top of page
Search

အဘတို့ကြောက်တဲ့ အထူးအဖွဲ့

Writer: Myat Tun Oo
Myat Tun Oo
Jul 30, 2023
1 min read

ယခုအချိန်မှာ တိုင်းမှူးအားလုံး၊ တပ်မမှူးအားလုံး၊ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး၊ တပ်ရင်းမှူးအားလုံး ကြောက်နေရတာ နေပြည်တော်က အထူးအဖွဲ့ပါ။ ပြည်သူသိတာက ကချင်နဲ့ တနင်္သာရီပေမယ့်အခြားကရင်နဲ့ ကရင်နီဘက်မှာလဲ ဗျူဟာမှူးဗိုလ်မှူကြီးတွေအထိ ပါပါတယ်။ အချို့ကိစ္စက ငွေကိစ္စအကြောင်းပြပေမယ့် မအလတပ်ထဲမှာ ငွေကိစ္စ၊ မိန်းမကိစ္စ ကင်းသူနည်းပါတယ်။ အများစုက အထက်ကိုအားလုံးနိုင်ပါတယ်လို့ တင်ပြပြီး သတင်းဌာနတွေက ဘယ်စခန်းကျပြီဆိုပြီး ဗီဒီယိုတက်လာလို့ အဗျင်းခံရတာပါ။ ရခိုင်ကတိုင်းမှူးဆိုရင်ဆေးကိစ္စ ငွေယူတာသိပေမယ့် AA ကို ထိန်းနိုင်လို့ဆိုပြီး မအလကလွှတ်ပေးထားပါတယ်။ ဒုဗိုလ်ချုပ်ကြီးအဆင့်က အနားပေးတာနဲ့ပြီးပေမယ့် ဗိုလ်ချုပ်အဆင့်အထိကတော့ အဖမ်းခံရလာနေပါပြီ။မေးခွန်းက ဘယ်ကောင် ဘယ်အထိငြိမ်ခံမှာလဲ? ဘာပြန်လုပ်မလဲဆိုတာပါ။ တေဇကျော်တောင် ဒီတောင်ကို ကျော်နိုင်ပါ့မလား မသိပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page