top of page
Search

အဘကအမှန်တွေစပြောပြီ အဘကအမွန္ေတြစေျပာၿပီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 13, 2019
  • 1 min read


မေန႔ကစစ္တကၠသိုလ္ေပါင္းစံုကတပ္မေတာ္သားမ်ားနဲ႔ေတြ႕ဆံုပြဲမွာအဘက" ေခါင္းေဆာင္မႈတြင္ေခါင္းေဆာင္ေကာင္းလွ်င္တုိးတက္မည္၊ေခါင္းေဆာင္ညံ့လွ်င္ဆုံး႐ႈံးမည္၊တပ္ပုိင္းဆုိင္ရာကိစၥမ်ားတြင္ေခါင္းေဆာင္၏ဦးေဆာင္မႈညံ့ဖ်င္းပါကအသက္မ်ားစြာဆုံး႐ႈံးေစႏုိင္မည္၊ထိုနည္းတူစြာနုိင္ငံ့ေခါင္းေဆာင္မႈအပုိင္းတြင္လည္းေခါင္းေဆာင္ေကာင္းပါကတုိင္းျပည္ဖြံ႕ၿဖိဳးတုိးတက္မည္ျဖစ္ၿပီးေခါင္းေဆာင္မႈညံ့ဖ်င္းပါကတုိင္းျပည္အတြက္ဆုံး႐ႈံးနစ္နာႏုိင္မည္ျဖစ္သျဖင့္ေခါင္းေဆာင္ေကာင္းမ်ားျဖစ္ေအာင္အၿမဲႀကိဳးပမ္းေနရမည္ျဖစ္" လို႔ေျပာသြားပါတယ္။

အဘေျပာတာဟာဒီတစ္ခါမွာေတာ့တကယ့္ကိုအမွန္ေတြေျပာသြားတာပါ။ျမန္မာျပည္မွာေခါင္းေဆာင္မႈမေကာင္းခဲ့လို႔၁၉၆၂ထဲက၂၀၁၆အထိအဆင္းရဲဆံုးႏိုင္ငံျဖစ္ခဲ့ရပါတယ္။ပညာေရးဟာလဲအညံ့ဆံုးျဖစ္ခဲ့သလိုက်န္းမာေရးေစာင့္ေရွာက္မႈ၊လူမႈဖူလံုေရးကအစညံ့ဖ်င္းခဲ့ပါတယ္။အဘေျပာတဲ့အတိုင္းကြက္တိပါ။

ဒါေပမယ့္ေခါင္းေဆာင္မႈေကာင္းတဲ့ဒီမိုအစိုးရလက္ထက္မွာ၂၀၁၆ကစလို႔အရာအားလံုးဟာေျပာင္းလဲခဲ့ပါတယ္။စီးပြားေရးဖြံ့ၿဖိဳးမႈဟာသစ္ခုတ္တာရပ္၊ေက်ာက္ခိုးေရာင္းတာေတြရပ္ထားတာေတာင္တည္ၿငိမ္စြာတိုးတက္လာေနပါတယ္။တ႐ုတ္ျပည္နဲ႔တရာူမဝင္ကုန္သြယ္ရာကေနတရားဝင္ကုန္သြယ္လာႏိုင္ပါၿပီ။စီးပြားေရးေကာင္းလာလို႔တပ္မေတာ္ထဲမွာဆိုလဲတစ္သက္လံုးမဝယ္ႏိုင္ခဲ့တဲ့SU 30SM ေလယဥ္ပ်ံေတြစဝယ္လာႏိုင္ခဲ့ပါတယ္။ေရငုပ္သေဘၤာလဲဝယ္ဖို႔ၾကည့္လာႏိုင္ပါတယ္။ေလေၾကာင္းရန္ကာကြယ္ေရးဒံုးေတြမွာႏိုင္တာလဲဒီမိုအစိုးရလက္ထက္မွာပါဘဲအဘ။ယခုဆိုေခါင္းေဆာင္မႈေကာင္းတဲ့ဒီမိုအစိုးရေၾကာင့္ၿဂိဳလ္တုေတာင္လြတ္တင္ႏိုင္ေတာ့မွာပါ။ေနာက္ၿပီးအသက္ႀကီးသူမ်ားကိုလဲလူမႈဖူလံုေရးေထာက္ပံ့ေၾကးေတြစေပးႏိုင္လာပါတယ္။ဒါျ့ပင္တိုင္းျပည္မွာအေႂကြးနည္းလာပါတယ္။လမ္းေတြေကာင္းလာသလိုေဆး႐ံုေတြဟာလဲယခင္ကထက္သိသာစြာပိုေကာင္းလာပါတယ္အဘ။

