top of page
Search

အပြောထက် အရေးကြီးသောအလုပ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 19, 2024
  • 1 min read

MNDAA က စာထုတ်တာကို ဖတ်ရပါတယ်။ ဘာမှ ရင်မခုန်ပါ။ ဘာလို့လဲ? စာရေးသူက နဂိုထဲက ဘယ်အဖွဲ့ကိုမှ အားမကိုးဘဲ NUG ကိုသာ အားကိုးခဲ့လို့ပါ။ ဒါက စာရေးသူရဲ့ခံယူချက်အပေါ်မှာ မူတည်ပြီး ရေးပြတာပါ။

ဒါပြီးရင် MNDAA ရဲ့ အနေအထားကို အခြားအဖွဲ့တွေနဲ့ နှိုင်းယှဉ်ပြီး လေ့လာကြည့်ရအောင်။ ပထမဆုံးက တော်လှန်ရေးအစမှာ ကူမလိုထလုပ်တဲ့ ဘိုးတော်ကြီးက ယခုတော်လှန်ရေးထဲမပါဘဲ NCA တက်နေတာ အားလုံးသတိထားမိမှာပါ။ ဒါပေမယ့် မအလကို ကြားနေမယ်ပြောပြီး လက်နက်ထောက်ပံ့ခဲ့တဲ့ အဖွဲ့များစွာလဲ ရှိခဲ့ပါတယ်။ MNDAA က လားရှိုးအထိဝင်တိုက်ပေးပြီးလို့ သူ့နယ်သူတိုက်သိမ်းရင်တောင် သူ့တာဝန်က ကျေနေပါပြီ။ သူက ကိုးကန့်တင်မဟုတ်ဘဲ လားရှိုးအထိ ဆင်းသိမ်းလို့ တာဝန်အကျေလွန်သွားပါပြီ။

MNDAA ဟာ တရုတ်နဲ့နီးစပ်တာ သူ့စစ်ဆင်ရေးဘာကြောင့်ဖြစ်လာတာတွေကို စာရေးသူရှင်းပြ ရေးသားပြခဲ့ပါပြီ။ သူက တရုတ်ဩဇာလွှမ်းမိုးမှုရှိမှာပါ။ ဒါကြောင့် ကိုးကန့်နယ်စပ်အထိက တော်လှန်ရေးအတွက် မျက်စိမှိတ်ပေးထားလို့ရပါတယ်။ ဒါပေမယ့် သတိထားရမှာက MNDAA နဲ့ ပေါင်းတိုက်နေတဲ့ မောင်ဆောင်းခရဲ့ BPLA နဲ့ တရုတ်ကွန်မြူနစ်အတွေးအခေါ်ကိုယူထားတဲ့ PLA တို့က တရုတ်ဩဇာတွေကို ပြည်မကို မယူလာအောင်တော့ သတိထားရမှာပါ။ ဒါက red line ပါ။ ပြည်သူတွေအနေနဲ့လဲ NUG ကိုသာထောက်ပံ့ဖို့ အမြဲပြောခဲ့တာက တရုတ်ဩဇာ၊ အမေရိကန်ဩဇာကို တောင့်ခံနိုင်အောင်ပါ။

ယခု MNDAA က တရုတ်ပြောတာကို လိုက်လုပ်လို့ ယခု မအလက တရုတ်နဲ့သဘောတူထားခဲ့တာတွေကို လုပ်ပြရမှာပါ။ ဒီနေရာမှာ DASSK ကို တွေ့သလို ‌အပေါ်ယံတော့ လုပ်ပြနိုင်ပါတယ်။ အောက်တိုဘာမှာ သန်းခေါင်စာရင်းကောက်ပြီး ရူးချင်ယောင်ဆောင်ပြနိုင်ပါတယ်။ ဒါပေမယ့် မအလဟာ လက်ရှိအနေအထားနဲ့ တရုတ်ငြိမ်းချမ်းရေးကို လက်ခံမှာမဟုတ်ပါ။ မအလက MNDAA ကို လားရှိုးကထွက်သွားဖို့ တရုတ်ကြောင့်တွေ့ဆုံဖြစ်လဲ တောင်းဆိုမှာပါ။ မအလနဲ့ MNDAA ငြိမ်းချမ်းရေးဖြစ်နိုင်တာက MNDAA က လားရှိုးကနေ ပြန်ဆုတ်သွားမှပါ။ ဒီလိုလိုက်လျောရင်တော့ MNDAA က သူ့သိက္ခာကျသွားမှာပါ။ ဒါက တော်လှန်ရေးနဲ့မဆိုင်ဘဲ သူ့သိက္ခာအကျခံမလား သူ့ဖာသာသူ စဉ်းစားရမယ့်အပိုင်းပါ။ ရခိုင်မှာလဲ AA က မြောက်ဦးတောင် ပြန်ပေးရမယ့်ပုံ မအလက ပြောဆိုနေတာပါ။


အကျဉ်းချုပ်ရရင် MNDAA ရဲ့စာကို ဝေဖန်စရာမရှိပါ။ ပြည်သူတွေက လက်တွေ့သူ့လုပ်ရပ်ကိုသာ ဆက်စောင့်ကြည့်ပါ။ စာရေးသူတို့က လုပ်စရာရှိတာ ဆက်လုပ်ရမှာပါ။ အညာမှာ တရုတ်ဩဇာလာဖြန့်ရင်တော့ red line အနေနဲ့ တုန့်ပြန်ရမှာပါ။ အညာမှာ တရုတ်က လူပါးဝလာရင် တရုတ်အကျိုးစီးပွားကို ပညာပေးရမှာပါ။ တရုတ်တပ် အညာကိုဝင်လာရင် အမေရိကန်တပ် အာဖဂန်နဲ့ ဗီယက်နမ်မှာဖြစ်သလို စစ်ရှုံးသွားမှာပါ။ NUG က သူ့ကိစ္စသူပြင်ထားပြီးသားပါ။ MNDAA ကိုးကန့်မှာဘာလုပ်လုပ် သူတို့ကိစ္စပါ။ စာရေးသူအနေနဲ့ MNDAA ကို နားလည်စာနာပါတယ်။ ဝေဖန်စရာမရှိပါ။ ဒါပေမယ့် တရုတ်ဩဇာခံအဖွဲ့၊ အမေရိကန်ဩဇာခံအဖွဲ့တွေ အညာဒေသမှာ ခြေမရှုတ်အောင်တော့ ပြည်သူက NUG ကို ကူညီပံ့ပိုးပေးပါ။ နိုင်ငံခြားကလှူနေသူများလဲ ဘယ်သူတိုက်တိုက်လှူတယ်ဆိုပြီး သင်တို့ငွေက တရုတ်ဩဇာနဲ့မကင်းတဲ့ အဖွဲ့တွေထံ မလှူမိပါစေနဲ့။ ငွေက တန်ဖိုးရှိပါတယ်။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page