top of page
Search

အဘျဖစ္ခ်င္တာနဲ႔ျဖစ္ေနတာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 20, 2019
  • 1 min read


အဘရဲ႕ဆရာဟာအသက္ႀကီးလာသလိုသူ႔အနားကမိသားစုဝင္အခ်ိဳ႕ရဲ႕ေျပာျပခ်က္အရယခင္ကလိုမစီစဥ္ႏိုင္ေတာ့ပါဘူး။

ယခုဂ်ိဳႂကြေနတာကအဘပုပါ။အဘရဲ႕စိတ္ကူးထဲမွာထိုင္းကလိုရွပ္နီ၊ရွပ္ဝါေတြနဲ႔ရွပ္ဝါဘက္လိုက္အာဏာသိမ္းတာကိုအားက်သလိုအီဂ်စ္ကေမာ္စီကိုသိမ္းသြားပံုေလးေတြလဲအားက်မိပါတယ္။ဒီလိုသာျပည္သူေတြဘုန္းႀကီးေတြကထဆူရင္အဘအတြက္ဂြင္ပါဘဲ။

ဒါေပမယ့္ျဖစ္ေနတာကအဘျဖစ္ခ်င္တာနဲ႔ကြာေနပါတယ္။ထိုင္းနဲ႔အီဂ်စ္တပ္ဟာအေမရိကန္ရဲ႕တပည့္ေတြပါ။ထိုင္းမွာဘုရင္စနစ္ရွိသလိုထိုင္းဟာအေမရိကန္နဲ႔မဟာမိတ္မိုလို႔ဘယ္ေတာ့မွစီးပြားေရးမပိတ္ဆို႔ပါ။အီဂ်စ္မွာလဲအေမရိကန္ကအစၥလာမ္အၾကမ္းဖက္အစြန္းေရာက္ေတြကိုအီဂ်စ္တပ္ထက္ပိုေၾကာက္ပါတယ္။ေနာက္အီဂ်စ္ဟာအစၥေရးနဲ႔ၿငိမ္းခ်မ္းေရးစာခ်ဳပ္ခ်ဳပ္ထားလို႔စစ္တပ္ဟာအေမရိကန္အတြက္အစၥလာမ္အစြန္းေရာက္ထက္ပိုေကာင္းပါတယ္။

ျမန္မာမွာေတာ့အေမရိကန္အတြက္ဒီႏိုင္ငံေတြလိုမဟုတ္ပါ။DASSK အစိုးရကိုအာဏာသိမ္းရင္ဟိုကကိုင္မွာပါ။သူ႔မွာ႐ႈံးစရာမရွိပါ။ဒါကအေမရိကန္ေထာက္ပံ့မႈမတူတာပါ။

ေနာက္ျပည္သူအပိုင္း။ထိုင္းမွာရွပ္ဝါဆိုၿပီးထြက္လာေပမယ့္ဒီမွာကရန္ကုန္မွာလဲဒီဖြတ္၊ေတာင္ႀကီးမွာဆႏၵျပလဲဒီဖြတ္ပါဘဲ။ဒီေလာက္ပိုက္ဆံေထာက္ပံ့ႀကိဳပို႔လုပ္တာေတာင္ထြက္လာသူကရာဂဏန္းမရွိပါ။အီဂ်စ္မွာကေတာနဲ႔ၿမိဳ႕ေထာက္ခံမႈကြာလို႔အီဂ်စ္တပ္ကကစားလို႔ရခဲ့ပါတယ္။ျမန္မာျပည္မွာကေတာ့ေတာေရာၿမိဳ႕ေရာDASSK ပါဘဲ။တိုင္းရင္းသားေဒသမွာလဲNLD ကိုမႀကိဳက္ရင္ေတာင္အဘကိုေျပာင္းေထာက္ခံေလာက္ေအာင္ေတာ့အမ်ားစုကမမိုက္ေသးပါ။ဒါေၾကာင့္ပိုက္ဆံလႉတာေတြေပၚတင္လုပ္ၿပီးဘုန္းႀကီးေတြကိုေျမႇာက္ေပးတာပါ။ဒါေပမယ့္ဘုန္းႀကီးအမ်ားစုကဓမၼဘက္မွာရပ္ေနပါေသးတယ္။

အဘရဲ႕ေနာက္လိုက္နဲ႔ျပည္တြင္းကခ႐ိုနီမီဒီယာ၊ျပည္ပၾသဇာခံမီဒီယာမ်ားကDASSK နဲ႔NLD ကိုမ်ိဳးစံုအျပစ္ေျပာအပုတ္ခ်ေပမယ့္မေန႔ကျပည္တြင္းျပည္ပကျပည္သူေတြကDASSK ကိုခ်စ္ေနေသးေၾကာင္းေထာက္ခံေၾကာင္းျပသြားပါတယ္။အဘျဖစ္ခ်င္တာနဲ႔ျဖစ္ေနတာကကြာေနပါတယ္။ဒါဟာေမတၱာပါ။အခ်ိဳ႕ကိစၥေတြမွာေမတၱာကိုေသနတ္ကယွဥ္မရပါ။အဘနားလည္ႏိုင္ပါေစ။

