အဘကို ခြေလှံနှစ်ဖက်နင်းနေကြလား?
- Myat Tun Oo
- Dec 23, 2022
- 1 min read
ကုလလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးမဲမခွဲခင် စစ်ရုံးက နိုင်ငံခြားရေးကို အခြေအနေ အစီရင်ခံစာတင်ခိုင်းပါတယ်။ နိုင်ငံခြားရေးရုံးက တရုတ်နဲ့ရုရှားက ဗီတိုသုံးမယ်လို့ အစီရင်ခံစာ တင်ခဲ့ကြပါတယ်။ဒါကအဘကို သူ့နိုင်ငံခြားရေးဝန်ကြီးဌာနက တင်ပြတာပါ။ ဝဏ္ဍဖက်တီးထင်တာက ရုရှားက မအလဘက်ကရပ်မယ် ရုရှားကန့်ကွက်ရင် တရုတ်ကို ဂရုစိုက်စရာမလိုဘူးဆိုပြီး အပိုင်တွက်ထားခဲ့တာပါ။ ဒါကြောင့် တရုတ်ကို သွားမကပ်ခဲ့ပါ။ ပြည်တွင်းမှာလဲ တရုတ်သံအမတ်က ဟိုပွဲဒီပွဲလုပ်ရင် မအလကဝန်ကြီးအဆင့်လွှတ်တက်ထားခိုင်းလို့ ဆက်ဆံရေး အဆင်ပြေတယ်လို့ ထင်ခဲ့ကြပါတယ်။
ယခုကုလလုံခြုံရေးကောင်စီမှာ မဲခွဲချိန်မှာ
ထောက်ခံမဲ ၁၂ မဲ
ကန့်ကွက်မဲ ၀
ကြားနေမဲ့ ၃ မဲနဲ့ အဆိုက အတည်ဖြစ်သွားခဲ့ပါတယ်။
တရုတ်၊ ရုရှား နဲ့ အိန္ဒိယက ကြားနေသွားခဲ့ပါတယ်။
တရုတ်က အချင်းချင်း ဆွေးနွေးပါ အာဆီယံပြောတာကို လုပ်ပါဆိုပြီး လုပ်သွားပါတယ်။ ရုရှားက မအလဟာ ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးထားပါတယ်။ ဒါကြောင့် စောင့်ပါ။ လူ့အခွင့်အရေးကိစ္စကလုံခြုံရေးကောင်စီနဲ့ မဆိုင်ပါဘူးဆိုပြီး ကြားနေသွားပါတယ်။ ရုရှားကြားနေတာက တရုတ်ကြောင့်ပါ။အိန္ဒိယဟာ ဒီမိုနိုင်ငံဖြစ်ပေမယ့် စာရေးသူတို့ဘက်က မရပ်ခဲ့ပါ။ သူကန့်ကွက်လဲ သူ့မှာ ဗီတိုမရှိလို့ကြားနေလိုက်တာပါ။
ရုရှားကို မအလကအသေဖားထားလို့ ဗီတိုသုံးမယ်လို့ မအလရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထင်ခဲ့ပေမယ့် ကြားနေခဲ့လို့ နေပြည်တော်မှာ အံ့ဩသွားခဲ့ပါတယ်။ ဆုံးဖြတ်ချက်ကြအပြီး နောက်ရက် တည်/လုံအစည်းအဝေးမှာ ဝဏ္ဍမောင်လွင် မုန့်ဟင်းခါးကျွေးခံခဲ့ရပါတယ်။ သံတမန်ရေး ညံ့လို့ဆိုပြိးပါ။တရုတ်ကို မအလက မီးစတစ်ဖက် ရေငုတ်တစ်ဖက်လို့ ထင်နေပါတယ်။ အကြောင်းက မအလကအောက်ခြေကတင်ပြတာကို အများအားဖြင့် ယုံပါတယ်။ PDF တွေမိတယ်ဆိုရင်လဲ မိလိုက်တာပါဘဲ။ယခုလဲ အောက်ခြေက မအလကို AA ကို မနိုင်တာဟာ တရုတ်က ထောက်ပံ့လို့ PDF အချို့ကိုလဲတရုတ်က ထောက်ပံ့နေတယ် ဝ လက်နက်တွေ မိတယ်ဆိုပြီး နေ့စဉ်နီးပါး သတင်းပို့လေ့ရှိပါတယ်။ ဒါကြောင့် မအလတွက်တာက တရုတ်ဟာ သူ့ကိုသံတမန်အဆင့် ဟန်ပြဆက်ဆံနေသလို NLD ကိုလဲပါတီချင်းဆက်ဆံတယ်ဆိုပြီး ကြားခံကနေ လက်နက်ပေးတယ်ဆိုပြီး သုံးသပ်ထားတာပါ။ ဝ အထိတိုက် မတိုက်ဆိုတာကတော့ သူလုပ်ရဲရင် လုပ်လိုက်ပါ။ သူ SSPP ကို အလစ်အငိုက်တိုက်ပါမယ်။ဘိန်းအကြောင်းပြလို့ပါ။ ရဟတ်ယာဉ်စစ်ဆင်ရေးပြင်နေပါတယ်။ စာရေးသူရေးလို့ မတိုက်ရင်တော့SSPP အမြတ်ပေါ့။
အကျဉ်းချုပ်ရရင် မအလကိုထောက်ခံသူ ကုလမှာ လုံးဝမရှိပါ။ မအလကို အာဆီယံပြောတာလုပ်ဖို့ကျပ်လိုက်တာဖြစ်ပြီး ပြီးရင် အင်ဒိုနီးရှားက ဆက်ကျပ်မှာပါ။ တရုတ်ဟာ အာဆီယံကို လုပ်ပိုင်ခွင့်ပိုပေးထားပြီး အင်ဒိုက ထကျပ်ရင် တရုတ်ငြင်းရခက်မှာပါ။ အာဆီယံကျပ်တာက ဒီမိုတွေမျှော်သလိုစစ်တပ်ကြီးလာမှာမဟုတ်ပေမယ့် DASSK လွှတ်၊ ရွေးကောက်ပွဲမှာ သူမပါပြီး ၂၀၀၈ အရ အာဏာလွှဲဆိုတာကိုတောင် မအလ မလုပ်နိုင်ပါ။ သူ DASSK လွှတ်ပြီး အာဆီယံကြီးကျပ်တဲ ရွေးကောက်ပွဲမှာ သူရှုံးမှာ သေချာနေတာ သူသိပါတယ်။ ဒါကြောင့် သူ့လမ်းက ဆက်ခက်နေမှာပါ။ စာရေးသူတို့ ပြည်သူတွေက ပြည်တွင်းကနေ ဆက်ကျပ်နေရမှာပါ။ ဘာလို့လဲဆိုတော့ ပြည့်အင်အားက ပြည်တွင်းမှာပါ။ မအလကြောက်တာက ကုလနဲ့ PDF ဆိုရင် PDF ကိုပါ။ ပြည်သူများက အဖွဲ့မကွဲဘဲ ဘာတပ်တော် ညာတပ်တော်မဟုတ်ဘဲ NUG CRPH အောက်က PDF ကိုသာ ထောက်ပံ့ပြီး ဆက်တိုက်ကြပါ။ မအလလိုလွှတ်တော်စကားနားမထောင်တဲ့ စစ်ခွေးကို နောက်လွှတ်တော်စကား နားမထောင်တဲ့ စစ်ခွေးတပ်တော်နဲ့ အစားမထိုးမိပါစေနဲ့။ တော်လှန်ရေးက လက်တစ်ကမ်းမှာဖြစ်ပြီး ပန်းတိုင်ကို လှမ်းကိုင်နိုင်အောင်NUG အောက်က ဆက်လျှောက်ကြပါ။



Both Saung Kha(BPLA) and Honey Nway Oo(so called ကျောင်းသားလက်ရုံးတပ်တော် Student Armed Force) are with their own agenda, not to be trusted.
အညာသားဆိုတဲ့ကောင်ရော ဟန်နီ နွေဦးဆိုတဲ့ဟာရော အညာမှာ အသေခံတိုက် နေတဲ့သူတွေနဲ့ ယှဥ်ရဲလား
ရခိုင်ဓာတ်ခဲနဲ့ ကရင်က နုဂျီကို ဒုက္ခပေးဖို့၊ နောက်မအလလစ်ရင် ဗမာဆိုပြီးဟန်ပြထားဖို့လုပ်ထားတဲ့ ပွန်းတွေပဲ ဘယ်ဗမာမှကိုယ်စားမပြုဘူး