top of page
Search

အဘကြောက်နေသော ဗင်နီဇွဲလားနှင့် ကျားဖြန့်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 14, 2025
  • 1 min read

ree

ပထမဆုံး မအလဟာ အာဆီယံတက်ဖို့ကို အများကြီး မျှော်လင့်ထားခဲ့ပါတယ်။ သူနဲ့အတူလိုက်ဖို့ နိုင်ငံခြားရေးဝန်ကြီးနဲ့ စရဖညွှန်ချုပ်တို့ကို ညွှန်ကြားထားခဲ့ပါတယ်။ မျှော်လင့်ချက်က ဒေါ်နယ်ထွန်းနဲ့တွေ့ရင် သူ့ရွေးကောက်ပွဲအကြောင်း ရှင်းပြနိုင်လိမ့်မယ် ပြီးရင် ဘိန်း၊ ဆေးပြား၊ ကျားဖြန့်ကိစ္စတွေဟာ သူနဲ့မဆိုင်ဘဲ ဝ၊ AA၊ TNLA၊ KNU တို့ကို ထိုးကျွေးနိုင်လိမ့်မယ်လို့ မျှော်မှန်းထားခဲ့တာပါ။ ဒေါ်နယ်ထွန်းက မှန်းမရတာ၊ အမြှောက်ကြိုက်တာတွေက သူ့အတွက် အားသာချက်လို့ မှန်းထားပုံပါ။

ဒေါ်နယ်ထွန်းတက်ပြီး ဗီဇာသက်တမ်းလွန် မြန်မာတွေကို ပြန်ပို့ဖို့ မြန်မာသံရုံးကို ဆက်သွယ်ရာမှာ ယခင်မူဝါဒမဟုတ်ဘဲ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ မအလက နိုင်ငံခြားရေးကတဆင့် ညွှန်ကြားခဲ့ပါတယ်။ ယခင်အစိုးရတွေလက်ထက်က ပြန်လက်မခံတာ၊ မြန်မာနိုင်ငံသားဖြစ်ကြောင်းပြခိုင်းတာ စတဲ့ ကြိုးနီစနစ်များစွာ ထားခဲ့ပါတယ်။ ဒါက ဒေါ်နယ်ထွန်းကို ဖားတာပါ။ ဟို အခွန်ကိစ္စ စာပို့ချိန်မှာလဲ ဒေါ်နယ်ထွန်းကို ဘလိုင်းကြီး ထဖားတာ အားလုံးသတိထားမိမှာပါ။

ဒါပေမယ့် ဒေါ်နယ်ထွန်းက တက်လာချိန်မှာ မူးယစ်နှိမ်နင်းမယ်လို့ ကြွေးကြော်ပြီး နယ်စပ်ပိတ်တာ၊ တရုတ်ကို Fentanyl မူးယစ်ကိစ္စအကြောင်းပြ အခွန်တိုးကောက်ဝာာ ကိုကိန်းထုတ်သူစာရင်းမှာမြန်မာမပါပေမယ့် မူးယစ်ဆေးဝါး ဒုတိယမြောက်ထုတ်သူထဲမှာတော့ မြန်မာပါဝင်နေပါတယ်။

ဒါဆိုရင် ဒေါ်နယ်ထွန်းနဲ့ ဘိုင်ဒင်ဘာကွာလို့ ဒေါ်နယ်ထွန်းကို ပြင်ဆင်နေရပါလဲ။ ဘိုင်ဒင်အစိုးရက NUG နဲ့ ဓာတ်ပုံတွဲရိုက်တာကလွဲလို့ ဒုက္ခသည်လက်ခံတာကလွဲလို့ ဘာမှ ထိထိရောက်ရောက် မကူညီတာ မအလသိပါတယ်။ ဓာတ်ပုံကြောင့် တရုတ်အထင်မှားတာသာ အဖတ်တင်ပါတယ်။ ဒုက္ခသည်ဝင်ခွင့်ပေးတာက ဘိုင်ဒင်လက်ထက်မှာ နယ်စပ်ကဖြတ်ဝင်ခွင့်ပေးတာက သန်းချီလို့ မြန်မာရာဂဏန်းလောက်က စာမဖွဲ့လောက်ပါ။

ဒေါ်နယ်ထွန်းအဖွဲ့က ဓာတ်ပုံမရိုက်လို့ NUG အတွက် အားငယ်စရာလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် အီရန်ကို ဘလိုင်းကြီး သွားဗုံးကြဲပြခဲ့တာက ကုလမပါလဲ သူလုပ်ချင်ရာလုပ်မယ်ဆိုတာကို ပထမ ပြလိုက်တာပါ။ သူစတက်ခါစမှာ ဗင်နီဇွဲလားက အာဏာရှင် မဒူရို နဲ့စကားပြောပြီး သူ့နိုင်ငံသားကို လွှတ်ခိုင်းခဲ့ပါတယ်။ လွှတ်ပေးအပြီးမှာ မဒူရိုကို မူးယစ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရသူ ဗင်နီဇွဲလားက ကိုကိန်းတွေအများကြီးထုတ်တယ်ဆိုပြီး သူ့စစ်တပ်ကို ပို့ထားပါတယ်။ ဗင်နီဇွဲလားဟာ မြန်မာလိုဘဲ ကမ္ဘာပေါ်မှာ ကိုကိန်းထုတ်ရာမှာ နံပတ်တစ်မဟုတ်ပါ။

