top of page
Search

ဘီဘီစီ မြန်မာပိုင်း ဘောမနေပြီလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • 2 hours ago
  • 2 min read

ဒီအကြောင်းရေးရင် ဘီဘီစီက သတင်းဖခင်ကြီး ဖြစ်နိုင်ပါ့မလားဆိုပြီး မေးလိုသူတွေရှိပါတယ်။ သတင်းဌာနတစ်ခုလုံးမဟုတ်ရင်တောင် ယခု ပြုတ်သွားခဲ့တဲ့ ဗီအိုအေမြန်မာပိုင်းက ဌာနမှူးဟာ ဘောမ စရဖသတင်းပေးဆိုတာ ယခုအချိန်မှာ အားလုံးက ငြင်းမရတော့ပါ။


ဒါဆို ပထမမေးခွန်းက သတင်းသမားတွေက ဘက်လိုက်လားဆိုတာပါ။ အမေရိကန်မှာ Fox News က လက်ယာဘက်လိုက်ပြီး MSNBC က လက်ဝဲလိုက်ပါတယ်။ ဒါကပေါ်တင်ပါ။ CNN,ABC, CBS တို့က ထရမ့်ကို မုန်းရာကနေ ထရမ့်မကောင်းပြောတာများပြီး ဘက်လိုက်သလိုဖြစ်သွားကြပါတယ်။ ဥပမာ CNN က Jake Tapper ဆိုရင် ဘိုင်ဒင် မှတ်ဉာဏ်မကောင်းတာကို ထရမ့်ချွေးမက ပြောချိန်မှာ ပက်ပက်စက်စက် နှိပ်ကွက်ခဲ့ပြီး နောက်ပိုင်းမှသာ ပြန်တောင်းပန်ပါတယ်။

CNN က အထုတ်ခံရသူ Don Lemon, ABC က အထုတ်ခံရသူ Terry Moran တို့ဟာ လက်ဝဲဘက်လိုက်သူတွေဖြစ်ပြီး ထရမ့်တက်အပြီးမှာ သူတို့ရဲ့ ဘက်လိုက်မှုက ထင်သာမြင်သာရှိသွားခဲ့ပါတယ်။ Terry Moran က ထရမ့်ကို အင်တာဗျူးချိန်မှာ ဘက်လိုက်တာ သိသာပေမယ့် သူညအချိန် X မှာ ရေးတင်လိုက်တဲ့ စာကြောင်းက သူဘက်လိုက်တာကို ဖော်ပြလိုက်လို့ ABC ကနေ အထုတ်ခံခဲ့ရပါတယ်။


ပြင်သစ်မှာက Liberation and Le Monde တို့က လက်ဝဲယိမ်းပြီး၊ La Figaro, Les Echos, CNews တို့က လက်ယာပါ။

အင်္ဂလန်နိုင်ငံမှာ GB News, The Telegraph တို့စာ လက်ယာယိမ်းပြီး channel 4 နဲ့ The Guardian တို့က လက်ဝဲဘက်ပါ။ ဘီဘီစီက နိုင်ငံပိုင်ဖြစ်လို့ ပါတီနိုင်ငံရေးထဲမပါရပါ။