ဒါေပမယ့္ေခါင္းေဆာင္မႈညံ့ဖ်င္းတဲ့ဌာနေတြ၊ေျခဥအရအစိုးရေအာက္မွာမရွိတဲ့ဌာနေတြကတိုင္းျပည္မွာျပႆနာေတြတက္ေနဆဲပါအဘ။၂၀၀၈ေျခဥအရေခါင္းေဆာင္မႈညံ့တဲ့ေခါင္းေဆာင္ဦးစီးတဲ့ ဌာနဟာဝရမ္းေျပးဝီဝီ့ကိုမဖမ္းႏိုင္သလို၊ေအာင္ဝင္းခိုင္ကိုလဲယေန႔အထိမဖမ္းႏိုင္ခဲ့ပါ။ရခိုင္မွာဆိုလဲေလတပ္သာမကယ္ရင္ေခါင္းေဆာင္မႈညံ့လို႔လိုတာထက္တိုက္ရတာပိုၾကာေနတာပါ။ဓာတ္ခဲဟာKNU မဟုတ္သလို၊KIA လဲမဟုတ္ပါ။

အက်ဥ္းခ်ဳပ္လိုက္ရင္ေခါင္းေဆာင္ေကာင္းမရွိတဲ့ေနရာကVictoria အမႈေတာင္တိုင္ပတ္ေနတာသြားေတြ႕ရပါတယ္အဘ။

၂၀၀၈ေျခဥကိုျပင္ႏိုင္ခဲ့ရင္ေနရာတိုင္းမွာေခါင္းေဆာင္မႈေကာင္းသြားမွာျဖစ္လို႔သက္ငယ္မုဒိမ္းေတြလဲနည္းသြားမွာျဖစ္သလိုရခိုင္မွာလဲတပ္မေတာ္သားေတြယခုထက္ျမန္ျမန္ေအာင္ပြဲခံႏိုင္ပါမယ္အဘ။

ေခါင္းေဆာင္မႈဟာအေရးႀကီးတယ္ဆိုတာကိုအဘနဲ႔သေဘာတူပါတယ္။

Unicode version

အဘကအမှန်တွေစပြောပြီ

မနေ့ကစစ်တက္ကသိုလ်ပေါင်းစုံကတပ်မတော်သားများနဲ့တွေ့ဆုံပွဲမှာအဘက" ခေါင်းဆောင်မှုတွင်ခေါင်းဆောင်ကောင်းလျှင်တိုးတက်မည်၊ခေါင်းဆောင်ညံ့လျှင်ဆုံးရှုံးမည်၊တပ်ပိုင်းဆိုင်ရာကိစ္စများတွင်ခေါင်းဆောင်၏ဦးဆောင်မှုညံ့ဖျင်းပါကအသက်များစွာဆုံးရှုံးစေနိုင်မည်၊ထိုနည်းတူစွာနိုင်ငံ့ခေါင်းဆောင်မှုအပိုင်းတွင်လည်းခေါင်းဆောင်ကောင်းပါကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပြီးခေါင်းဆောင်မှုညံ့ဖျင်းပါကတိုင်းပြည်အတွက်ဆုံးရှုံးနစ်နာနိုင်မည်ဖြစ်သဖြင့်ခေါင်းဆောင်ကောင်းများဖြစ်အောင်အမြဲကြိုးပမ်းနေရမည်ဖြစ်" လို့ပြောသွားပါတယ်။

အဘပြောတာဟာဒီတစ်ခါမှာတော့တကယ့်ကိုအမှန်တွေပြောသွားတာပါ။မြန်မာပြည်မှာခေါင်းဆောင်မှုမကောင်းခဲ့လို့၁၉၆၂ထဲက၂၀၁၆အထိအဆင်းရဲဆုံးနိုင်ငံဖြစ်ခဲ့ရပါတယ်။ပညာရေးဟာလဲအညံ့ဆုံးဖြစ်ခဲ့သလိုကျန်းမာရေးစောင့်ရှောက်မှု၊လူမှုဖူလုံရေးကအစညံ့ဖျင်းခဲ့ပါတယ်။အဘပြောတဲ့အတိုင်းကွက်တိပါ။

