ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ
- Myat Tun Oo
- 14 minutes ago
- 1 min read
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ
အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူတွေက စောင့်ကြည့်နေကြပါတယ်။
ယူကရိန်းဟာ NGO တွေ တတိယအုပ်စုတွေအားကောင်းခဲ့ပြီး အနောက်ကြိုက်ရာကနေ ရွေးကောက်ပွဲကိုမစောင့်ဘဲ ရွေးကောက်ခံအစိုးရကို ဥရောပသမဂ္ဂမဝင်လို့ ဖြုတ်ချခဲ့တာပါ။ ဒါမျိုး အမေရိကန်မှာလုပ်ရင် နိုင်ငံတော်ပုန်ကန်မှုပါ။
ယူကရိန်းဟာ ဘိုင်ဒင်လက်ထက် လိုတရပေမယ့် ဒေါ်နယ်ထွန်းလက်ထက်မှာ တောင်းတိုင်းမရလို့ ပြဿနာတက်ပါတယ်။ ဒါ့အပြင် လာဘ်စားမှုကြောင့် ယခုအချိန်မှာ ပြဿနာအကြီးကြီး တက်နေပါတယ်။ ဒါ့အပြင် ဒေါ်နယ်ထွနိးက ဖိအားပေးပြီး အပစ်ရပ်ခိုင်းဖို့ ကြိုးစားနေပါတယ်။ ဖိအားက အလွန်များပါတယ်။
ယူကရိန်းက အစပိုင်း သူ့နယ်တွေကို မပေးချင်ပါ။ “ဝ” နယ်၊ ကိုးကန့်နယ်ကို တရုတ်ထံ မပေးချင်သလိုပေါ့။ ဒါပေမယ့် ဒေါ်နယ်ထွန်းပြောတာကို သဘောတူသလိုလုပ်ပြီး လွန်ခဲ့တဲ့ ရက်ပိုင်းကဘဲ ရုရှားက နိုင်ငံခြားကို ရေနံလိုက်ရောင်းတဲ့ ရေနံတင်သင်္ဘောကို မောင်းသူမဲ့သင်္ဘောနဲ့ ပစ်ပြီး ဖျက်ဆီးပစ်ခဲ့ပါတယ်။
အင်အားကြီးနိုင်ငံတွေ အင်အားကြီးလက်နက်တွေပိုင်တဲ့ တပ်တွေကို တိုက်ရာမှာ သူတို့ရဲ့ အရှိုက်ကို ထိုးနိုင်ဖို့ကလဲ လိုမှာပါ။ ဗီယက်နမ်မှာ၊ အာဖဂန်မှာ၊ ဆီးရီးယားမှာ ဒီလိုဘဲ တိုက်သွားခဲ့တာပါ။
တွေးတော ကြံဆနိုင်ကြပါစေ။
တော်လှန်ရာမှာ တတိယအုပ်စု၊ NGO အားကောင်းဖို့ အချိန်မကုန်ဘဲ ကုလစည်းကမ်းရှိပါစေ တိုက်စရာရှိတာ ပစ်စရာရှိတာကို လက်တွေ့ကျကျ ပစ်နိုင်ပါစေ။ ယူကရိန်းနဲ့ ဆီးရီးယားက ယူတတ်ရင် သင်ခန်းစာများစွာပေးနေပါတယ်။ ဒါနဲ့ ဘယ်တပ်တော်နဲ့ တတိယအင်အားစုကြီးက ဘယ်မြို့တွေသိမ်းတာ သင်တွေ့ဖူးပါသလဲ။