top of page
Search

အဘတို့ကြောက်တဲ့ အထူးအဖွဲ့

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 30, 2023
  • 1 min read

ree

ယခုအချိန်မှာ တိုင်းမှူးအားလုံး၊ တပ်မမှူးအားလုံး၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး၊ တပ်ရင်းမှူးအားလုံး ကြောက်နေရတာ နေပြည်တော်က အထူးအဖွဲ့ပါ။ ပြည်သူသိတာက ကချင်နဲ့ တနင်္သာရီပေမယ့်အခြားကရင်နဲ့ ကရင်နီဘက်မှာလဲ ဗျူဟာမှူးဗိုလ်မှူကြီးတွေအထိ ပါပါတယ်။ အချို့ကိစ္စက ငွေကိစ္စအကြောင်းပြပေမယ့် မအလတပ်ထဲမှာ ငွေကိစ္စ၊ မိန်းမကိစ္စ ကင်းသူနည်းပါတယ်။ အများစုက အထက်ကိုအားလုံးနိုင်ပါတယ်လို့ တင်ပြပြီး သတင်းဌာနတွေက ဘယ်စခန်းကျပြီဆိုပြီး ဗီဒီယိုတက်လာလို့ အဗျင်းခံရတာပါ။ ရခိုင်ကတိုင်းမှူးဆိုရင်ဆေးကိစ္စ ငွေယူတာသိပေမယ့် AA ကို ထိန်းနိုင်လို့ဆိုပြီး မအလကလွှတ်ပေးထားပါတယ်။ ဒုဗိုလ်ချုပ်ကြီးအဆင့်က အနားပေးတာနဲ့ပြီးပေမယ့် ဗိုလ်ချုပ်အဆင့်အထိကတော့ အဖမ်းခံရလာနေပါပြီ။မေးခွန်းက ဘယ်ကောင် ဘယ်အထိငြိမ်ခံမှာလဲ? ဘာပြန်လုပ်မလဲဆိုတာပါ။ တေဇကျော်တောင် ဒီတောင်ကို ကျော်နိုင်ပါ့မလား မသိပါ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page