top of page
Search

အစိုးရနောက်ကျော ဓားနဲ့ထိုးခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 19, 2020
  • 1 min read

ree

ရန်ကုန်ဟာ ကိုဗစ်ဖြစ်နှုန်းကျလာပေမယ့် မပျောက်သေးပါ။ ကျန်းမာရေးဝန်ထမ်းတွေကိုမေးရင်Lockdown Lockdown Lockdown လို့ အော်မှာဖြစ်သလို စီးပွါးရေးသမားကိုမေးရင်လဲ အကုန်ပြန်ဖွင့်ပါလို့ ပြောကြမှာပါ။ ဗဟိုအစိုးရဟာ စီးပွါးရေးနဲ့ ကျန်းမာရေးကြား ထိန်းပြီးလုပ်ဆောင်နေရတာပါ။အချို့ကလဲ အစိုးရကို ကိုဗစ်မထိန်းနိုင်လို့ အပြစ်တင်လိုသူတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ထက် ပိုချမ်းသာပြီး ပညာတတ်ပေါတဲ့ အမေရိကန်၊ အင်္ဂလန်၊ ဥရောပ၊ ရုရှားနဲ့ ကိုရီးယားတို့မှာလဲ ကိုဗစ်ဟာ မကျသေးပါ။ သူတို့မှာလဲ Lockdown လုပ်လိုက် ဖွင့်လိုက်ပါ။ ပြင်သစ်က သမ္မတမာကွန်းပိုးကူးခံခဲ့ရပါတယ်။ မြန်မာပြည်က စာမဖတ်သူအချို့က ကွီးက နှာခေါင်းစည်းတပ် ပညာပေးလုပ်ချိန်မှာအချိန်လွန်သွားပြီ ဘာညာဆိုပြီး ဟာသလုပ်ကြပါတယ်။ အမေရိကန်မှာ ဘိုင်ဒင်က သူတက်လာရင်နှာခေါင်းစည်းပညာပေး လှုပ်ရှားမယ်လို့ ပြောနေသလို ဆွီဒင်မှာ နှာခေါင်းစည်းတပ်ရမယ် မတပ်ရဘူးနဲ့ တိုင်ပတ်နေဆဲပါ။ ကွီးဖြိုးဟာ DASSK က သူ့ကို တာဝန်ပေးခဲ့တဲ့ ဆေးရုံအလုံအလောက်ကိုတော့အောင်မြင်စွာ စီစဉ်နိုင်ခဲ့ပါတယ်။ ယခုဆိုရင် ကုတင်အရေအတွက်ဟာ လက်ရှိဆေးရုံတက်ရတဲ့ လူနာအရေအတွက်ထက် များစွာရှိလာတာဟာ ကိုဗစ်စစ်ပွဲမှာ အတိုင်းအတာတစ်ခုအထိ အောင်မြင်လာတာပါ။ ယခု ကွီးလိုဘဲ မန္တလေးက ဆရာဇော်တို့လဲ ဆေးရုံအသစ်တွေ လိုက်ရှာနေရပါပြီ။ သူတို့လဲ ဒီအခက်အခဲကို နားလည်ပါတယ်။



မနေ့က ဂျာနယ်တစ်ခုက စည်ပင်ပန်းဥယျဉ်နဲ့အားကစားကွင်းဌာနကို ကိုးကားပြီး နှစ်ကူးည အင်းလျားကန်ဘောင်မှာ ကိုဗစ်စည်းကမ်းနဲ့အညီ လည်ပတ်ခွင့်ပြုမည်ဆိုပြီး ရေးပါတယ်။ ပုံမှန်ဦးနှောက်နဲ့စဉ်းစားရင် အစိုးရအဖွဲ့ကို လူတွေကဆဲအောင် ရေးလိုက်တာပါ။ ဒီလိုအချိန်မှာ ခွင့်ပြုစရာမလိုပါ။ ဒါပေမယ့် သတင်းကို ဆက်ဖတ်ရာမှာ သူက အထက်ကိုတင်ပြမယ်ဆိုပြီး သူ့ရဲ့ အစိုးရကို အဆဲတောင်းတဲ့ တွေးခေါ်မှုကို ပြောသွားတာပါ။ ထိုသတင်းကို ဖွတ်အကောင့်၊ အဘတအကောင့်၊ စရဖအကောင့်၊ကွီးဆန့်ကျင်ရေး၊ စင်ကာပူက ရဲကိုချစ်သော ကွီးဆန့်ကျင်သော admin ခေါင်းဆောင်ထဲက တစ်ယောက်က လှောင်သလိုနဲ့ တင်ကြပါတယ်။ အချိန်မှီ ကွီးက ပြန်ရှင်းလိုက်လို့ ငြိမ်သွားတာပါ။ အချို့ကိစ္စတွေက အဆိုပါဌာနမှူးတွေဟာ မိမိနဲ့မဆိုင်တာကိုမပြောဘဲ ပါးစပ်ပိတ်မနေနိုင်ရင်တောင် ဒီလိုအဆဲခံရနိုင်တဲ့ တွေးခေါ်မှုကို မီဒီယာကို ချပြတာဟာ အစိုးရနောက်ကျောကို ဓားနဲ့ထိုးတာပါ။ သူလုပ်သွားတာက နိုင်ငံ့ဝန်ထမ်းဥပဒေ ချိုးဖောက်တာမဟုတ်ပေမယ့် အစိုးရကိုဆဲအောင် လုပ်သွားတာပါ။


