top of page
Search

အဘကို တုန်လှုပ်သွားစေခဲ့သော ရွှေဘို

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 29, 2020
  • 1 min read

ree

ပုံမှန်မှာ အဘခရီးစဉ်တွေက ထိပ်တန်းလျှို့ဝှက်ပါ။ တပ်ထဲက မဆိုင်သူတွေတောင် မသိရပါ။ ယခုအဘက ကိုဗစ်ကာလမှာ အနောက်မြောက်က နယ်ဘက်က ဖွတ်တွေမဲနိုင်နိုင်တယ်လို့ ထင်တဲ့ တပ်နေရာတွေမှာသွားပြီး မူ ၆ ချက်နဲ့ မဲပေးဖို့ သွားပြောပါတယ်။ ဒဲ့တော့မပြောပါ။



ရွှေဘိုဟာ ဦးအောင်ဇေယျရဲ့ အောင်မြေပါ။ တတိယမြန်မာနိုင်ငံတော်ရဲ့ မြို့တော်ဖြစ်ခဲ့ပါတယ်။ ဒီနေ့ရွှေဘိုမြင်ကွင်းကတော့ ထူးဆန်းပြီး တပ်ထဲမှာလဲ ဒီဗီဒီယိုကလစ်ကို ကြည့်ရှုသူများသွားခဲ့ပါတယ်။ပထမဆုံးငြင်းခုံကြတာက အဆိုပါကားတန်းဟာ တပ်ချုပ်ကားတန်း ဟုတ် မဟုတ်ပါ။ အဖြေက တပ်ချုပ်ကားတန်းဟုတ်ပါတယ်။ ဒီမိုအစိုးရတက်အပြီးမှာကထဲက တိုင်းမှူးတောင် စစ်ဆင်ရေးမဟုတ်ရင်ယဉ်တန်းအများကြီးမရတော့ပါ။ ပုံထဲမှာ ရွှေဘိုသူ ရွှေဘိုသားတွေက ပုရစ်နှစ်ကောင်ဝဲသံကြားချိန်မှာမ လူစုလိုက်ပုံပါ။ ယခုလို အချိန်အတိုအတွင်းမှာ အဆိုပါလူအင်အားကို စုနိုင်တာက ပထမဆုံးလေးစားရပါတယ်။ နောက် NLD အလံ၊ ပြီးတော့ သီချင်း၊ ဒေါက်ဖိနပ်လျှောက်သံဟာ အဘကိုဒေါက်ဖိနပ်ပိမယ်ဆိုတဲ့ နိမိတ်ဖြစ်သွားပါပြီ။ အဘကို အနားကလူများက အမြဲပြောလေ့ရှိတာက အဘကိုထောက်ခံမှုတွေ လူထုကြားမှာ များနေပြီး သမ္မတတောင်ဖြစ်တော့မလိုပါ။ ဒီနေ့လူထုရဲ့ ကြိုဆိုပုံကအဘကို အခြေအနေမှန်ကို သဘောပေါက်သွားစေနိုင်မှာပါ။ အချိန်တိုအတွင်းမှာ လူစုပြီး အဘလာရာလမ်းမှာ NLD အလံနဲ့ အမေစုကိုထောက်ခံတဲ့ ဒေါက်ဖိနပ်လျှောက်သံ ဆိုနိုင်တာဟာ တော်ရုံစိတ်ဓာတ်နဲ့မရနိုင်ပါ။


တပ်ထဲမှာတော့ လုံခြုံရေးရှုထောင့်အရ အဘဟာ ဘယ်လိုတိုက်ခိုက်ခံရနိုင်တယ်ဆိုတာကို သိသွားကြပါတယ်။


ရွှေဘိုရဲ့ဖြစ်စဉ်က ပြည်မမှာ NLD ဟာ ဘယ်ကြောင့်နိုင်နိုင်လဲဆိုတာ ပြသွားခဲ့သလို ခြေဥမပြင်ရင်ပြည်သူက ဘာလုပ်နိုင်တယ်ဆိုတာကိုလဲ ပြသွားခဲ့ပါပြီ။


ရွှေဘိုရဲ့နိမိတ်က ဦးအောင်ဇေယျက တတိယနိုင်ငံတော် ထူထောင်ခဲ့သလို ရွှေဘိုကလဲ ဖယ်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်တော့မယ်လို့ နိမိတ်ပြလိုက်တာပါ။


ကျေးဇူးပါ ရွှေဘို။


Photo credit: Smile Ko

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

3 Comments


naynanmyint629395
naynanmyint629395
Oct 30, 2020

လှတောသားနှစ်ယောက် တွေ့သောအခါ ....


