top of page
Search

အဘက ပါတီချုပ်မှူးကြီး လုပ်တော့မှာလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 13, 2020
  • 1 min read

ရွေးကောက်ပွဲနီးလာချိန်မှာ စစချင်းလေသံပစ်တာက ညွန့်ပေါင်းပေါ့။ ဒါကလက်တွေ့မှာ အလုပ်မဖြစ်နိုင်ကြောင်း အဘကို တင်ပြကြပါတယ်။ ဒါနဲ့အဘလဲမဲမပေးရေး လှုပ်ရှားမှုလေး လုပ်ခိုင်းကြည့်ပါတယ်။ ဒါပေမယ့်လဲ ပြည်သူတွေက No Vote ကနေ Go Vote ဖြစ်သွားပါတယ်။

ဒါလဲ အဘက အားမလျှော့ပါဘူး။ အဘသားတွေနဲ့ မဲစာရင်းကို သောက်သောက်လည်မှားအောင် လုပ်လိုက်ပါတယ်။ လူတွေလန့်သွားတယ်။ မဲကို ယခင်ကထက်ပိုစစ်လာကြပါတယ်။ ဒါနဲ့မရတော့ ယုန်ဖွတ်လေးကို စည်းလုံးကြပါဆိုပြီး တိုက်တွန်းသလိုလို ခြိမ်းခြောက်သလိုလို ဗီဒီယိုထုတ်တယ်။ လူတွေက NLD ကိုမဲပေးဖို့ ပိုသေချာသွားတယ်။

ဒါနဲ့ ဌေးအောင်က ခွေးဟောင်သလို ထထဟောင်တယ်။ NLD က လွှတ်ထားလိုက်တယ်။ ဒီအချိန်မှာဘဲအဘက သူ့အလုပ်မဟုတ်တဲ့ ပါတီတွေနဲ့ တွေ့ဖို့စလုပ်တယ်။

ဒီပါတီ ၃၀ က ဘယ်ကိုယ်စားလှယ်ဖြစ်ဖြစ် သူတို့ဟာ NLD ကို မနိုင်နိုင်ပါ။ လက်ရှိအခြေအနေမှာကDASSK အိမ်ကခွေးနဲ့ ပါတီ ၃၀ ရဲ့ အကောင်းဆုံးလူ ယှဉ်ပြိုင်ရင်တောင် DASSK အိမ်ကခွေးကသာ နိုင်ပါမယ်။ ဒီလောက်ကို လူအများစုက အာဏာရှင်နဲ့ ပတ်သက်သူများကို မုန်းနေတာပါ။

ပါတီ ၃၀ ဟာ အဘကို အာဿာသိမ်းဖို့ အထာပေးနေတာ အားကိုးနေတာ သိသာပါတယ်။ ယခုအချိန်မှာက အမေရိကန်တပ်က မြန်မာပြည်နားမှာသာ ရှိနေတာမိုလို့ အာဏာသိမ်းရင် အဘလဲ ဘဝဇတ်သိမ်းသွားမှာပါ။ အမေရိကန်က တရုတ်နိုင်ငံနဲ့ တောင်တရုတ်ပင်လယ်ပြဿနာကြောင့် လေယဉ်တင်သင်္ဘောနှစ်စီးပါတဲ့ ရေတပ်အုပ်စုကို ပို့ထားပါတယ်။ B52 အမျိုးအစား လေယဉ်တွေ ပါပါတယ်။ ဒီလေယဉ်တွေက တောင်တရုတ်ပင်လယ်ကနေ မြန်မာပြည်ကိုပျံလာရတာ လွယ်ပါတယ်။ နေပြည်တော်အထိ အေးဆေးပါ။ ဂျာမနီက တပ်တွေကိုလဲ Guam ကျွန်းနဲ့ ဂျပန်မှာ တိုးချထားပါတယ်။ စင်ကာပူနဲ့ထိုင်းက ဆီဖြည့်ပေးပါတယ်။



အာဏာသိမ်းဖို့ကြိုးစားခဲ့ရင် NLD အစိုးရက ရုရှားနဲ့ စစ်ရေးစာချုပ်ကိုဖျက်ပြီး အမေရိကန်တပ်ကိုတရားဝင်ဖိတ်ခေါ်လိုက်ရုံပါ။ ပုံမှန်ဆိုရင် အမေရိကန်က တကူးတက လာရမှာဖြစ်ပေမယ့် ယခုကလမ်းကြုံနေလို့ အဆင်သင့် ဝင်ဝုန်းရုံပါ။ အမေရိကန်ကလဲ လာချင်နေပါတယ်။ ရခိုင်မှာသာ သူ့တပ်စွဲနိုင်ရင် တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်နဲ့ ရေနံလမ်းကြောင်းကို ပိတ်နိုင်မှာ မိုလို့ပါ။ တရုတ်နိုင်ငံအနေနဲ့လဲ အမေရိကန် မဝင်လာစေချင်ရင် မိမိမွေးထားတဲ့ မျောက်လောင်းတွေကို သတိပေးထားပါ။ လက်ရှိNLD အစိုးရကို ကူညီပါ။ အဘက တရုတ်နိုင်ငံကို ကြောက်ပါတယ်။


နိုင်ငံကြီးတွေ ဝင်ပါလာရင် ကောင်းလားဆိုတော့ မကောင်းပါ။ ဒါပေမယ့် အချို့ ယုန်ဖွတ်လို ပုဇွန်ဦးနှောက်တွေ နားလည်အောင်ပြောပြတာပါ။ ယခုအချိန်ဟာ ၁၉၈၈ မဟုတ်သလို ၂၀၀၇ လဲမဟုတ်တော့ပါ။ အာဏာသိမ်းခဲ့ရင်တော့ မြန်မာပြည်ဟာ ဆီးရီးယားထက် ဆိုးသွားမယ်ဆိုတာ အဘသိမှာပါ။


အကောင်းဆုံးကတော့ အဘအနေနဲ့ ပြည်သူကထောက်ခံတယ်ထင်ရင် အလုပ်ကထွက်ပြီး ပါတီချုပ်မှူးကြီးလုပ်ပါလို့ ပြောပါရစေ။ အလုပ်မရှိလို့ အားနေရင် ရခိုင်မှာ နိုင်အောင်သာ စစ်သွားတိုက်ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
စဉ်းစား

သင့်မှာ ပုံမှန်ဦးနှောက်ရှိရင် လေကြောင်းရန်ဟာ ကာကွယ်ဖို့ မလွယ်ကူဘူးဆိုတာ သိမှာပါ။ ယူကရိန်းမြို့ ဗုံးကြဲခံရတာဟာ ငှက်ကင်မရှိလို့ ...

 
 
 

コメント


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page