အဘကနိုင်နေပြီလား?
- Myat Tun Oo
- 6 hours ago
- 2 min read

ဘောမ ရပ်ကွက်ထဲမှာ အဘက စစ်ရေးအရ မြို့တွေ ပြန်သိမ်းနိုင်ပြီ၊ အိန္ဒိယကလည်း ဘဘကြီးကို တွေ့ပြီဆိုပြီး ပျော်နေကြသူတွေ ရှိကြပါတယ်။
ဒီနေရာမှာ အမှန်တချို့ ရှိပေမယ့် မအလ နိုင်ဖို့ဆိုတာက မဖြစ်နိုင်သလောက် အလှမ်းဝေးပါတယ်။ ရက် ၁၀၀ တွင်းမှာကတော့ မအလ လုံးဝ မနိုင်နိုင်တာ သေချာပါတယ်။
ဘာကြောင့်လဲ။ ပထမဆုံး ကမ္ဘာ့ဥပမာနဲ့ ပြောပြီး ဒုတိယအနေနဲ့ မအလရဲ့ ပြဿနာကို ပြောပြပါမယ်။
အားလုံး ဆီးရီးယားသမ္မတ အာဆတ်ကို သတိရမှာပါ။ ဆီးရီးယားမှာ အာရပ်နွေဦး ဆန္ဒပြသူတွေကို ပစ်ခတ်လို့ လက်နက်ကိုင် တော်လှန်ရေးကနေ ပြည်တွင်းစစ်ကြီး ၂၀၁၁ မှာ စဖြစ်ခဲ့ပါတယ်။ ဖြစ်ခါစမှာ အတိုက်အခံတွေက နိုင်သလို ရှိပေမယ့် နောက်ပိုင်းမှာ အာဆတ်က အီရန်နဲ့ ဟစ်ဇဘိုလာ အကူအညီနဲ့ နယ်မြေအများစုကို ပြန်သိမ်းလာနိုင်ခဲ့ပါတယ်။ ၂၀၂၁ မေလမှာ သမ္မတ ရွေးကောက်ပွဲအတုလုပ်ပေးခဲ့ပြီး ရွေးကောက်ပွဲကနေ သမ္မတအဖြစ် ထပ်အရွေးခံခဲ့ရပါတယ်။ အာဆတ်ဟာ စက်တင်ဘာ ၂၀၂၁ မှာ မော်စကိုသွားခဲ့ပြီး ပူတင်နဲ့ တွေ့ခဲ့ပါတယ်။ ၂၀၂၂ မှာ အီရန်၊ ၂၀၂၃ မှာ အိုမန်နဲ့ ဆော်ဒီတို့ကို သွားခဲ့ပါတယ်။ တရုတ်ပြည်ကိုလည်း ၂၀၂၃ မှာ သွားခဲ့ပြီး သမ္မတရှီနဲ့ တွေ့ခဲ့ပါတယ်။ အခြေအနေတွေ အလွန်ကောင်းခဲ့ပြီး အာဆီယံလို အာရပ်အဖွဲ့ချုပ်ကြီးကတောင် အဖွဲ့ထဲကို ၂၀၂၃ မှာ ပြန်အဝင်ခံခဲ့ပါတယ်။
အာဆတ်ဟာ သူနဲ့ဘာသာတူလူမျိုး အပေါ်မူတည်ပြီး ရာထူးရခဲ့ပြီး သူ့လူမျိုးတွေကိုလည်း ပြန်ကြည့်ပြီး နေရာပေးခဲ့လို့ မအလလို မဟုတ်ဘဲ သူ့လူမျိုး နောက်ခံ ရှိပါတယ်။ ဒါ့အပြင် သူနဲ့ ဘာသာတူတဲ့ အီရန်ရဲ့ ငွေ၊ ဟစ်ဇဘိုလာရဲ့ လူအင်အားထောက်ခံမှု ရထားလို့ အလွန်ခိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဟားမတ်စ် အကြမ်းဖက်အဖွဲ့က အစ္စရေးကို ၂၀၂၃ အောက်တိုဘာမှာ ဝင်တိုက်ပြီး အစ္စရေး