top of page
Search

အနောက်မြောက်မှာ စစ်ရာဇဝတ်မှုတွေ ဘယ်သူတွေကျူးလွန်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 4, 2021
  • 1 min read

အနောက်မြောက်မှာ စစ်ရာဇဝတ်မှုတွေ ဘယ်သူတွေကျူးလွန်နေလဲ?




တာဝန်အရှိဆုံးက မအလဂျပုဖြစ်ပြီး၊ နောက် မိုးမြင့်ထွန်းက ညာလက်ရုံးအနေနဲ့ တာဝန်ရှိပါတယ်။ ဒီပဲရင်း၊ တမူး၊ ကလေး၊ မတူပီ၊ မင်းတပ် စစ်ဆင်ရေးကို ကိုယ်တိုင် ဦးစီးပြီး အရပ်သားတွေကို အမြောက်နဲ့ ပစ်ခိုင်းသူက အမှတ် ၃ စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ဖြစ်ပါတယ်။ သူ့လက်အောက်က အနောက်မြောက်တိုင်းမှူးက ဗိုလ်မှူးချုပ် ဖြိုးသန့်ပါ။ ဒုတိုင်းမှူးက ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်ပါ။ တိုင်းဦးစီးမှူးက ဗိုလ်မှူးချုပ် ကျော်စွာဝင်းပါ။ ခန္ထီးတပ်နယ်မှူးက ဗိုလ်မှူးကြီး သက်ထူးစံပါ။ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် ကလေး ဒေသကွပ်ကဲရေးမှူး ကလေးတပ်နယ်က ဗိုလ်မှုးကြီး သန့်ဇင်ဦးပါ။

သူတို့အားလုံးဟာ ယခု လူအစုလိုက်အပြုံလိုက်သတ်မှု စစ်ရာဇဝတ်မှု ကျူးလွန်မှုအတွက်တာဝန်ရှိသူများပါ။ မုံရွာက ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်တာ ဆန္ဒပြခေါင်းဆောင်ကို ကားနဲ့တိုက်ဖမ်းတာတွေ အတွက်လဲ တာဝန်ရှိပါတယ်။


(Note to Facebook: This is the list of army generals and commanders who are committing war crimes and crimes against humanity in North West Region of Burma. This post is to help UN and US to identify those peoples.)

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 05, 2021

ဦးမြတ်!! လူမှုကွန်ယက်စာမျက်နှာ ဓါတ်ပုံများမှတဆင့် သိခွင့် ရလိုက်ပါသည်။

~ အကာအကွယ်မဲ့ လွင်ပြင်မှာ ပြန့်ကြဲနေသော သက်မဲ့ ရုပ်ကြွင်းများ တစ်ချို့ အင်္ဂါကြီးငယ် မစုံတော့ပါ။တချို့ဆို ဖိနပ်တခြား ရုပ်ကြွင်းတခြား။ သည်လို ရုပ်ကြွင်းများ ဦးရေ ၂၀ ကျော်ရှိကြောင်းလည်း DVB သတင်းအရ သိရှိရပါသည်။

~အချို့မှာ သစ်ကိုင်းသစ်ခက်များနှင့် ဖုံးအုပ်ထားသည်ကိုလည်းတွေ့ရသလို အချို့က ပုဆိုးများဖြင့် ဖုံးအုပ်ထားရသည်ကို တွေ့ရပါသည်။

**သေတာတောင်မှ ပိုးစိုးပက်စက် ပိုးလိုးပက်လက်၊ သက်ဆိုင်သူတွေ ရုပ်ကြွင်းကို ကိုင်တွယ်ထိတွေ့ခွင့်မရကြောင်း သက်သေပါ။ သက်ဆိုင်သူတို့ ကိုင်တွယ်ခွင့် မရလောက်အောင် ပြေးလွှားပုန်းအောင်းနေရတော့ လူချင်းတူတူ သူချင်းမျှမျှ သင်္ဂြိုလ်ခွင့်တောင် မရကြရှာ။ ကျီးစားစား လောက်ထိုးထိုး လင်းတပဲနားနားရယ်လို့ မပြစ်ပယ်ရက်တော့ မမြှပ်နှံနိုင်မည့်အတူတူ အကာအကွယ်တစ်ခုအနေနဲ့ သစ်ကိုင်းသစ်ရွက် ပုဆိုးတို့နဲ့ အုပ် ခြုံထားခဲ့ကြသည်ဟု ယူဆမိပါသည်။ သည်လောက် အဖြစ်ဆိုးတဲ့ အဖြစ်မျိုး!!!

~တောအနည်းငယ်ရှိတဲ့ ကွင်းပြင်ကျယ်တွေဆီ နွားလှည်းတွေနဲ့ ပြေးကြရတဲ့ မြင်ကွင်းက ပို၍ကြေကွဲစရာ။ လှည်းပေါ်မှာ သက်ကြီးရွယ်အိုတွေ ၊ လမ်းမလျှောက်နိုင်သည့် ကလေးသူငယ်တွေ။ ပုံတစ်ပုံဆိုလျှင်

**မိခင်ဖြစ်သူက ဦးခေါင်းပေါ်မှာ အထုပ်တစ်ထုပ်၊ ညာဖက်လက်က လမ်းလျှောက်နိုင်သည့်

အရွယ်မမြောက်သေးသည့် ကလေးငယ်ကို ဆွဲ၊

ဘယ်ဖက်မှာ လမ်းမလျှောက်တတ်သည့် နုနုနယ်နယ် ကလေးငယ်ကို ခါးထစ်ခွင် ချီပိုးပြီး

အပြေးတပိုင်း တိမ်းရှောင်နေရပုံက မြင်ရတွေ့ရသူ ွ လူသားချင်းစာနာမိသည့်အလျောက် ကြေကွဲမိပါသည်။ ဘာမျှ မသိသေးတဲ့ အပြစ်မဲ့ ကလေးငယ် ငယ်ငယ်ရွယ်ရွယ် ၊ အရွယ်နှင့်မမျှ ခါးသီးသော လောကဓံတရား ရိုက်ပုတ်မှုကို

ခံစားရတာ စနစ်ကြောင့်ဆိုတာ ထင်ရှားသွားပါပြီ။

လုပ်ရက်သူတွေက လုပ်ရဲမှတော့

အပြစ်မဲ့သူတွေ ဒုက္ခရင်စည်းခံရတာသည်

လုပ်ရက်သူတွေမှာ

သနားကြင်နာ ကရုဏာ မရှိကြောင်း

ပြသသည့် ပုံရိပ်ဖြစ်ပါသည်။

~သနားကြင်နာ စာနာထောက်ထားမှု ဗြဟ္မစိုရ်တရား ကွယ်ပျောက်နေသမျှ လောကကြီး…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page