top of page
Search

အဘကတော့ဝယ်မှာဘဲ အဘကေတာ့ဝယ္မွာဘဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 31, 2019
  • 1 min read

ree

အဘကေတာ့ဝယ္မွာဘဲ

အဘက႐ုရွားသြားၿပီးေရငုပ္သေဘၤာဝယ္ဖို႔ၾကည့္ခဲ့တာေရးၿပီးပါၿပီ။ျမန္မာျပည္ရဲ႕ျပည္တြင္းစစ္မွာလိုတာဟာေရငုပ္သေဘၤာမဟုတ္ဘဲရဟတ္ယဥ္နဲ႔တိုက္ေလယဥ္ဆိုတာလဲေရးၿပီးသြားပါၿပီ။ေရငုပ္သေဘၤာနဲ႔ရခိုင္မွာတိုက္လို႔မရပါဘူး။ဒါေပမယ့္အဘကေတာ့ဝယ္ဖို႔တျပင္ျပင္ပါဘဲ။

ဒီေနရာမွာယခင္ကလိုင္းေပၚမွာမထသအၿပီးဘစ္စကားအေဟာင္းေတြကိုသြင္းလာၿပီဆိုၿပီးရန္ကုန္တိုင္းအစိုးရကိုအဘရဲ႕တပည့္အေကာင့္တုေတြ၊ဖြတ္အေကာင့္တုေတြကတိုက္ခိုက္တာကိုမွတ္မိေနပါေသးတယ္။တကယ္ကေတာ့စက္႐ံုကအသစ္စက္စက္ဘစ္စကားေတြကိုသြင္းလာခဲ့ပါတယ္။ရန္ကုန္နဲ႔ျမန္မာျပည္မွာတစ္ခါမွမျမင္ဖူးတဲ့ကားအသစ္ေတြပါ။ဒါကိုလဲစားရင္းဝိုင္းစစ္ၾကပါတယ္။လႊတ္ေတာ္ကလဲေဝဖန္ေပါ့။ဟိုကလဲအမွန္လုပ္ထားေတာ့ေအးေဆးပါ။

ဒါေပမယ့္ယခုေရငုပ္သေဘၤာဝယ္ရာမွာေတာ့ဒါမ်ိဳးေတြမေတြ႕ရပါ။ဝယ္ဖို႔လိုလား? တိုင္းျပည္မွာကလိုအပ္ခ်က္ေတြမ်ားပါတယ္။လက္ရွိေျခဥအရအရပ္သားအစိုးရကေဆြးေႏြးႏိုင္တဲ့အေျခအေနမရွိသလိုစားရင္းကလဲမစစ္ႏိုင္ပါ။အေၾကာင္းျပတာကေတာ့ဘဂၤလားေဒ့ရွ္ကေရငုပ္သေဘၤာႏွစ္စီးရွိလို႔ဆိုပါတယ္။

ဒါေၾကာင့္ယခုအိႏၵိယကေန႐ုရွားကေရာင္းၿပီးအိႏၵိယေရတပ္မွာသံုးၿပီးသားကိုျပန္ဝယ္မွာပါ။ကားေလာကစကားနဲ႔ေျပာရရင္ဂ်ပန္ကလာတဲ့ကားမဟုတ္ဘဲဂ်ပန္ကားကိုယိုဒယားမွာသံုးၿပီးႏွစ္ပတ္ရစ္ကိုမွျပန္ဝယ္တာပါ။တစ္ပတ္ရစ္ေတာင္မဟုတ္ပါ။