ပြန်တိုက်ချိန်မှာ အာဆတ်ကို ထောက်ခံတဲ့ အီရန်နဲ့ ဟစ်ဇဘိုလာတို့က အားနည်းသွားခဲ့ပါတယ်။ ထိုအချိန်မှာ အတိုက်အခံတပ်တွေထဲက HST က အလျင်မြန် ထိုးစစ်ဆင်ခဲ့ပြီး မြို့တော်ကို ဝင်သိမ်းနိုင်လို့ အာဆတ်လည်း ထွက်ပြေးသွားခဲ့ရပါတယ်။ ထိုအတိုက်ခံတွေကို ဘယ်နိုင်ငံခြားကမှ အသိအမှတ်မပြုခဲ့ပါ။ ထိုအတိုက်အခံအဖွဲ့က လက်နက်ကိုင် ခေါင်းဆောင်ဆိုရင် အကြမ်းဖက်သမား ဆိုပြီး အမေရိကန်က ဖမ်းဝရမ်း ထုတ်ခဲ့သူပါ။ သူ အာဏာရလာချိန် သမ္မတဖြစ်ချိန်မှာ ထရမ့်က တွေ့ချင်တော့ ဖမ်းဝရမ်းကို ပြန်ရုတ်သွားခဲ့ရပါတယ်။
ဒါဆို မြန်မာပြည်ကို ပြန်ကြည့်ရအောင်
မအလရဲ့ အာဏာက စစ်တပ်က လာပါတယ်။ လူမျိုးကို အခြေမခံထပါ။ လောလောဆယ်မှာတော့ ရဲဝင်းဦးက သူပြောတာ လုပ်နေမှာပါ။ ဒါပေမဲ့ တပ်က ရာထူးအပြောင်းအရွှေ့တွေကို ရဲဝင်းဦးက သူ့ဖာသာ စလုပ်နေပါပြီ။ နှစ်နှစ်ကျော်၊ သုံးနှစ်ဆိုရင် မအလနဲ့ တိုက်ရိုက်သိသူတွေလည်း အောက်ခြေမှာ နည်းသွားမှာပါ။
ယခု ကြံ့ဖွတ်ဟာ မအလနဲ့တပ်ကို ခွဲမရသေးလို့ သူ့ပြောစကား နားထောင်သလိုရှိနေပေမယ့် ကြာလာရင် တပ်နဲ့သူ့ကြားမှာ ကြံ့ဖွတ်က ဝင်လာမှာပါ။
မအလဟာ လူသစ်စုဆောင်းတာကနေ လူအင်အားကို ရနေတာပါ။ အစပိုင်းမှာ ထပ်ထဲဝင်လိုသူ အချို့နဲ့ မပြေးလိုပေမယ့် စစ်တပ်ဘက်ကို စိတ်ရိုင်သူတွေ သူ့တပ်ထဲ ဝင်ပေမယ့် လူအများစုဟာ စစ်ပွဲထဲမှာ သေကုန်လို့ လူသစ်ဖြည့်စရာ လူနည်းလာနေပါပြီ။ ကြာလေ လူရှာရခက်လေ ဖြစ်လာမှာပါ။
နိုင်ငံခြားရေးအရကတော့ မအလဟာ အိန္ဒိယ၊ ရုရှားကို မျှော်ပြီး တရုတ်ကို ပြန်ထိန်းညှိဖို့ ကြိုးစားပေမယ့် သူ့အကွက်နဲ့သူ တိုင်ပတ်ပြီး တရုတ်နဲ့ ပြဿနာဖြစ်သွားနိုင်ပါသေးတယ်။ တရုတ်က သူ့ဘက်က လုပ်ပေးမယ်ပြောထားတာတွေ လုပ်ပေးအပြီးမှာ မအလက သူပြန်ပေးရမှာတွေ မလုပ်ပေးနိုင်ရင်လည်း ပြဿနာတက်မှာပါ။ တရုတ်စီမံကိန်းတွေကို လုံခြုံရေး မပေးနိုင်ရင်၊ တရုတ်စီမံကိန်းဒေသက KIA, PDF တွေကို မရှင်းနိုင်ရင်၊ AA ကို မရှင်းနိုင်ရင် ပြဿနာပေါ်မှာပါ။ ဒါက ဟို ကြီးကြီးကျယ်ကျယ် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မပြောသေးဘဲ တရုတ်အကျိုးစီးပွားအခြေခံနဲ့သာ ရေးပြတာပါ။