ဒါပေမယ့်ခေါင်းဆောင်မှုကောင်းတဲ့ဒီမိုအစိုးရလက်ထက်မှာ၂၀၁၆ကစလို့အရာအားလုံးဟာပြောင်းလဲခဲ့ပါတယ်။စီးပွားရေးဖွံ့ဖြိုးမှုဟာသစ်ခုတ်တာရပ်၊ကျောက်ခိုးရောင်းတာတွေရပ်ထားတာတောင်တည်ငြိမ်စွာတိုးတက်လာနေပါတယ်။တရုတ်ပြည်နဲ့တရာူမဝင်ကုန်သွယ်ရာကနေတရားဝင်ကုန်သွယ်လာနိုင်ပါပြီ။စီးပွားရေးကောင်းလာလို့တပ်မတော်ထဲမှာဆိုလဲတစ်သက်လုံးမဝယ်နိုင်ခဲ့တဲ့SU 30SM လေယဉ်ပျံတွေစဝယ်လာနိုင်ခဲ့ပါတယ်။ရေငုပ်သင်္ဘောလဲဝယ်ဖို့ကြည့်လာနိုင်ပါတယ်။လေကြောင်းရန်ကာကွယ်ရေးဒုံးတွေမှာနိုင်တာလဲဒီမိုအစိုးရလက်ထက်မှာပါဘဲအဘ။ယခုဆိုခေါင်းဆောင်မှုကောင်းတဲ့ဒီမိုအစိုးရကြောင့်ဂြိုလ်တုတောင်လွတ်တင်နိုင်တော့မှာပါ။နောက်ပြီးအသက်ကြီးသူများကိုလဲလူမှုဖူလုံရေးထောက်ပံ့ကြေးတွေစပေးနိုင်လာပါတယ်။ဒါြ့ပင်တိုင်းပြည်မှာအကြွေးနည်းလာပါတယ်။လမ်းတွေကောင်းလာသလိုဆေးရုံတွေဟာလဲယခင်ကထက်သိသာစွာပိုကောင်းလာပါတယ်အဘ။

ဒါပေမယ့်ခေါင်းဆောင်မှုညံ့ဖျင်းတဲ့ဌာနတွေ၊ခြေဥအရအစိုးရအောက်မှာမရှိတဲ့ဌာနတွေကတိုင်းပြည်မှာပြဿနာတွေတက်နေဆဲပါအဘ။၂၀၀၈ခြေဥအရခေါင်းဆောင်မှုညံ့တဲ့ခေါင်းဆောင်ဦးစီးတဲ့ ဌာနဟာဝရမ်းပြေးဝီဝီ့ကိုမဖမ်းနိုင်သလို၊အောင်ဝင်းခိုင်ကိုလဲယနေ့အထိမဖမ်းနိုင်ခဲ့ပါ။ရခိုင်မှာဆိုလဲလေတပ်သာမကယ်ရင်ခေါင်းဆောင်မှုညံ့လို့လိုတာထက်တိုက်ရတာပိုကြာနေတာပါ။ဓာတ်ခဲဟာKNU မဟုတ်သလို၊KIA လဲမဟုတ်ပါ။

အကျဉ်းချုပ်လိုက်ရင်ခေါင်းဆောင်ကောင်းမရှိတဲ့နေရာကVictoria အမှုတောင်တိုင်ပတ်နေတာသွားတွေ့ရပါတယ်အဘ။

၂၀၀၈ခြေဥကိုပြင်နိုင်ခဲ့ရင်နေရာတိုင်းမှာခေါင်းဆောင်မှုကောင်းသွားမှာဖြစ်လို့သက်ငယ်မုဒိမ်းတွေလဲနည်းသွားမှာဖြစ်သလိုရခိုင်မှာလဲတပ်မတော်သားတွေယခုထက်မြန်မြန်အောင်ပွဲခံနိုင်ပါမယ်အဘ။

ခေါင်းဆောင်မှုဟာအရေးကြီးတယ်ဆိုတာကိုအဘနဲ့သဘောတူပါတယ်။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page