top of page
Search

အဘဂျင်းထည့်ခံရသော ဒရုံးပစ်လက်နက်များ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 28, 2023
  • 1 min read

ဒရုံးပစ်လက်နက်ထဲကအချို့ဟာ DASSK အစိုးရကို နိုင်ငံအချို့က ထောက်ပံ့ထားတာပါ။ ဒါက သမ္မတကို ကာကွယ်ဖို့ဖြစ်ပြီး အာဏာသိမ်းအပြီးမှာ မအလက သူ့လုံခြုံရေးအတွက် သုံးထားပါတယ်။ အနောက်နိုင်ငံထုတ်ဖြစ်ပြီး အနည်းငယ်သာရှိပါတယ်။ စစ်စခန်းတိုင်းကို မပေးနိုင်ပါ။ ရှမ်းမြောက်မတိုက်ခင်မှာ မအလက ဒရုံးပစ််ဖို့ လက်နက်ဝယ်ပါတယ်။ ထိုအချိန်မှာ မိုးမြင့်ထွန်းရော ညိုစောရောနဲ့သိသူများက ကန်ထရိုက်ရပြီး သွင်းခဲ့ပါတယ်။ ဒေါ်လာသောင်းဂဏန်းနဲ့ ပေါပေါရတယ်ဆိုပြီးပါ။ ဒကစတို့၊ စကခတို့မှာ ထားပါတယ်။ တပ်ရင်းတွေကိုတော့ မပေးနိုင်ခဲ့ပါ။

အဆိုပါ ဒရုံးပစ်လက်နက်တွေက တကယ့်တိုက်ပွဲမှာ အလုပ်မဖြစ်တာတွေ့ရပြီး အင်တွေဖြစ်ကြောင်း ရှမ်းမြောက်မှာ သွားတွေ့ရပါတယ်။

တကယ်ဆိုရင် ဒရုံးတင်သွင်းသူ၊ ဒရုံးကန်ထရိုက်ချပေးသူ မိုးမြင့်ထွန်းနဲ့ ညိုစောကို အရေးယူရမှာပါ။ မိုးမြင့်ထွန်းက အဖမ်းခံထားရပြီး ညိုစောက အပြင်မှာကျန်နေပါသေးတယ်။ မအလဟာ သူ့သားကုမ္ပဏီတွေအမြတ်ရဖို့ စစ်သားတွေရဲ့အသက်ကို ရင်းနေတာကိုလဲ ထပ်တွေ့နေရပါတယ်။

ယခုမှ အီရန်၊ တရုတ်နဲ့ ရုရှားထံက ထပ်ဝယ်ဖို့ ကြိုးစားနေတာပါ။ သူဒရုံးပစ်လက်နက်ဝယ်လဲ သိပ်မကြောက်ပါနဲ့။ စာရေးသူတို့ PDF က ဩစီက ဒေါ်လာသိန်းချီဒရုံးပုံစံကို ဒေါ်လာရာဂဏန်းနဲ့ထုတ်ပြီးချနေတာပါ။ နည်းပညာက ရုရှား၊ တရုတ်တို့ထက်မြင့်ပါတယ်။ အဓိကက ကလေးတွေက ဉာဏ်ကောင်းလွန်းလို့ အဆင်ပြေမှာပါ။

အဘကတော့ အလိမ်ခံရလို့ စစ်မြေပြင်မှာ ရှုံးနေတာတောင် ညိုစောကို အရေးမယူရဲတာတွေ့ရပါတယ်။ သူအားနည်းနေတာ သိပ်ထင်ရှားနေပါပြီ။ ပြည်သူကတော့ PRF ကိုလှူပြီး ဆက်ချီတက်ကြပါ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Maung Chit Khaing
Maung Chit Khaing
Dec 28, 2023
 လူပြိန်းတစ်ယောက်အနေနဲ့ အဲဒါတွေက ရေဒီယို သေနတ်နဲ့ ကွန်ပြူတာ ပေါင်းစပ်ပါ ။ ခေတ်မီကွန်ပြူတာများကို နားမလည်သော ဗမာ့တပ်မတော်မှ ဗိုလ်ချုပ်ကြီးများ လိမ်လည်လှည့်ဖြားခံရခြင်ပင် ဖြစ်ပါသည်။
Edited
Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page