စာရေးသူသာ ပြောင်းလို့ရမယ်ဆိုရင်တော့ ရန်ကုန်စည်ပင်မှာ အဆိုပါအစိုးရနောက်ကျော ဓားနဲ့ထိုးလိုသူ မိုးကျတွေကို အကုန်ထုတ်ပြစ်ရပါမယ်။ ပြီးရင်က ဌာနမှူးအဆင့်တွေကို အစိုးရသက်တမ်း ငါးနှစ်စာချုပ်နဲ့ နိုင်ငံခြားက အတွေ့အကြုံရှိသူများနဲ့ ပြောင်းခန့်ဖို့ စဉ်းစားသင့်ပါတယ်။ မဟုတ်ရင်တော့ ဓားနဲ့ ဆက်အထိုးခံနေရမှာပါ။

News Source: News Watch, BBC, CNN. The Moscowtimes

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

2 Comments


Kyaw Thu
Kyaw Thu
Dec 19, 2020

အဲဒီဖွတဲ့လူကို ထောင်ထဲတန်းပို့ရမှာပါ

Like

Myint Soe Oo
Myint Soe Oo
Dec 19, 2020

ဦးမြတ်! စာအုပ်စာပေ လူ့မိတ်ဆွေ

အမှောင်ခွင်း၍ အလင်းဆောင်အံ့။

တစ်ချိန်က စာပေဗိမာန်ရဲ မူ အယူ။ အားအလွန်ကောင့်ခဲ့သည်မို့ ခေါင်းစည်းအောက်မှာ ဝင်ရောက်ရေးခဲ့ရသော စာစီစာကုံးများကို

အထူး လွမ်းဆွတ်ရပါ​ေတာ့သည်။

ရွှေသွေး တေဇ တို့တွင်ပါဝင်သောဇာတ်လမ်းမှန်သမျှ ကလေးငယ်များကို အသိကြွယ်စေသော ကောင်းကျိုးပြု စာပေများဖြစ်ပါသည်။ ခုတော့ သူတို့ ခြေရာပျောက်တော့ (ခုကာလ လူငယ်အများစု)အသိဉာဏ် ရေနောက်

လမ်းလွဲတွေ ရောက်နေကြပါပြီ။

ယခင်အခေါ် စာပေ၊ ယခုခေတ်အခေါ် မီဒီယာ။


**************************


လက်ကိုင်ဖုန်းတစ်လုံးကိုင်ဆောင်ထားနိုင်သူမှန်သမျှ အတင်းအဖျင်းရော သတင်းသဘောဆောင်သော အရေးအသားများကို အလွယ်တကူ လက်ကမ်းယူ ဖတ်ရှုနိုင်နေကြပါပြီ။ လို လိုသလို မလို မလိုသလို စေတနာတွေ ရေစီးကမ်းပြိုလိုက်ကာ ဝေဝေဆာဆာ ဖော်ပြသောကာလလည်းဖြစ်ပါသည်။

မလိုလျှင် #မီးလောင်တိုက်သွင်းရန်အကောင်းဆုံးသောလက်နက်။

စာနယ်ဇင်း ခေါ် မီဒီယာ ကြည်သာရွှင်ပျ ဘဝင်လှအောင်ဖော်ပြပေးဖို့

#ငွေနှင့်တို့လျှင် မိုးထိအောင် လှေကားထောင်မည်ဖြစ်ပါသည်။

ထောင်နိုင်အောင်လည်း နောက်ခံအင်အား တောင့်တင်းများပြားပါသည်။ အများအကျိုး အလင်းမဆောင်နိုင်တော့။ အမှောင်တွင်းဖက် ကျင်းနက်နက်တူးရန်သည်သာ သူတို့၏ အာသီသ ဆန္ဒ။

အပေး အယူ မျှကြသည်ကိုး!!!!

#ဇာတ်ဆရာအလိုကျ

#ကရပေတော့မည်။

သူတို့(မီဒီယာနှင့် စေညွုန်သူ)မှာ

နှလုံးလှ မရှိ။ ပညာ မပြည့်ဝသောကြောင့်။ အပြုံး မြမြဆိုတာ မသိတော့။ သူတို့သိသော အပြုံးကား

#ဘီလူးပြုံး ။ အောင်သေ အောင်သား မြိုင်မြိုင် ဆိုင်ဆိုင် စားချင် ဝါးချင်သောကြောင့်(ဦးမြတ် ရေးခဲ့သလို #ဝါးမှာပဲ ကို သတိရလို့ ထည့်သွင်း ရေးသားလိုက်ရပါသည်။)

#မစားရရင်သဲနဲ့ပက်မှပဲ။

ဒါ့ကြောင့် ဦးဖြိုးဆို အသေ မုန်း နေကြတာပါ။ ဦးဖြိုးဟာ ကျွန်တော်တို့ ဘက်ကကြည့်လျှင်

#အမှန်ဘက်တော်သားသူရဲကောင်း

သူရဲကောင်းမှန်သမျှ ​ ပြို ပျက်အောင် ဖြို ဖျက်ချခဲ့သော သာဓက မျက်မှောက်ကာလမှာ

ပေါများပါသည်။

အဆုံးအမ…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page