ဒါဆိုရင္႐ုရွားရဲ႕ေရငုပ္သေဘၤာသမိုင္းကိုျပန္ၾကည့္ရေအာင္။၁၉၆၂မွာဆိုဗီယက္ေရငုပ္သေဘၤာB37 အမ်ိဳးအစားပ်က္ၿပီးေရတပ္သား၁၂၂ေယာက္ေသခဲ့ပါတယ္။၂၀၀၀ခုႏွစ္မွာကတ္ေရငုပ္သေဘၤာပ်က္လို႔တပ္သား၁၁၈ေယာက္ေသခဲ့ပါတယ္။၂၀၀၃မွာK-159 အမ်ိဳးအစားေရငုပ္သေဘၤာပ်က္လို႔တပ္သား၉ေယာက္ေသခဲ့ပါတယ္။၂၀၀၅မွာ႐ုရွားေရငုပ္သေဘၤာကငါးပိုက္ကြန္နဲ႔ညွိေနလို႔သေဘၤာသားေတြကိုအေမရိကန္ကကယ္ခဲ့ရပါေသးတယ္။၂၀၀၆မွာညဴကလီယာေရငုပ္သေဘၤာေပၚမီးေလာင္လို႔သေဘၤာသား၂ေယာက္ေသခဲ့ပါတယ္။၂၀၀၈မွာK-152 ေရငုပ္သေဘၤာအမ်ိဳးအစားမီးေလာင္လို႔သေဘၤာသားအေယာက္၂၀ေသခဲ့ပါတယ္။၂၀၁၁၊၂၀၁၃မွာလဲေရငုပ္သေဘၤာေတြမီးေလာင္လို႔သေဘၤာသားေတြဒဏ္ရာရခဲ့ပါတယ္။ ယခု၂၀၁၉ဇူလိုင္မွာေနာက္ထပ္ေရငုပ္သေဘၤာမီးေလာင္လို႔သေဘၤာသား၁၄ေယာက္ထပ္ေသပါေသးတယ္။ဒါေတာင္႐ုရွားကသေဘၤာေတြကတစ္ပတ္ရစ္မဟုတ္ပါ။႐ုရွားကသူ႔တစ္ပတ္ရစ္ကိုတ႐ုတ္နဲ႔အိႏိၵယကိုေရာင္းေလ့ရွိပါတယ္။ဒါေၾကာင့္အျခားအခ်က္ကိုမၾကည့္ဘဲဒီေရငုပ္သေဘၤာေတြရဲ႕ၾကံ့ခိုင္မႈကေတာင္သံသယျဖစ္စရာပါ။သူတို႔ရဲ႕safety record မေကာင္းပါ။

Y8 အျဖစ္ကမၾကာေသးပါ။ဒီဟာကေရေအာက္မွာျဖစ္ရင္အကုန္ေသမွာပါ။

ဒါေပမယ့္အဘကေတာ့ဘယ္သူေသေသဝယ္မွာပါ။Rolex ဖိုးေတြ၊႐ုပ္ရွင္ထုတ္ဖို႔ေတြ၊ေပးစရာေလးေတြရွိပါတယ္။ဒါေၾကာင့္အဘကေတာ့ဝယ္မွာပါဘဲ။

Unicode version

အဘကတော့ဝယ်မှာဘဲ

အဘကရုရှားသွားပြီးရေငုပ်သင်္ဘောဝယ်ဖို့ကြည့်ခဲ့တာရေးပြီးပါပြီ။မြန်မာပြည်ရဲ့ပြည်တွင်းစစ်မှာလိုတာဟာရေငုပ်သင်္ဘောမဟုတ်ဘဲရဟတ်ယဉ်နဲ့တိုက်လေယဉ်ဆိုတာလဲရေးပြီးသွားပါပြီ။ရေငုပ်သင်္ဘောနဲ့ရခိုင်မှာတိုက်လို့မရပါဘူး။ဒါပေမယ့်အဘကတော့ဝယ်ဖို့တပြင်ပြင်ပါဘဲ။

ဒီနေရာမှာယခင်ကလိုင်းပေါ်မှာမထသအပြီးဘစ်စကားအဟောင်းတွေကိုသွင်းလာပြီဆိုပြီးရန်ကုန်တိုင်းအစိုးရကိုအဘရဲ့တပည့်အကောင့်တုတွေ၊ဖွတ်အကောင့်တုတွေကတိုက်ခိုက်တာကိုမှတ်မိနေပါသေးတယ်။တကယ်ကတော့စက်ရုံကအသစ်စက်စက်ဘစ်စကားတွေကိုသွင်းလာခဲ့ပါတယ်။ရန်ကုန်နဲ့မြန်မာပြည်မှာတစ်ခါမှမမြင်ဖူးတဲ့ကားအသစ်တွေပါ။ဒါကိုလဲစားရင်းဝိုင်းစစ်ကြပါတယ်။လွှတ်တော်ကလဲဝေဖန်ပေါ့။ဟိုကလဲအမှန်လုပ်ထားတော့အေးဆေးပါ။