ဘီဘီစီ မြန်မာပိုင်းကို ပြန်ဆက်ရအောင်။ သူက ကြားနေလို့ ခံယူထားပါတယ်။ သူ့ရဲ့ အယ်ဒီတာက စိုးဝင်းသန်းပါ။ သူက ယခင်ပြန်ကြားရေးမှာ လုပ်ခဲ့တဲ့ စစ်တပ်နဲ့ နီးစပ်တဲ့ ဘောမတစ်ဦးပါ။ သူက ဘီဘီစီကို အခြားဘောမတွေအဆက်အသွယ်နဲ့ အလုပ်ရသွားခဲ့ပါတယ်။ ဘီဘီစိမြန်မာပိုင်းက မြန်မာပြည်က အင်္ဂလိပ်သံရုံးလိူဘဲ သိသူများကိုသာ အလုပ်ခေါ်ပါတယ်။ သူ့ကို ရိုဟင်ဂျာတွေက ဘက်လိုက်လို့ တိုင်ခဲ့ပြီး သတိပေးခံရပေမယ့် ရာထူးတက်ခဲ့သူပါ။ နောက်လူကတော့ ဝေဖြိုးပါ။ ဒါတင်မဟုတ်ဘဲ ဘီဘီစီမြန်မာပိုင်းရဲ့ မြန်မာပြည်တာဝန်ခံက ညိုလဲ့ရည်ပါ။ ဒီနေရာမှာ စစ်ဗိုလ်ကိုအထင်ကြီးတာ ကြိုက်တာ၊ စစ်ဗိုလ်သုတ်ပိုး ခေါင်းထဲရောက်နေသူတွေ ဘီဘီစီမြန်မာပိုင်းမှာ ကြီးစိုးနေရင် သတင်းတွေဟာ NLD က ထုတ်လိုက်တဲ့ စစ်ဗိုလ်နဲ့ညားတဲ့ စန္ဒာမင်းလိုဖြစ်နေပါမယ်။ သတင်းထောက်မှာ အမြင်ကအရေးကြီးပါတယ်။

ဒါ့အပြင် မင်းမှာ ဘာအထောက်အထားရှိလဲ?  သတင်းပညာလေးနဲ့ပြောပြပါ့မယ်။ သတင်းတင်ဆက်ရာမှာ ဘက်နှစ်ဖက်ရဲ့ အမြင်ကို ပြောရပါမယ်။ ဘီဘီစီမြန်မာပိုင်းက သတင်းတင်ဆက်ပြီး အမြင်မေးရာမှာ ISP (Myanmar) က အောင်သူငြိမ်းနဲ့ စပါတယ်။ သူက ဘောမစစ်ခွေးအောက်ဆွဲဆိုတာ လူတိုင်းသိပါတယ်။ ယောမင်းကြီးဇရပ်ပျက်ကလာတဲ့ ခွေးမျိုးတွေပါ။ ဒီလူပြီးရင် သူက စစ်တပ်ထွက် သိန်းထွန်းဦးကို ဆက်မေးပါတယ်။ ဒီအဖွဲ့က စရဖက ထောင်ထားတာပါ။ ဘီဘီစီက တကယ့် NUG/ အတိုက်အခံစစ်စစ် အမြင်ကို မပြောပါ။ နေဘုန်းလတ်ကိုမမေးသလို ကိုမျိုးရန်နောင်သိမ်းတို့ကို မမေးပါ။ စီးပွါးရေးကိစ္စဆိုလဲ ဘောမတွေကိုသာ ဗျူးပါတယ်။

နောက်လူမျိုးရေး အငြင်းပွါးဖွယ်ရာတွေကို စစ်တိုက်ဆိုက်ဝါးအတိုင်း တင်လေ့ရှိပါတယ်။ သူ့တိုင်းပြည်မှာ ၂၀၂၄ က ယူကေမှာ လူမဲ မူစလင်က Southport မှာ ပြစ်မှုကျူးလွန်ရင်တောင် လူမျိုးရေးဖြစ်မှာစိုးလို့ နာမည်မပြောရဲ ဘာလူမျိုး၊ ဘာညာ မရေးရဲသလို ခံရသူက ဘာလူမျိုးဆိုတာ မရေးရပါ။ မြန်မာပြည်မှာတော့ ထိုစံတွေမလိုက်နာဘဲ ဘီဘီစီမြန်မာပိုင်းဟာ ကိုးကန့်က ရှမ်းကိုဘာလုပ်၊ ဗမာကိုဘာလုပ်ဆိုပြီး စရဖက ဖွတဲ့အတိုင်းရေး လူမျိုးရေးဖြစ်အောင် တင်ပြတာ တွေ့ရပါတယ်။ ဒါက စစ်ဘောမလို့ စစ်သားနဲ့အိပ်သူက ဗမာပြည်ထဲကသတင်းပို့ပြီး လန်ဒန်က ဘောမက အယ်ဒီတာဖြစ် အခြား NUG မကြိုက်သူ စစ်နွယ်တွေက သတင်းကြေညာသူဖြစ်ချိန်မှာ သတင်းမစစ်တော့တာပါ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ ဘီဘီစီမြန်မာပိုင်းဟာ NUG ရဲ့ အောင်ပွဲတွေကို အစပိုင်းမှာ လုံးဝမတင်ခဲ့ပါ။ သူက အတည်ပြုလို့ မရဆိုပြီး ဆင်ခြေပေးပါတယ်။ ၁၀၂၇ နောက်ပိုင်းမှသာ NUG အောင်ပွဲကို အနည်းငယ် တင်ဆက်လာတာပါ။

