အဘနဲ့ ဓာတ်ခဲ တကယ်ဖိုက်ပြီလား?
- Myat Tun Oo
- Sep 8, 2020
- 1 min read
ဓာတ်ခဲနဲ့အဘဟာ ပွဲအစမှာတော့ အချစ်စမ်းနေပုံသာ ဖြစ်ခဲ့ပါတယ်။ ဓာတ်ခဲက ရဲစခန်းသာအဓိကတိုက်ခဲ့ပြီး အဘကလဲ ကာလုံ ကာလုံသာ အော်ခဲ့ပါတယ်။ ၂၀၁၉ စက်တင်ဘာနောက်ပိုင်းမှာ ဓာတ်ခဲက တပ်စခန်းတွေပါ တိုက်လာလို့ ဒုတပ်ချုပ်က ကာလုံခေါ်ခေါ် မခေါ်ခေါ် တိုက်ရမယ်ဆိုပြီး တင်ပြပြီးတိုက်ပါတယ်။ အစိုးရကိုတော့ တင်ပြတာလောက်ပါ။ သူပုန်ဟာ မီးဝဗျူဟာကုန်းကို ဝိုင်းထားနိုင်တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ သူ့ရွာတွေကနေ အရပ်သားနဲ့ရောပြီး ခံချခဲ့ပါတယ်။ တပ်ဟာ အရပ်သားနဲ့ရောနေတဲ့သူပုန်ကို ခက်ခက်ခဲခဲ တိုက်ခဲ့ရပါတယ်။ မီးဝဗျူဟာကုန်းကို မရလိုက်ပေမယ့် ပလက်ဝကိုသူပုန်က ရိက္ခာဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။
တပ်ကထိုးစစ်ဆင်လာချိန်မှာ ဓာတ်ခဲက မအလကို တပ်ကဘင်္ဂါလီကို ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေရဲ့ အထောက်အထားကို ICC ပို့မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါဟာ သူတို့အချင်းချင်းသာ သိနိုင်မှာပါ။ အဘနဲ့ ANP က တွေ့ခဲ့တာလေ။ အဲ့ဒီအချိန် မြေပြင်က အရပ်သားဟာ ဓာတ်ခဲအဖွဲ့ဝင် (သို့) ထောက်ခံသူလားဆိုတာ သူတို့သာ သိမှာပါ။ မနေ့ကတော့ ဓာတ်ခဲကဖမ်းထားတဲ့ စစ်သားနှစ်ယောက်က ICC မှာ တရားလိုပြသက်သေအနေနဲ့ ထွက်ဆိုမယ်ဆိုပြီး New York Times မှာပါလာခဲ့ပါတယ်။တပ်သားမျိုးဝင်းထွန်းနဲ့ ဇော်နိုင်ထွန်းတို့က သူတို့ကို ဗျူဟာမှူး ဗိုလ်မှူးကြီးသန်းထိုက်က ခိုင်းတယ်အလောင်းတွေကို အမှတ် ၅၅၂ ခြေလျင်တပ်ရင်းနားမှာ မြုပ်ထားတယ်ဆိုပြီး သက်သေထွက်တာပါ။သူတို့ထွက်တာ ဟုတ်မဟုတ်က မသိသေးပေမယ့် ဓာတ်ခဲဟာ အခြားသူပုန်တွေလိုမဟုတ်ဘဲ ဘင်္ဂါလီကိုတောင် ချစ်ပြီး အဘကို အဆုံးပို့နေတာတွေ့ရပါတယ်။
ဒီစွပ်စွဲချက်တွေက မှန် မမှန်မသေချာပေမယ့် အဘကို ပို့နေတာတော့ သေချာပါတယ်။ နောက်ကိုဗစ်ကိစ္စ ဓာတ်ခဲက ထွန်းမြတ်နိုင်ပြောတာဟာလဲ လူမျိုးရေးအမုန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ အကယ်၍မိမိကနိုင်နေရင် ယခုလိုပြောစရာမရှိပါ။
ယခင်က မြန်မာ့နိုင်ငံရေးမှာက ဗိုလ်မြသူပုန်ဆိုပြီး နောက်ပိုင်း ဖထီးဖြစ်လို့ရပေမယ့် ယခုဓာတ်ခဲကတော့ အဆုံးချနေပုံပါ။ မြန်မာပြည်ရဲ့ ပြဿနာက ညွှန်ချုပ်သာ ညွှန်ချုပ်နေရာမှာ ထားနိုင်ရင်အများစုက ငြိမ်းချမ်းရေးရပြီး ပြောမရတဲ့ အစွန်းရောက်သူပုန်တွေကိုလဲ ပြည်သူနဲ့အတူ ချေမှုန်းနိုင်မှာပါ။
News Credit: New York Times




















Comments