ဒါပေမယ့်ယခုရေငုပ်သင်္ဘောဝယ်ရာမှာတော့ဒါမျိုးတွေမတွေ့ရပါ။ဝယ်ဖို့လိုလား? တိုင်းပြည်မှာကလိုအပ်ချက်တွေများပါတယ်။လက်ရှိခြေဥအရအရပ်သားအစိုးရကဆွေးနွေးနိုင်တဲ့အခြေအနေမရှိသလိုစားရင်းကလဲမစစ်နိုင်ပါ။အကြောင်းပြတာကတော့ဘင်္ဂလားဒေ့ရှ်ကရေငုပ်သင်္ဘောနှစ်စီးရှိလို့ဆိုပါတယ်။

ဒါကြောင့်ယခုအိန္ဒိယကနေရုရှားကရောင်းပြီးအိန္ဒိယရေတပ်မှာသုံးပြီးသားကိုပြန်ဝယ်မှာပါ။ကားလောကစကားနဲ့ပြောရရင်ဂျပန်ကလာတဲ့ကားမဟုတ်ဘဲဂျပန်ကားကိုယိုဒယားမှာသုံးပြီးနှစ်ပတ်ရစ်ကိုမှပြန်ဝယ်တာပါ။တစ်ပတ်ရစ်တောင်မဟုတ်ပါ။

ဒါဆိုရင်ရုရှားရဲ့ရေငုပ်သင်္ဘောသမိုင်းကိုပြန်ကြည့်ရအောင်။၁၉၆၂မှာဆိုဗီယက်ရေငုပ်သင်္ဘောB37 အမျိုးအစားပျက်ပြီးရေတပ်သား၁၂၂ယောက်သေခဲ့ပါတယ်။၂၀၀၀ခုနှစ်မှာကတ်ရေငုပ်သင်္ဘောပျက်လို့တပ်သား၁၁၈ယောက်သေခဲ့ပါတယ်။၂၀၀၃မှာK-159 အမျိုးအစားရေငုပ်သင်္ဘောပျက်လို့တပ်သား၉ယောက်သေခဲ့ပါတယ်။၂၀၀၅မှာရုရှားရေငုပ်သင်္ဘောကငါးပိုက်ကွန်နဲ့ညှိနေလို့သင်္ဘောသားတွေကိုအမေရိကန်ကကယ်ခဲ့ရပါသေးတယ်။၂၀၀၆မှာညူကလီယာရေငုပ်သင်္ဘောပေါ်မီးလောင်လို့သင်္ဘောသား၂ယောက်သေခဲ့ပါတယ်။၂၀၀၈မှာK-152 ရေငုပ်သင်္ဘောအမျိုးအစားမီးလောင်လို့သင်္ဘောသားအယောက်၂၀သေခဲ့ပါတယ်။၂၀၁၁၊၂၀၁၃မှာလဲရေငုပ်သင်္ဘောတွေမီးလောင်လို့သင်္ဘောသားတွေဒဏ်ရာရခဲ့ပါတယ်။ ယခု၂၀၁၉ဇူလိုင်မှာနောက်ထပ်ရေငုပ်သင်္ဘောမီးလောင်လို့သင်္ဘောသား၁၄ယောက်ထပ်သေပါသေးတယ်။ဒါတောင်ရုရှားကသင်္ဘောတွေကတစ်ပတ်ရစ်မဟုတ်ပါ။ရုရှားကသူ့တစ်ပတ်ရစ်ကိုတရုတ်နဲ့အိန္ဒိယကိုရောင်းလေ့ရှိပါတယ်။ဒါကြောင့်အခြားအချက်ကိုမကြည့်ဘဲဒီရေငုပ်သင်္ဘောတွေရဲ့ကြံ့ခိုင်မှုကတောင်သံသယဖြစ်စရာပါ။သူတို့ရဲ့safety record မကောင်းပါ။

Y8 အဖြစ်ကမကြာသေးပါ။ဒီဟာကရေအောက်မှာဖြစ်ရင်အကုန်သေမှာပါ။

ဒါပေမယ့်အဘကတော့ဘယ်သူသေသေဝယ်မှာပါ။Rolex ဖိုးတွေ၊ရုပ်ရှင်ထုတ်ဖို့တွေ၊ပေးစရာလေးတွေရှိပါတယ်။ဒါကြောင့်အဘကတော့ဝယ်မှာပါဘဲ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page