ယခု ဘီဘီစီမြန်မာပိုင်းဟာ မအလရွေးကောက်ပွဲ၊ မအလဘာပွဲလုပ်လုပ် လူတွေစိတ်မဝင်စားလဲ ပေါ်ပြူလာလို အပြိုင်တင်လာတာ တွေ့ရပါတယ်။ မအလက ဝါဒဖြန့်ရာမှာသုံးတဲ့ သံဃာရတနာတင်တာတွေကို ပေါ်ပြူလာနဲ့ အပြိုင်တင်ပြပြီး မန္တလေး-မြစ်ကြီးနားလမ်းထိန်းချုပ်တာကိုလဲ အပြိုင်တင်ပြနေတာ တွေ့ရပါတယ်။ ဒါက ငြင်းမရတဲ့ အထောက်အထားတွေပါ။ ဘီဘီစီက အတိုက်အခံကိုဗျူးရင်လဲ NUG ကိုဖောင်းထုသူ၊ MDY PDF ကို ဖောင်းဖုသူကိုသာ ရအောင်ရှာဗျူးပါတယ်။ ဒါက ဘာနဲ့တူလဲဆိုတော့ ထရမ့်ကိုမုန်းချိန်မှာ ယခင်က အစွန်းရောက်သူ ယခုထရမ့်ကိုမုန်းရင် M Taylor Greens ကို ဆင်တင်ပေးသလိုပါ။ အမေစုမုန်းတော့ စန္ဒာမင်းတို့ သက်သက်ခိုင်တို့ကို ဆင်တင်ပေးသလိုပေါ့။

ဒါပေမယ့် ဘီဘီစီမြန်မာပိုင်းဟာ သူရှိတဲ့ ယူကေက NUG ပွဲ၊ NUG ထောက်ခံပွဲကို သတင်းယူတင်ပြတာ သင်တို့တွေ့ဖူးပါသလား?

ယူကေက မြန်မာတွေအနေနဲ့ ဘီဘီစီ မြန်မာပိုင်းရဲ့ ဘက်လိုက်မှုတွေကို တိုင်တန်းကြပါ။ အရေးယူနိုင်အောင် ဆောင်ရွက်ကြပါ။ ဘီဘီစီမြန်မာပိုင်းက ဝန်ထမ်းတွေကို ယခုအချိန်မှာ ဘီဘီစီက ဝန်ထမ်းလျှော့ချနေလို့ အလုပ်ဖြုတ်ဖို့ ဝန်လေးမှာ မဟုတ်ပါ။ ပြည်သူညီရင် ရမှာပါ။ ယူကေမှာ မြန်မာတွေအများကြီးပါ။ ရိုဟင်ဂျာတောင် တိုင်နိုင်ရင် သင်တို့လဲ အရေးယူနိုင်အောင်ကြိုးစားကြပါ။ လူညီရင်ရမှာပါ။

 
 
 

Recent Posts

See All
ညွှန်ချုပ်

နိုင်ငံခြားက ညွှန်ချုပ်ဟောင်းတောင် သမ္မတကို ခြိမ်းခြောက်တာနဲ့ အဖမ်းခံရတယ်။ ဗမာပြည်က ညွှန်ချုပ်တွေ အာဏာရူး သမ္မတဖမ်း လူသတ်တာကို သေဒဏ်စီရင်နိုင်မှ ညွှန်ချုပ်တွေ အာဏာထပ်မသိမ်းရဲမှာပါ။ ညွှန်ချုပ်က သူ့အဖေက

 
 
 
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page