top of page
Search

အဘပြောတဲ့အတိုင်း မဲပေးမယ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 7, 2020
  • 1 min read

ree

အဘပြောတဲ့အတိုင်း မဲပေးမယ်

ဘစိန်က လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲပေးရမလဲဆိုတာကို ယခုလိုပြောခဲ့ပါတယ်။

“ ကျွန်တော်တို့ရွေးချယ်ပေးလိုက်တဲ့သူတွေဟာ အရေးကြီးဆုံးအချက်ဖြစ်တဲ့ ကိုယ်ကျင့်တရားတွေကောင်းဖို့လိုပါတယ် ထိုက်သင့်တဲ့ ပညာအရည်အချင်းတွေ ရှိဖို့လိုပါတယ်။ ကိုယ်တိုင်းပြည်ရဲ့ အကျိုးကိုယ့်ဒေသရဲ့ အကျိုး ကို အမှန်တကယ် သယ်ပိုးဆောင်ရွက်လိုတဲ့ လူတွေဖြစ်ဖို့လိုပါတယ် ။ ဒီအရည်အချင်းတွေအပြင် ကိုယ်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ်အများစု ကိုးကွယ်တဲ့ ဘာသာ သာသနာနဲ့ ကိုယ့်ရဲ့ တပ်မတော်ကို စောင့်ရှောက် လိုစိတ်ရှိတဲ့ လူတေဖြစ်ဖို့လိုပါတယ်” လို့ ဘစိန်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ဘစိန်ပြောတာဟာ အင်မတန်ကောင်းပြီး တပ်မတော်သားတွေ၊ အခြားတွေဝေနေတဲ့ ဖွတ်တွေကိုဘယ်လိုလူရွေးရမယ်ဆိုတာကို ပြောသွားတာပါ။

ပထမဆုံးက ကိုယ်ကျင့်တရား ကောင်းဖို့ပါ။ ဒါဟာအင်မတန်လိုအပ်ပါတယ်။ NLD က ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေဟာ ဖွတ်ဝန်ကြီးတွေလို မီးရထားသူခိုး၊ ကန်ထရိုက်သူခိုး၊ ရရာခိုးသူတွေမဟုတ်ပါ။နောက် ဖွတ်ဝန်ကြီးချုပ်တွေ ခိုးခဲ့လို့ အရစ်ကျပြန်ဆပ်ရတာလဲ လူတိုင်းသိမှာပါ။ ဒါကြောင့် ဘစိန်ပြောတဲ့ ကိုယ်ကျင့်တရားနဲ့ ရွေးရင်လဲ NLD က သာနေပါတယ်။

နောက်ပညာရေး။ NLD က ဝန်ကြီးနဲ့ ဝကခ အများစုဟာ တပ်ကဘွဲ့တွေထက်သာတာတွေ့နေရပါတယ်။ သူတို့ရထားတဲ့ ဆရာဝန်ဘွဲ့၊ အင်ဂျင်နီယာဘွဲ့ဟာ MA(Defence) ထက်သာတာကိုတွေ့ရပါတယ်။အမှား အမှန်ခွဲခြားတဲ့ ပညာအားဖြင့်ကတော့ အများကြီးသာပါတယ်။ လက်ရှိတပ်ချုပ် မအလဟာ ၁၀တန်းကို အောင်ရုံ အောင်ခဲ့တာပါ။ ဂုဏ်ထူးမထွက်ခဲ့ပါ။ သူ့ရဲ့ လသာ (၁) က သူငယ်ချင်းတွေသိပါတယ်။ သန်းဌေးကတော့ စကားထဲ ထည့်မပြောပါ။ NLD ရဲ့ ဥက္ကဌက အင်္ဂလန်နိုင်ငံ Oxford က ဘွဲ့ရခဲ့တာဖြစ်ပြီး ဒုဥက္ကဌ (၂) ဒေါက်တာဇော်မြင့်မောင်က ဆရာဝန်ဖြစ်လို့ ၁၀ တန်းကို အောင်ရုံဉာဏ်နဲ့ စစ်ထဲဝင်သူတွေနဲ့ အကွာကြီး ကွာနေတာတွေ့ပါမယ်။ ဒါကအတန်းပညာမှ အထင်ကြီးလိုတဲ့ စာဖတ်သူများသိအောင်ပါ။

ကိုယ့်တိုင်းပြည် ကိုယ့်ဒေသအတွက် ဆောင်ရွက်တဲ့နေရာမှာ ဖွတ်ဟာ အသေခိုးခဲ့ပြီး ၁၉၆၂မှ ၂၀၁၆အထိ စစ်အစိုးရလက်ထက် နှစ်ပေါင်း ၅၄ နှစ်အတွင်းဖောက်ခဲ့တဲ့ ရထားလမ်း၊ ကားလမ်းအရှည်ကိုNLD အစိုးရ သုံးနှစ်ကျော်မှာ ဖောက်နိုင်ခဲ့သလို လျှပ်စစ်မီးကို ၁၉၄၈မှ ၂၀၁၆ အထိ တစ်နိုင်ငံလုံးရဲ့၃၀% သာလုပ်နိုင်ခဲ့ပေမယ့် NLD သုံးနှစ်ခွဲအတွင်း ၅၀% အထိလုပ်နိုင်ခဲ့ပါတယ်။

နောက် သာသနာနဲ့တပ်မတော်ကို စောင့်ရှောက်တဲ့အပေါ်မူတည်ပြီး ရွေးပါလို့ အဘစိန်ပြောတဲ့အတိုင်းစဉ်းစားလိုက်ပြန်ပါတယ်။ NLD အစိုးရလက်ထက် ရန်ကုန်က နှစ်ကူးတရားပွဲတွေ၊ မန္တလေးက သံဃာအပါး ထောင်ချီဆွမ်းလောင်းတာတွေဟာ စစ်အစိုးရလက်ထက် မလုပ်ခဲ့တာတွေပါ။ သာသနာဖျက်တဲ့ဝီဝီတို့ကိုလဲ အရေးယူနိုင်ခဲ့ပါတယ်။ တပ်မတော်အတွက်လဲ လေယဉ်အသစ်တွေ၊ သင်္ဘောအသစ်တွေ၊ရေငုပ်သင်္ဘောတွေ ဝယ်နိုင်အောင် ဘတ်ဂျက်ချပေးခဲ့လို့ အလွန်တိုးတက်ခဲ့ပါတယ်။ ဒါတင်မကဘဲ မိမိတပ်မတော်နဲ့ နိုင်ငံအတွက် ICJ မှာ အတိုင်ပင်ခံကိုယ်တိုင် ကာကွယ်ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် စာရေးသူအနေနဲ့ ဘစိန်ပြောတဲ့အတိုင်း ၂၀၂၀ မှာ ဘယ်သူ့ကိုမဲပေးမလဲ စဉ်းစားလိုက်ရာမှာDASSK ဦးဆောင်တဲ့ NLD ကိုသာ မဲပေးရမယ်လို့ အဖြေထွက်လာပါတယ်။ ယခုလို အဘက ပြောပေးလို့ ကျေးဇူးပါ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page