top of page
Search

အဘကြောက်နေသည့် ရန်ကုန်-မန္တလေး

Writer: Myat Tun Oo
Myat Tun Oo
May 22, 2022
1 min read

စစ်ရုံးချုပ်ထဲ အစည်းအဝေးတိုင်းမှာ ပြောကြဆွေးနွေးကြတာက ရန်ကုန်-မန္တလေးကားလမ်း၊ရထားလမ်းနဲ့ ရေကြောင်းလမ်းတွေရဲ့ ကုန်စည်စီးဆင်းမှုအတွက် အရေးပါပုံပါ။ စိုးရိမ်နေတာကရန်ကုန်-မန္တလေးလမ်းပိုင်းကို PDF က စစ်ကိုင်းနဲ့ မကွေးမှာလို အနှောက်အယှက်ပေးလာရင် ဘာလုပ်ရမလဲဆိုတာပါ။ တပ်တွေကို ရွှေ့ပြောင်းတာ၊ တပ်တွေအတွက် ရိက္ခာက လေယာဉ်၊ရဟတ်ယာဉ်တွေသုံးပြီး ရွှေ့ပြောင်းနိုင်ပေမယ့် ကုန်စည်စီးဆင်းမှုအတွက်ကတော့ ကုန်းလမ်း၊ရေလမ်းကို သုံးရမှာပါ။

ပုံမှန်မှာ သူ့တပ်ကိုလာတိုက်တဲ့ရွာကို မီးရှို့ပြီး တုန့်ပြန်ပေမယ့် PDF က သူ့ကိုမတိုက်ဘဲ သာမန်ကုန်စည်စီးဆင်းမှုကို အနှောက်အယှက်ပေးရင် တပ်ဖြန့်ကင်းပုန်းဝတ် အစောင့်ချမလား ဒါမှမဟုတ် စစ်တပ်အစောင့်နဲ့ ပစ္စည်းသယ်မလား စစဉ်းစားနေရပါပြီ။ ယခင်ကထဲက လစဉ်အစည်းအဝေးမှာ ပြောကြပေမယ့် ယခုနောက်ပိုင်း ပဲခူးနားမှာ လှုပ်ရှားလာလို့ အရေးပေါ်ဖြစ်လာနေပါပြီ။

တပ်ထဲမှာအားလုံးတွက်ထားတာက ပဲခူးမှာ PDF က ရှိနေပြီး ဘယ်အချိန်မဆိုသူတို့ကို လာတိုက်နိုင်တယ်ဆိုတာပါ။ ဒါပေမယ့် မြန်မာပြည်မှာထူးဆန်းတာက စက်သုံးဆီရှားအောင် စားသုံးဆီရှားအောင် လုပ်နေတာက NUG နဲ့ PDF မဟုတ်ဘဲ မအလကိုယ်တိုင်ဖြစ်နေတာပါ။ စာရေးသူတို့က ဆီလှောင်ကန်တွေပစ်ဘာညာ လျှောက်ပြောနေချိန်မှာ မအလက ဒေါ်လာစျေးငွေလွှဲနှုန်းကိုသတ်မှတ်ပြီး သူ့သေတွင်းသူ တူးသွားတာပါ။ ဒီအကွက်က လှပါတယ်။ ယခုလဲ မိုးဟိန်းက မြဝတီပေါ်ကနေ ခရိုနီတွေက လောဘကြီးတယ် ဆီကိုအမြတ်ကြီးစားတယ် ဒါကြောင့် နေဝင်းလုပ်သလိုပြည်သူပိုင်သိမ်းရမယ်ဆိုပြီး အော်နေပါပြီ။

အကျဉ်းချုပ်ရရင် PDF တိုက်မှာကိုကြောက်ပြီး မအလကတော့ ပြင်ဆင်နေပါပြီ။ အချို့ကိစ္စတွေက NUG နဲ့ PDF က ဘာမှမလုပ်လဲ မအလက သူ့ဖာသာ ကုန်စည်စီဆင်းမှုကို ဖြတ်မှာပါ။ PDF ကသာ အဆိုပါလမ်းကြောကို မအလထင်သလို ဖြတ်တောက်နိုင်ခဲ့ရင်တော့ ဒီပွဲက အလှည့်အပြောင်းကို ရောက်လာမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page