top of page
Search

အဖျက်သာကျွမ်းကျင်သူ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 18, 2022
  • 1 min read

စစ်တပ်တွေရဲ့သဘောက ရန်သူကို တိုက်ခိုက်ချေမှုန်းရတာပါ။ ဒါကြောင့် စစ်တပ်တွေကိုနိုင်ငံရေးသမားအောက်မှာ ထားရတာပါ။ ရုရှားနဲ့ မြောက်ကိုရီးယားမှာတောင် စစ်တပ်ဟာအရက်သားအစိုးရအောက်မှာရှိရပါတယ်။ ဒါကြောင့် ပူတင်က စတီးစက်ရုံကို ဝင်မတိုက်နဲ့ဆိုရင် သူ့တပ်က ဝင်မတိုက်ပါ။

မြန်မာပြည်ကစစ်တပ်ကို လေ့လာကြည့်ပါ။ ဖျက်ဆီးရာမှာ အလွန်တော်တာတွေ့ရမှာပါ။ လူ့သဘောဝအရ တည်ဆောက်ရတာနဲ့ ဖျက်ဆီးရတာမှာ ဖျက်ရတာက ပိုလွယ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်တပ်ဟာ ဖျက်ဆီးရာမှာတော့ မိမိပြိုင်ဖက် အခြားတပ်တွေထက် ပိုတော်တာတွေ့ရမှာပါ။

နေဝင်းခေါင်းဆောင်တဲ့တပ်ဟာ တိုင်းပြည်ကို ချမ်းသာတဲ့နိုင်ငံကနေ ၁၉၆၂ကနေ ၁၉၈၈အတွင်း ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်အောင် လုပ်ခဲ့ ဖျက်ဆီးခဲ့ပါတယ်။ ပညာရေး၊ စီးပွါးရေး၊လူမှုရေး၊ တရားရေးတွေကို အကုန်ဖျက်ဆီးခဲ့တာပါ။ လက်ကျန်လေးကို စောမောင်နဲ့ သန်းရွှေက ထပ်ဖျက်ဆီးခဲ့ပါတယ်။ DASSK က ငါးနှစ်အတွင်းတည်ဆောက်ထားတာကိုလဲ မအလက လပိုင်းအတွင်း ပြန်ဖျက်ဆီးခဲ့ပါတယ်။ လက်ရှိမှာ ဖျက်စရာ စနစ်မကျန်တော့လို့ အိမ်တွေကို မီးလိုက်ရှို့နေတာပါ။

ဒီမအလတပ် ထူးချွန်တာက မိမိတပ်ကသာ အသုံးမကျပေမယ့် ရန်သူအုပ်စုထဲမှာ သွေးကွဲအောင်လူပ်နိုင်တာပါ။ နေဝင်းတပ်ဟာ ကွန်မြူနစ်ကိုလဲ သွေးကွဲအောင်လုပ်နိုင်ခဲ့ပါတယ်။ နေဝင်းက ဖာလိုက်၊ မြင်းလောင်း၊ ဖဲရိုက် ပိုက်ဆံဖြုန်းနေပေမယ့် ဦးနုရဲ့ တော်လှန်ရေးအဖွဲ့ကို လူတွေအထင်အမြင်မှားအောင် ပြိုကွဲအောင် လုပ်နိုင်ခဲ့ပါတယ်။ ဖာချ၊ လာဘ်စား၊ မိန်းမရှုတ်တဲ့စစ်တပ်ခေါင်းဆောင်တွေက ABSDF ကိုလဲ နာမည်ဖျက်ပြီး ခွဲနိုင်ခဲ့ပါတယ်။ ယခင်ကတိုင်းရင်းသားလက်နက်ကိုင်တွေကိုလဲ ခင်ညွန့်က မြောက်နဲ့ ငြိမ်းချမ်းရေးယူပြီး တောင်ကိုတိုက်၊ တောင်က KNU နဲ့ NCA ထိုးပြီး မြောက်ကိုတိုက် လုပ်နိုင်ခဲ့ပါတယ်။ လက်နက်ကိုင်အဖွဲ့တွေထဲ MNDAA၊ KIA၊ KNU ထဲမှာ နည်းမျိုးစုံနဲ့ ခွဲခဲ့ပါတယ်။ KNU ထဲက DKBA ခွဲထွက်အောင်လဲ လုပ်နိုင်ခဲ့ပါတယ်။ နောက်ဆုံး NLD ထဲက လူအချို့ကို ခွဲထွက်အောင်လဲ သွေးခွဲနိုင်ခဲ့ပါတယ်။ ရခိုင်မှာ ဘာသာရေး၊ လူမျိုးရေးအခြေခံ ပြဿနာပေါ်အောင်လဲ သွေးခွဲနိုင်ခဲ့ပါတယ်။

မအလနဲ့ သူရဲ့တပ်ဟာ လူတွေကို သွေးခွဲတာ ဖျက်ဆီးတာ၊ တိုင်းပြည်ကို ဖျက်ဆီးတာမှာထူးချွန်ပြီး တိုင်းပြည်ကို တည်ဆောက်ရာမှာတော့ ၁၉၆၂ ကနေ ၂၀၁၅ အထိ၊ ၂၀၂၁ ကနေယခုအထိ ဘာမှ အသုံးမကျတာ အားလုံးတွေ့ရမှာပါ။ စာရေးသူတို့ ဒီမိုတွေအနေနဲ့ မအလအကွက်က ရိုးတယ်လို့ ထင်ကြမှာပါ။ ဒါပေမယ့် စာရေးသူတို့ရဲ့ ဓလေ့အရ မခွဲချင်က ကွဲချင်နေတတ်ပါတယ်။ ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အမိန့်ပေးစနစ်ခိုင်မာအောင် NUG ရဲ့ ဦးဆောင်မှုအောက်ကနေ လျှောက်လှမ်းပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

1 Comment


Nay Nann myint
Nay Nann myint
May 18, 2022

မျိုးဆက် ဘယ်နှဆက်လေါက်အထိများ

သူတို့ချခဲ့တဲ့ စိတ်ယုတ်မျိုးစေ့တွေကို

ရှင်းထုတ်ရမှာပါလိမ့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page