Unicode version

အဘဖြစ်ချင်တာနဲ့ဖြစ်နေတာ

အဘရဲ့ဆရာဟာအသက်ကြီးလာသလိုသူ့အနားကမိသားစုဝင်အချို့ရဲ့ပြောပြချက်အရယခင်ကလိုမစီစဉ်နိုင်တော့ပါဘူး။

ယခုဂျိုကြွနေတာကအဘပုပါ။အဘရဲ့စိတ်ကူးထဲမှာထိုင်းကလိုရှပ်နီ၊ရှပ်ဝါတွေနဲ့ရှပ်ဝါဘက်လိုက်အာဏာသိမ်းတာကိုအားကျသလိုအီဂျစ်ကမော်စီကိုသိမ်းသွားပုံလေးတွေလဲအားကျမိပါတယ်။ဒီလိုသာပြည်သူတွေဘုန်းကြီးတွေကထဆူရင်အဘအတွက်ဂွင်ပါဘဲ။

ဒါပေမယ့်ဖြစ်နေတာကအဘဖြစ်ချင်တာနဲ့ကွာနေပါတယ်။ထိုင်းနဲ့အီဂျစ်တပ်ဟာအမေရိကန်ရဲ့တပည့်တွေပါ။ထိုင်းမှာဘုရင်စနစ်ရှိသလိုထိုင်းဟာအမေရိကန်နဲ့မဟာမိတ်မိုလို့ဘယ်တော့မှစီးပွားရေးမပိတ်ဆို့ပါ။အီဂျစ်မှာလဲအမေရိကန်ကအစ္စလာမ်အကြမ်းဖက်အစွန်းရောက်တွေကိုအီဂျစ်တပ်ထက်ပိုကြောက်ပါတယ်။နောက်အီဂျစ်ဟာအစ္စရေးနဲ့ငြိမ်းချမ်းရေးစာချုပ်ချုပ်ထားလို့စစ်တပ်ဟာအမေရိကန်အတွက်အစ္စလာမ်အစွန်းရောက်ထက်ပိုကောင်းပါတယ်။

မြန်မာမှာတော့အမေရိကန်အတွက်ဒီနိုင်ငံတွေလိုမဟုတ်ပါ။DASSK အစိုးရကိုအာဏာသိမ်းရင်ဟိုကကိုင်မှာပါ။သူ့မှာရှုံးစရာမရှိပါ။ဒါကအမေရိကန်ထောက်ပံ့မှုမတူတာပါ။

နောက်ပြည်သူအပိုင်း။ထိုင်းမှာရှပ်ဝါဆိုပြီးထွက်လာပေမယ့်ဒီမှာကရန်ကုန်မှာလဲဒီဖွတ်၊တောင်ကြီးမှာဆန္ဒပြလဲဒီဖွတ်ပါဘဲ။ဒီလောက်ပိုက်ဆံထောက်ပံ့ကြိုပို့လုပ်တာတောင်ထွက်လာသူကရာဂဏန်းမရှိပါ။အီဂျစ်မှာကတောနဲ့မြို့ထောက်ခံမှုကွာလို့အီဂျစ်တပ်ကကစားလို့ရခဲ့ပါတယ်။မြန်မာပြည်မှာကတော့တောရောမြို့ရောDASSK ပါဘဲ။တိုင်းရင်းသားဒေသမှာလဲNLD ကိုမကြိုက်ရင်တောင်အဘကိုပြောင်းထောက်ခံလောက်အောင်တော့အများစုကမမိုက်သေးပါ။ဒါကြောင့်ပိုက်ဆံလှူတာတွေပေါ်တင်လုပ်ပြီးဘုန်းကြီးတွေကိုမြှောက်ပေးတာပါ။ဒါပေမယ့်ဘုန်းကြီးအများစုကဓမ္မဘက်မှာရပ်နေပါသေးတယ်။

အဘရဲ့နောက်လိုက်နဲ့ပြည်တွင်းကခရိုနီမီဒီယာ၊ပြည်ပသြဇာခံမီဒီယာများကDASSK နဲ့NLD ကိုမျိုးစုံအပြစ်ပြောအပုတ်ချပေမယ့်မနေ့ကပြည်တွင်းပြည်ပကပြည်သူတွေကDASSK ကိုချစ်နေသေးကြောင်းထောက်ခံကြောင်းပြသွားပါတယ်။အဘဖြစ်ချင်တာနဲ့ဖြစ်နေတာကကွာနေပါတယ်။ဒါဟာမေတ္တာပါ။အချို့ကိစ္စတွေမှာမေတ္တာကိုသေနတ်ကယှဉ်မရပါ။အဘနားလည်နိုင်ပါစေ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page