၂၀၂၁ မတိုင်ခင်မှာ PDF မရှိခဲ့ဘဲ ယခုအချိန်မှာတော့ လက်နက် အတန်အသင့် ပြည့်စုံပြီး တိုက်ရည်ခိုက်ရည်ကောင်းတဲ့ PDF ရှိတယ်ဆိုတာကို သူကိုယ်တိုင် ဝန်ခံထားခဲ့ရပါပြီ။ ၂၀၂၆ PDF ဟာ ၂၀၂၁ ထက်အများကြီး တပ်ပုံကျ နေပါပြီ။ ဒါက ခါးသီးတဲ့ အမှန်တရားဖြစ်ပြီး နိုင်ငံရေးကိစ္စမပြင်ရင် ပြန်ပြင်လို့ မရတော့ပါဘူး။
နောက်အဓိကက စီးပွားရေးပါ။ လူတွေဟာ စီးပွားရေးအဆင်ပြေရင်လဲ ဘယ်သူအုပ်ချုပ်အုပ်ချုပ် ငြိမ်နေတတ်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားရေးအများစုက ဘိန်းဖြူ၊ ဆေးပြားနဲ့ ကျားဖြန့်အပေါ် မူတည်နေပြီး ဒီအရာတွေ အားလုံးက တရုတ်၊ အမေရိကန်နဲ့ ပြဿနာတက်ဖို့ မီးပွားတွေပါ။ ဒါ့အပြင် ဒေါ်စိန်အေး ကျောင်းဆင်း ဒုညွှန်ချုပ် ညိုစောက ဦးပိုင်က ငွေခိုးတာလောက်သာ တက်ပြီး ဘာစီးပွားရေးမှ မလုပ်တတ်လို့ တိုင်းပြည်စီးပွားရေးကလည်း ကောင်းလာစရာ မရှိပါ။
ယခုရေးထားတာတွေက NUG က ဘာမှမလုပ်သေးဘဲ PDF က ဘာမှမလုပ်သေးဘဲတောင် သူဘာသာသူ တိုင်ပတ်နေမဲ့ ကိစ္စတွေပါ။
ဒီကြားထဲမှာ PDF က ပိုမို သိပ်သီးကျစ်လစ်ပြီး ဗျူဟာကျလာမှာ ဖြစ်လို့ ပြည်သူတွေက စနစ်တကျနဲ့ PRF ကတစ်ဆင့် ဆက်လှူထားရင် အရေးကြုံလာရင် အီရန်မှာလို မဖြစ်နေဘဲ မြို့တော်အထိ တက်သိမ်းနိုင်မှာပါ။ ဘယ်စစ်မြေပြင်ကမှ ငြိမ်သက်နေတာ မဟုတ်ဘဲ ယခုရေးထားတာက PDF က ဘာမှမတိုက်ဘဲ ဒုက္ခပေးရုံနဲ့ NUG က ဘာမှမလုပ်ဘဲတောင် သူ့ ပြဿနာနဲ့သူ ရင်ဆိုင်ရမယ့် အခက်အခဲကို မြင်သာအောင် ရေးပြတာပါ။ ပြည်သူတွေက မိမိတို့ရဲ့ NUG အောက်က PDF အားကောင်းအောင်သာ ဆက်လှူပေးကြပါ။ မအလကတော့ ဘယ်လိုမှ နိုင်စရာအကြောင်းမရှိပါဘူး။



Comments