- မင်း ရွှေဘိုဖက်ကို

သုံးလုံးတစ်တောင် နဲ့ အဖွဲ့

လာတဲ့သတင်း ကြားပြီးပြီလား


- ကြားပြီးပေါ့ ငါ့ကောင်ရာ

ယဉ်တန်းက ပွဲစားကြီး ဖိုးသိန်း

အသုဘတုံးထက်တောင်ရှည်သတဲ့


- ပြည်သူတွေကရော

သောင်းသောင်းဖြဖြ ကြိုကြရဲ့လားကွ


- ကြိုကြ အော်ကြ ပါသကောကွာ

ရွာထဲ မကောင်းဆိုးဝါးဝင်လာတာကို

ပရိတ်ဝိုင်းရွတ် ကြသလား မှတ်ရတယ်

အမေစု ကျန်းမာပါစေ NLD နိုင်ရမည် တဲ့


- နို့ ပြောကြတော့ အောင်မြေနင်းရတြာ

လာခြေတာဆို


- မင်းနှယ်

ချီးတွင်းထဲ ကျထားတဲ့နွား

အမွှေးနံ့သာဖြန်းပေးတော့ရော

ဘယ်ကလာ မစင်နံ့ ပျောက်ပါ့မတုံး ။


credit ~ ko Aungkhing

Like

Myint Soe Oo
Myint Soe Oo
Oct 29, 2020

ဦးမြတ်! သစ္စာတရားထွန်းကားရာ

ငြိမ်းချမ်းသာယာသောနယ်မြေ။

သစ္စာဆိုသည်မှာ မဖောက်ပြန်မှန်ပါသည်။အရေးကြုံလျှင် သစ္စာကိုသာ အားကိုးကြပါ၏။

သုဝဏ္ဏသာမဇာတ်၊၊ သစ္စာမှန်ရာကို သစ္စာဆိုခဲ့ကြ၍#သားရွှေအိုးထမ်းကိန်း#ဆိုက်ခဲ့ရပါသည်။ သစ္စာပြုသူမိဘနှစ်ပါး ကိုယ်ကျင့်သီလ ဖြူစင်သူများဖြစ်ပါသည်။

ဝဋ္ဋ သုတ်။ မီးလောင်ပြင် အလယ်တွင်းရောက်နေသော ဘုရားလောင်း ငုံးမင်းလည်း သစ္စာပြု အဓိဌာန်ကြောင့် ရန်ကင်း ဘေးလွတ် အောင်မြေအထွတ်သို့ရောက်ခဲ့ရပါပြီ။

**လောက၌ သီလ၏ ဂုဏ်ကျေးဇူးသည် ရှိပေ၏။ မှန်ကန်သော သစ္စာရှိ၏။#ကိုယ် ရေး ၊ နုတ်ရေး ၊ စိတ် ရေး လုံးဝ စင်ကြယ်ခြင်းသည်ရှိပေ၏။ ဤသို့သော သစ္စာစကားဖြင့် အလွန်ကောင်းမြတ်သော သစ္စာပြုခြင်းကို ငါဘုရားနုစဥ်က ပြုခဲ့ဖူးလေပြီ။***

***သစ္စာတရား၏ စွမ်းပကားကို ဆင်ခြင်သုံးသပ်ပြီး ရှေးရှေးကဘုရားရှင်တို့ကို အောက်မေ့ သတိရပြီး သစ္စာ၏ အစွမ်းကိုအမှီပြု၍ သစ္စာပြုခဲ့ဘူးလေပြီ***

ကာယ ဝစီ မနော လုပ်ရပ် ဖြူစင်မှသာ သစ္စာဆောင်နိုင်ပြီး အောင်မြင်နိုင်ပါသည်။

#ရင်ထဲမှာမငြိမ်းချမ်းတာသစ္စာတရားမကိန်း၊မထိန်းလို့ပါ#


*********(*****)***********


သစ္စာတရားကိန်းသူမှန်သမျှ ဘဝင်ဝမ်း အေး ၊ ငြိမ်းချမ်းရေး ရကြပါသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ဟဒယရင်တွင်းတွင် #ငြိမ်းချမ်းရေးစေတီတော်တစ်ဆူ#တည်ပြီးတော်မူသောကြောင့်ဖြစ်ပါသည်။


အမှန်သစ္စာဖြင့်

Like

Albert Wint
Albert Wint
Oct 29, 2020

ဟာ !# ကြောက်စရာကြီး္ကိုယ့်မျက်စိတောင် ကိုယ်မယုံဘူး

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page