top of page
Search

အပြစ်တင်ရဲခဲ့ရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Sep 11, 2020
  • 1 min read

ree

စာ​ရေးသူမနေ့က မြန်မာနိုင်ငံရဲ့ အိမ်နီချင်း ဘယ်နိုင်ငံတွေမှာ ကိုဗစ်ဖြစ်နေလဲ ဆိုတာကိုအထောက်အထားနဲ့ ရေးခဲ့ပြီးပါပြီ။ တရုတ်နိုင်ငံက စဖြစ်ခဲ့တာ မှန်ပေမယ့် သူက ကွန်မြူနစ်မိုလို့အာဏာရှင်မိုလို့ ထိန်းရလွယ်ခဲ့ပါတယ်။ လာအိုကလဲ ကွန်မြူနစ်မိုလို့ ထိန်းရလွယ်ပါတယ်။ ထိုင်းကလဲသိပ်မဖြစ်တော့ပါ။ အနောက်ဖက်က ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယမှာသာ အဖြစ်များနေတာပါ။ အိန္ဒိယကတဆင့်ကူးလာခဲ့ရင် ချင်း၊ ပလက်ဝဘက်တွေက စရမှာပါ။ ယခုက စစ်တွေကဖြစ်နေလို့ အိန္ဒိယနဲ့ ဝေးနေပါတယ်။ ကိုဗစ်ရဲ့ မျိုးရိုးဗီဇကို စစ်ရင် ဘယ်ကလဲသိပါမယ်။


ree

ဘယ်နယ်စပ်ကလာလာ လုံခြုံရေးလိုပါတယ်။ နယ်စပ်လုံဖို့ပေါ့။ ပြီးရင် စစ်တွေကနေ ရန်ကုန်အဝင်စာရင်းက စရဖနဲ့ သတင်းတပ်ဖွဲ့ထံမှာရှိပါတယ်။ သတင်းထောက်လှမ်းရေး intelligent gathering ပေါ့။ ဒါက ဘယ်သူနဲ့ဆိုင်လဲ အထူးပြောစရာလိုမည်မထင်ပါ။ ယခု KTV ကိစ္စ။ ဘယ်မှာKTV ဆိုင်ဖွင့်တာ၊ နိုက်ကလပ်ဖွင့်တာကို သိသူများဟာ ရဲ၊ စရဖနဲ့ ထွေအုပ်တွေပါ။ သူတို့ကိုဆက်ကြေးမပေးဘဲ ဘာမှလုပ်မရပါ။ သူတို့က သတင်းထောက်လှမ်းပြီးတင်ပြရတာပါ။ ဒါဆို အဲ့ဒီဆိုင်တွေကို ဘယ်သူက ပိတ်ပိုင်ခွင့်ရှိလဲ? ကိုဗစ်အမိန့် နားမထောင်သူကို ဘယ်သူက တရားစွဲဖမ်းပိုင်ခွင့်ရှိလဲ? ဒေးဗစ်လားကိစ္စမတိုင်ခင်အထိ အရေးယူလို့ရတဲ့ပုဒ်မက တိုင်းဒေသကြီး အစိုးရအောက်မှာပါ။ လားလားကိစ္စအပြီးမှာ ကိုဗစ်လို ကိစ္စတွေကို ကူးစက်ရောဂါကာကွယ်ရေးနဲ့သာ အရေးယူရပြီးအဆိုပါ ပုဒ်မ ၂၁ အရ လုပ်ပိုင်ခွင့်ကို ကျန်းမာရေးဝန်ကြီးဌာနက ရရှိသွားပါတယ်။ ယုန်ကလေးကိုအရေးယူရမှာလဲ ကိုဗစ်နဲ့ဆိုရင် ကျန်းမာရေးပါ။ ကျန်းမာရေးက အမိန့်ထုတ်ခဲ့ရင်တောင် တကယ်အရေးယူရတာက ပြည်ထဲရေးပါ။ အားလုံးဟာ ထောက်လှမ်းရေးသတင်းမှာ အခြေခံပါတယ်။

ဒီနေရာမှာ ကွီးဖြိုးက အဖျားတိုင်းလို့ ကမ္ဘာပျက်မရောင် ဖြစ်နေတဲ့ ဆရာဝန်အချို့လဲရှိပါတယ်။ မနေ့ကညအထိ ရန်ကုန်မှာ ပိုးတွေ့တာက ယခင်ကထဲက ကူးစက်ခံထားရသူများပါ။ သူတို့က အဖျားတိုင်းတာကို လူစုသွားလို့ဆိုပြီး ဖောင်းထုတာပါ။ သူတို့ဟာ နှာခေါင်းစည်းမတတ်ဘဲ လျှောက်သွားနေတုန်းက အေးဆေးသမားတွေပါ။ ထိုရန်ကုန်က team leader ဆိုတဲ့ အမေစုအိမ်ထဲ ဝင် ဓာတ်ပုံရိုက် ဖောင်းထုသူများဟာ သူတို့ဝန်ကြီးက ရန်ကုန်ကို stay home အစောကြီးထဲကလုပ်ဖို့ ဘာမှမပြောခဲ့ မပြောရဲသူများပါ။ နောက်ကြုံမှ သူတို့အကြောင်းရေးပါ့မယ်။ ဒီနေရာမှာ လူနာတွေကို ဖုန်းနဲ့ဆက်သွယ်ဖို့ကဆရာဝန်မလိုပါ။ ဘယ်နိုင်ငံမှာမှ မလုပ်ပါ။ မြန်မာပြည်ကသာ အချိန်ကုန်ခံပြီး မဟုတ်တာကို လုပ်နေတာပါ။ ဒါပေမယ့် မြန်မာပြည်မှာက ၂၀၀၈ ခြေဥအရ ညွှန်ချုပ်ကလဲ ဒုသမ္မတအဆင့်ဆိုတော့ ဒုလက်ထောက်ညွှန်မှူးတွေကလဲ အဆင့်မြင့်တာပေါ့။


