top of page
Search

အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • 10 hours ago
  • 1 min read

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အတိုင်း ဘယ်အရာမှ အလကားမရပါ။ ယူကရိန်းတောင် အမေရိကန်က လက်နက်ယူထားလို့ စာချုပ်နဲ့ သယံဇာတပြန်ပေးဖို့ လုပ်နေရတာပါ။ မအလကို ရှီက ဘာတွေပြောခဲ့သလဲ။ သူနဲ့တွေ့ချိန်မှာ ရဲဝင်းဦး၊ သန်းရွှေ၊ ကျော်စွာလင်း၊ ဝါဝါမောင်၊ ချစ်ဆွေ၊ မင်းနောင်တို့လဲ အစည်းအဝေးခန်းထဲမှာ ရှိနေခဲ့ပါတယ်။ မအလက ကျော်စွာလင်းကို နောင်မျိုးဆက်သစ် တပ်ခေါင်းဆောင်အနေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ရှီက ဘာလုပ်ပါ ညာလုပ်ပါ မပြောပေမယ့် မအလက ရွေးကောက်ပွဲလုပ်မယ်ဆိုတာ ကတိပေးခဲ့သလို၊ ရှီက မြန်မာပြည်မှာ ငြိမ်းချမ်းဖို့ အားလုံးရွေးကောက်ပွဲမှာ ပါနိုင်အောင်လုပ်ဖို့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ပြောခဲ့တယ်လို့ အကြမ်းဖျဉ်းအားဖြင့် သိရပါတယ်။များသောအားဖြင့် မအလကို တောင်းဆိုတာ၊ ရာဇသံပေးတာတွေက ဒုဝန်ကြီးအဆင့်ရှိသူတွေ တရုတ်ကိုယ်စားလှယ်လာစဉ်မှာသာ ပြောလေ့ရှိတာပါ။ မအလဟာ ယခင်က တရုတ်ကိုယ်စားလှယ်က ကျားဖြန့်ကိစ္စ ဖမ်းဖို့ပြောတာတွေကို မခန့်လေးစားလုပ်ခဲ့ပေမယ့် စစ်ရှုံးအပြီး ဝမ်ရီလာချိန်မှာ တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်ပြောထားတဲ့အတိုင်း အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲလုပ်ဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ဖို့၊ ကျားဖြန့်နဲ့ပတ်သက်တဲ့ အရာရှိတွေကို အရေးယူဖို့ ကတိပေးခဲ့ပါတယ်။ တရုတ်ဟာ သန်းရွှေ၊ သိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးတို့ကတဆင့် မအလကို မြန်မာ့အရေးပြေလည်အောင် မျိုးဆက်သစ်ခေါင်းဆောင်တွေကို တာဝန်လွှဲဖို့လဲ ပြောခဲ့တယ်ဆိုတာ ဘရွှေနဲ့တွေ့ဆုံတဲ့ အသံဖိုင်တွေ၊ သိန်းစိန်နဲ့တွေ့စဉ်ဖမ်းထားတဲ့ အသံဖိုင်တွေကနေ ညွှန်ပြနေသလို နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာတွေကလဲ ညွှန်ပြနေပါတယ်။

မအလက တရုတ်ပြောတာကို အကုန်လုပ်မှာလား?

မအလဟာ တရုတ်ကို မြစ်ဆုံပြန်စစေတာမျိုး၊ ရထားလမ်းဖောက် ခွင့်ပေးတာမျိုး၊ ရခိုင်ကို ထိုးကျွေးပြီး အတိုက်အခံလက်နက်ကိုင်တွေ အကျပ်ရိုက်အောင်တော့ လုပ်မှာပါ။ ကျန်တာကတော့ တရုတ်ဖိအားပေါ်မှာ မူတည်ပြီး အတိုးအလျှော့ရှိမှာပါ။


သမ္မတက ဘယ်သူလဲ?

မအလကတော့ သမ္မတဖြစ်ချင်ပါတယ်။ တရုတ်က မအလကို သမ္မတလုပ်တာ မကြိုက်ပါ။ ဒါဆို ညိုစောက သမ္မတဖြစ်မလား၊ ခင်ရီက သမ္မတဖြစ်မလားဆိုပြီး မေးခွန်းက ဖြစ်လာပါတယ်။ ညိုစောက မအလအယုံကြည်ဆုံးပါ။


တပ်ချုပ်က ဘယ်သူဖြစ်မလဲ?

မအလက ဖြစ်နိုင်ရင် တပ်ချုပ် ဆက်လုပ်လိုပါတယ်။ တရုတ်က မအလ ဆက်ပြီး တပ်ချုပ်လုပ်နေတာကို မကြိုက်ပါ။ ဒါကြောင့် ကျော်စွာလင်းကိုသာ လွှဲခဲ့ရဖို့ရှိပါတယ်။


ဒါဆိုရင် မအလက ဘာလုပ်မလဲ?

သမ္မတလုပ်ရင် တပ်ချုပ်လောလောဆယ် လုပ်မရပါ။ ဒါကြောင့် တပ်ချုပ်ဆက်လုပ်ရင်လဲ သမ္မတအောက် ရောက်သွားမှာပါ။ ဒါဆို အတိုင်ပင်ခံကောင်စီမှာ ဥက္ကဌလုပ်မလား။ဒါဆိုရင်သူက အတိုင်ပင်ခံကောင်စီဥက္ကဌလုပ်ပြီး ကျော်စွာလင်းက အဖွဲ့ဝင်၊ သမ္မတက အဖွဲ့ဝင်ဆိုရင်တော့ သူက လိုအပ်သည်များကို မှာကြားပြီး ဆက်လုပ်မှာပါ။ နောက်မှ သမ္မတက စစ်သေနာပတိချုပ်ဆိုပြီး သမ္မတပြန်လုပ်မလား မေးစရာရှိပါတယ်။ မအလဟာ တရုတ်‌ ပြောတာကို ဟန်ပြလောက်သာ လုပ်ပြမှာပါ။ မေးခွန်းက တရုတ်က မအလကို သူပြောတာလုပ်အောင် ဘယ်လိုဖိအားပေးနိုင်မလဲ ဆိုတာပါ။မအလဟာ ဗမာဒေသကို ထိန်းချုပ်နိုင်ခဲ့ရင် တရုတ်ဖိအားကို အတိုင်းအတာတစ်ခုအထိ တောင့်ခံနိုင်မှာပါ။ တရုတ်ပြောစကားလဲနားမထောင် ဗမာဒေသလဲ မထိန်းချုပ်နိုင်ရင်တော့ တရုတ်က သူ့လက်အောက်ခံအဖွဲ့တွေကတဆင့် NUG/PDF ကို လက်နက်ထောက်ပံ့တာ၊ ဒါမှမဟုတ် ယခင်ကလို MNDAA/TNLA နဲ့ AAကို ပြည်မထဲအထိ တိုက်ခိုင်းတာမျိုးတွေလဲ လုပ်လာနိုင်ပါတယ်။


ပြည်သူတွေက ဘာလုပ်ရမလဲ?

အင်အားကြီးနိုင်ငံတွေရဲ့ ဖိအားက ကြီးပါတယ်။ သူတို့ကြောင့် မိမိ မကြိုက်တာတွေလဲ ဖြစ်တတ်ပါတယ်။ ပြည်သူတွေအနေနဲ့က မိမိရဲ့ NUG အောက်က PDF အားကောင်းအောင်သာ PRF ကတဆင့်ဆက်ထောက်ပံ့ပေးထားပါ။ နဂါးလို အခြားအဖွဲ့တွေနဲ့ ငွေကို မဖြုန်းပါနဲ့။ မအလဟာ တရုတ်ခိုင်းတာကို အပေါ်ယံလောက်သာလုပ်ပြမှာပါ။ သူ့တပ်ဟာ ဗမာဒေသကိုလဲ ထိန်းနိုင်မှာမဟုတ်ပါ။ ဒါကြောင့် ပြဿနာက အချိန်တစ်ခုမှာ ပေါ်မှာပါ။ ထိုအချိန်မှာ မိမိ PDF တပ်က နေပြည်တော်တက်သိမ်းနိုင်အောင်သာ ပြင်ဆင်ထားကြပါ။ တိုင်းရင်းသားများလဲ NUG နဲ့ နိုင်ငံရေးအရ ပေါင်းထားခြင်းဖြင့် တရုတ်ဖိအားကို လွန်ဆန်နိုင်အောင် ကြိုးစားကြပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page