာညာတော့ရှိချင်ရှိမှာပါ။ ယခင်ကပြောခဲ့သလိုပါပဲ။ ဒီလောက်အထိက တရုတ်ကယုံနိုင်ပါသေးတယ်။ ဒါပေမယ့် မအလဂျင်းကနည်းနည်းများသွားပါတယ်။ သူက MNDAA ကို အမေရိကန်ကထောက်ပံ့တယ်ဆိုတော့ တရုတ်အတွက် ရယ်ရမလို ငိုရမလိုဖြစ်သွားမှာပါ။ MNDAA ကဘယ်သူအောက်မှာရှိလဲဆို တရုတ်သိပါတယ်။ ဒါကအားလုံးသိနေတဲ့မေးခွန်းပါ။ ဒီကိစ္စမှာ မအလဆိုက်ဝါက နည်းနည်းများသွားပါတယ်။ ကိုယ့်ဂိုးကိုယ်ပြန်သွင်းသွားတာပါ။

ယခုဗုံးကြဲနေတာက MNDAA အနေနဲ့ လားရှိုးမြို့ကိုမြို့အနေနဲ့မရဘဲ ပြာပုံအနေနဲ့ဖြစ်သွားအောင် စနစ်တကျလုပ်ဆောင်နေတာပါ။ မြေပြင်ထိုးဆင်းမစခင်


အဆောက်အဦးအကြီးတွေကို ဆီးရီးယားမှာလိုဖြိုဖျက်တဲ့သဘောပါ။ အကြံပေးတာက ရုရှား မောင်းတာကတရုတ်လေယာဉ် ဗုံးက ကပစထုတ်ပါ။ ယခုထက်ပြင်းအားမြင့်တဲ့ဗုံးတွေကိုလည်းရုရှားကနေ မှာယူထားပါတယ်။အချို့က မြောက်ကိုရီးယားကပါ။ ဒါအပြင်ရှမ်းမြောက်အတွက် စစ်ကူအင်အားတွေကို တောင်ပိုင်းကနေပို့ဆောင်နေပါတယ်။ အသစ်စုဆောင်းထားတဲ့ တပ်သားတွေကိုလည်းသုံးမှာပါ။ အောင်ခမ်းထီကလဲ သူ့တပ်ထောက်ပံ့ဖို့ ရှိပါတယ်။ သူက ကရင်နီမှာ မအလအောင်မြင်အောင် ကူညီခဲ့သူပါ။

ဒါဆိုရင်မေးစရာရှိတာကသူ့တပ်တွေဒီလောက်အတိုက်ခံနေရတဲ့အချိန်မှာ  မအလက တန်ပြန်ထိုးစစ်ဆင်ရဲပါ့မလားဆိုတာပါ။ တိုင်းပြည်ကိုဗစ်ဖြစ်နေချိန်တောင်


အာဏာသိမ်းခဲ့တဲ့သူမို့လို့ သူ့ကိုမှန်းလို့မရပါ။ နိုင်တာမနိုင်တာကနောက်ကိစ္စဖြစ်ပြီး သူကတော့သူလုပ်ချင်တာကို လုပ်မှာပါ။ ဟစ်တလာလည်းသူ့စစ်မရှုံးခင်မှာတော့ တန်ပြန်ထိုးစစ်ဆင်သွားပါသေးတယ်။  သူ့ သူတန်ပြန်ထိုးစဉ်နာမည်က Battle of the Bulge ဖြစ်ပြီ ၁၉၄၄ ဒီဇင်ဘာ ၁၆ ကနေ ၁၉၄၅ ဇန်နဝါရီ ၁၆ အထိပါ။ ဟစ်တလာလည်းနိုင်ခဲ့ရင်တော့နာမည်ကြီးမှာပါ။ ရှုံးတော့လဲ သူ့ဖာသာသူ သတ်သေသွားခဲ့ပါတယ်။

ယခုမအလကလည်း တရုတ်အလိုကျစာထုတ်ပေမယ့် သူ့စာကတော့ဘယ်သူမှ မလာအောင်တမင်ထုတ်ထားတဲ့ပုံပါ။ MNDAA ကလည်းတရုတ်အလိုကျစာထုတ်ထားတာပါ။

မေးခွန်းက MNDAA အနေနဲ့ မအလတိုက်တဲ့အချိန်အထိ ထိုင်စောင့်ပြီးခုခံ၊ ဆွေးနွေးပွဲကို တောင့်ခံပြီးတော့စောင့်နေမလား ဒါမှမဟုတ်မိမိကလက်ဦးမှု ရယူမလားဆိုတာပါ။ စစ်မြေပြင်ကိုတောင်ကြီးမန္တလေးရွေ့နိုင်ခဲ့ရင်တော့ MNDAA အတွက် သက်သာမှာပါ။ မိမိကမတိုက်နိုင်ရင်တောင်တိုက်နိုင်သူကိုကူညီလိုက်ရင်အဆင်ပြေသွားနိုင်ပါတယ်။ မအလအလာကိုသာ ထိုင်စောင့်နေရင်တော့ ကံကောင်းရင်လည်းနိုင် ကံမကောင်းရင်လည်း ရှုံးသွားနိုင်ပါတယ်။ ကံဆိုတာကတော့အလုပ်ပါပဲ။

မအလကိုတော့ လျော့မတွက်ပါနဲ့ တပ်ထဲမှာ မအလပြင်နေတာက တန်ပြန်ထိုးစစ်

အတွက်ပါ။

ပြည်သူကတော့ NUG အောက်က PDF ကိုသာလှူပါ။ PRF ကတဆင့် NUG အောက်က စစ်ကိုင်း၊ မကွေး၊ မန္တလေးကို ထောက်ပံ့ပေးပါ။ တရုတ်အောက်က PDF အယောင်ဆောင် ကွန်မြူနစ်တွေကို ရှောင်ပါ။ တရုတ်ခြေကုတ်ကို အညာမှာ မပေးမိပါစေနဲ့။ NUG နဲ့ NUG အောက်က PDF အင်အားရှိမှ တိုင်းပြည်အင်အားရှိမှာပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page