ree

နောက်ပြီး ကျန်းမာရေးဝန်ကြီးက stay home ဆိုပြီး စက်တင်ဘာ ၉ ရက်နေ့မှာ ကြေညာအပြီး မနေ့ကမြို့နယ်တွေက လူအချို့ကလဲ အတားအဆီးထလုပ်ပါတယ်။ ဒီမှာလဲ ရပ်ကွက်ထဲကလူတွေက ၈၈ လိုထလုပ်တာကို ဆဲတော့ ရန်ကုန်တိုင်းအစိုးရကိုပါ။ အမိန့်ထုတ်တာက ကျန်းမာရေးဝန်ကြီးဌာနပါ။မြို့နယ်တွေမှာ အမြင်မတော်တာတွေ့ရင်လဲ ကျန်းမာရေးဝန်ကြီးဌာနက ပါဝါရှိတဲ့ အဆိုပါ ဒုညွှန်မှူးလေးတွေက ထွေအုပ်ကနေတဆင့် ရဲကိုဖမ်းခိုင်း မရရင် အဘကိုခေါ်ဖမ်းခိုင်းလိုက်ပါ။

ဒီကိုဗစ်ကိစ္စဟာ ကာကွယ်ဆေးမပေါ်ခင်အထိ ဖြစ်နေမှာပါ။ မြန်မာပြည်က နိုင်ငံခြားကနေ တရားဝင်ပြန်လာသူအားလုံးကို Q ဝင်ခိုင်းထားတာပါ။ အနောက်တံခါး မလုံသရွေ့ကတော့ လုံခြုံရေးမကောင်းသရွေ့ကတော့ ပြဿနာဟာ မပြီးသွားပါလို့သာ ပြောပါရစေ။ ယခုတော့ ရန်ကုန်က သင်္ကြန်လို ပိတ်လာလို့ နောက်နှစ်ပတ်ပြီးရင်တော့ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ ရေရှည်မှာကတော့ လုံခြုံရေးနဲ့ ထောက်လှမ်းရေး အားကောင်းဖို့ လိုမှာပါ။


မြန်မာပြည်မှာ ပြဿနာများစွာရှိနေပြီး လုံခြုံရေးကဏ္ဍ ပြုပြင်မှု security sector reform နဲ့ ပြည်သူ့ဝန်ဆောင်မှုကဏ္ဍ public sector reform တွေကို လုပ်ရမှာပါ။ သူတို့ဟာ ခြေဥနဲ့ ဆက်စပ်နေပါတယ်။ ဒီခြေဥပို မပြင်နိုင်ရင်တော့ မလွယ်ပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Sep 12, 2020

ဦးမြတ် ! ကိုဗစ်ပွဲမှ သင်္ခန်းစာမှာ တင်ပြမှုကို မှတ်မိမှာပါ။

မပါ မပြီး၊ ပါလည်း ပြီး၏။

မပါ မပြီး ၊ ပါလည်း မပြီး။

ဆား နှင့် ဟင်းခပ်အချိုမှုန့်

ဆား ကို ကိုး မလား? အချိုမှုန့် တိုး မလား? ရွေးချယ်ရပါတော့မည်။

ဆားဆိုတာ ရိုးရာ ကိုးလာတာပါ။ဆားမပါ ပေါ့ပျက်ပျက်မို့ မစွဲမက်ကြ။

ဟင်းချိုမှုန့် ခုခါပေါ်တဲ့ ခါတော်မှီ။

ပြည်တွင်းမှာ မဟုတ်၊ မူရင်းက ပြည်ပကထုတ်။ သွေးတိုး ဆီးချို နှလုံး စုံကာမြိုင်၊ သူ့ဆီမှာ လှိုင်။

ခေတ်မီသူတိုင်း အချိုမှုန်ဆို ငြင်းဆန် ၊ ပြင်းထန်ကန့်ကွက်။

ဆား နှင့် ဟင်းချိုမှုန့် စားသုံးသူပမာဏ ကွဲပြားအောင် ခွဲခြား၊ တွဲမစားသင့် စားသင့် ဆန္ဒအသစ်ကို ဖော်ထုတ်ဖို့ ၈ နိုဝင်ဘာက အသင့်စောင့်ကြိုနေပါပြီ။

မိမိကျန်းမာရေး မိမိကိုယ်တိုင် ရွေးရပါမည်။ အရွေးမှားရင် ဘေး များပါမည်။ ဘေးတကာဘေး နာတာရှည်ဘေးက ကြောက်စရာအကောင်းဆုံး။ လူလည်း နုံရုံမက

ဓနပါ ဂျုံးဂျုးကျ ဆင်းရဲလှပါတကား။

သည်အဆင် နဲ့ သည်အမြင်၊ ခေတ်မျိုးစုံကြုံ ခေတ်မျိုးစုံကို ယုံမိသူတိုင်း အမှန်မြင်နိုင်ပါသည်။

ဆားကို ရွေး မလား?

သွေးသားစင်ကြယ်၊ ကျန်းမာရေးနယ်အတွက်

ဟင်းချိုမှုန့်ကိုပဲ အလေးထားမလား ?

ရောဂါကပ် တွယ်၊ ဖြေခြင်း မလွယ်

မိမိရဲ့ကျန်းမာရေး မိမိတွေးမိသူတိုင်း #မပါမပြီး# ဆားကိုသာ မြည်းစားကြပါလိမ့်မည်။

အသင်! အရွေး မမှားဖို့လိုပါပြီ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page