ဒါဆို ဒေါ်နယ်ထွန်းရည်ရွယ်ချက်ကဘာလဲ? ဗင်နီဇွဲလားအာဏာရှင်ကြောင့် သူ့တိုင်းပြည်ထဲမှာ သူခိုး‌၊ ဓားမြတွေဝင်တယ်ဆိုပြီး သူ့စိတ်ထဲစွဲနေလို့ ဒီကောင်ပြုတ်အောင် နည်းလမ်းပေါင်းစုံ သုံးနေပုံပါ။ မဒူရိုကို ICC ကြောက်လား ဒေါ်နယ်ထွန်းက လာဖမ်းမှာ ဖြုတ်မှာကို ကြောက်လားဆိုရင် ဒေါ်နယ်ထွန်းလာဖမ်းဖို့က ပိုနည်းစပ်ပါတယ်။ ဒါကြောင့် မအလဟာ ဒေါ်နယ်ထွန်းနဲ့ အဆင်ပြေအောင် သူ့ဌာနအားလုံးကို ညွှန်ကြားထားသလို လော်ဘီတွေကိုလဲ ဘိန်း၊ ဆေးပြား၊ ကျားဖြန့်ကိစ္စမှာ အခြားအဖွဲ့တွေကို ထိုးချဖို့ ကြိုးစားနေတာပါ။

ဒါဆိုရင် အမေရိကန်က မအလကို ဗင်နီဇွဲလားလို ကျပ်မှာလား? မြန်မာဟာ အမေရိကန်နဲ့ဝေးလို့ လုပ်ရတာခက်မှာပါ။ တရုတ်ကလဲ အိမ်နီးချင်းမိုလို့ ပိုခက်မှာပါ။ ဒါပေမယ့် ယခုရက်ပိုင်း တရုတ်မီဒီယာတွေက အဖမ်းခံထားရတဲ့ ကိုးကန့်ကျားဖြန့်ခေါင်းဆောင်တွေရဲ့ အင်တာဗျူးကို ဖော်ပြနေပြီး ထိုသူတွေက မအလတပ်နဲ့ ကြံ့ဖွတ်ပါတီက ကျားဖြန့်မှာ ပါဝင်ပတ်သတ်နေတာကို ထပ်ခါထပ်ခါပြောနေတာပါ။ တရုတ်ပြည်မှာ လွတ်လပ်တဲ့သတင်းမီဒီယာမရှိဘဲ အစိုးရက ပြောခွင့်ပေးမှ ပြောရတာပါ။

ယခုလဲ အမေရိကန်က ကျားဖြန့်ကိစ္စ အဖွဲ့ဖွဲ့ပြီး စလာတာကို မအလက အသေကြောက်နေပါတယ်။ အမေရိကန်က သူကိုယ်တိုင်မဝင်ဘဲ တရုတ်လို အခြားလက်နက်ကိုင်ကို မြှောက်ပေးရင် သူကွဲမှာပါ။ ဒါကြောင့် စောချစ်သူနဲ့ အခြား DKBA, BGF တွေကို အမေရိကန်က ဖမ်းဝရမ်းထုတ်ရင် ဖမ်းပေးနိုင်အောင် ပြင်ဆင်ထားဖို့ မနေ့က ညွှန်ကြားလိုက်ပါတယ်။

သေချာတာက အမေရိကန်က ဘိန်းကိစ္စမှာ မြန်မာကိုမပြောသေးပေမယ့် ကျားဖြန့်ကိစ္စနဲ့ စလာ‌နေသလိုတရုတ်ကလဲ မအလတပ်နဲ့ ကြံ့ဖွတ်ပါတယ်ဆိုတဲ့ ထွက်ဆိုချက်ကို သူတို့ TV ကနေ ထုတ်လွှင့်နေပါတယ်။ ဒါကိုလဲ မအလထံ စရဖက ဘာသာပြန်ပြီး ထင်ပြထားပါတယ်။ ဒါတွေက ကိုးကန့်လို ဖိအားတွေဖြစ်လာမှာ အဆော်ခံရမှာကို ICC ထက် နေပြည်တော်မှာ ပိုကြောက်နေပါတယ်။ ဒေါ်နယ်ထွန်းက မှန်းမရလို့ ဗင်နီဇွဲလားကို ဆော်ရင်တော့ စောချစ်သူအဖမ်းခံရဖို့ များမှာပါ။ အားလုံးက မိမိတပ်ကို အင်အားကောင်းအောင်လုပ်ပြီး ၁၀၂၇ လို အခွင့်အရေးပေါ်လာရင် ဝင်နွဲနိုင်‌အောင် PDF ကို ထောက်ပံ့တာ စီးပွားရေးအမြင်ရှိသူက SDB မှာ ရှယ်ယာဝင်ပြီး ထောက်ပံ့ကြပါ။ ရွေးကောက်ပွဲထက် အဘရင်ခုန်ရမှာက ဗင်နီဇွဲလားနဲ့ ချစ်သူလေးကိစ္စပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 
ခေါင်းလောင်းထိုးသံ

စရဖအထဲမှာ ခုံရုံးနဲ့ အစစ်ခံနေရတဲ့ကိစ္စက ဝေဟင်အောင်က ဘယ်လိုလွတ်သွားတာလဲဆိုတာပါ။ သူမအလ လင်မယားနားကပ်ရတာက NLD ကို မကောင်းပြောတာ ရိုဟင်ဂျာအရေးမှာ မအလဘက်ကနေလိုက်ပြောပြီး ပြန်တိုက်ဖို့ လူမျိုးတုန်းသတ်ဖို့ အ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page