top of page
Search

NUG သတင်းက စိုးရိမ်စရာလား?

Writer: Myat Tun Oo
Myat Tun Oo
Nov 30, 2025
1 min read

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြောကြသူတွေရှိကြပါတယ်။ ထိုသူတွေကိုလေ့လာရာမှာ မိမိသာသိ မိမိသာတတ်ဆိုတဲ့ဆယ်လီတွေ NUG ကိုသာဝေဖန်ရေးသားတဲ့ တစ်ဖက်ပိတ် သတင်းသမားတွေ သူခိုးတတိယအင်အားစုတွေသာ များပါတယ်။ အချို့က ပြည်သူအမည်ခံ ဘောမအချို့လဲပါနိုင်ပါတယ်။

ဒါဆိုရင် ကမ္ဘာပေါ်က ဒီမိုနိုင်ငံတွေမှာ အပုပ်နံ့ထွက်သလား? အမေရိကန်က ကာကွယ်ရေးဝန်ကြီးဌာနက စာရင်းစစ်မအောင်တာ ၂၀၁၈-၂၀၂၄ အထိ ခုနှစ်နှစ်ပါ။ ဒါက အချို့ သတင်းသမား‌ တွေအတွက် ဗဟုသုတအနေနဲ့ ရေးပြတာပါ။ သူခိုးတတိယအင်အားစုတွေအတွက်၊ ဘောမအတွက်လဲပါတာပေါ့။ ဟိုတစ်ပူး၊ ပေါ်ပြူလာသတင်းသမားတွေအတွက်လဲ ပါပါတယ်။

နိုင်ငံရေးမှာ အမေရိကန်မှာလဲ ဒေါ်နယ်ထွန်းကိုယ်တိုင် မြို့စောင့်တပ်လွှတ်လို့ တရားစွဲခံရတာ၊ သူကတရားစွဲသူကို တရားရုံးက လွှတ်ပေးတာ၊ ခရိုင်တရားရုံး‌‌တွေက ကန့်လန့်တိုက်လို့ တရားရုံးချုပ်အထိတက်ပြီး ပြဿနာရှင်းရတာ၊ ကာတာက လေယာဉ်လက်ခံလို့ ပြဿနာတက်တာ၊ သူ့ကာကွယ်ရေးဝန်ကြီးက စစ်ပွဲသတင်းကို လိုင်းပေါ်ပြောလို့ ပြဿနာတက်တာ၊ သူခန့်တဲ့ရှေ့နေကို တရားမဝင်ဘူးလို့ အပြောခံရဝာာ စတဲ့ အပုပ်နံ့တွေ ထွက်နေပါတယ်။

ယူကေမှာလဲ ယခင်က ဒုဝန်ကြီးချုပ်မက အခွန်မဆောင်လို့ အပုပ်နံ့ထွက်တာ၊ ထောင်ကနေ မုဒိမ်းသမား၊ လူသတ်သမားမှားလွှတ်တာ၊ အခွန်မကောက်ဖူးပြောပြီး တိုးကောက်တာ စတဲ့ ကတိမတည်၊ အခွန်အလွဲသုံးစား အပုပ်နံ့တွေ ထွက်ပါတယ်။ ဝန်ကြီးချုပ်ရုံးက ပြိုင်ဖက်ဝန်ကြီးကို သိက္ခာချလို့ ကျန်းမာရေးဝန်ကြီးကို ပြန်တောင်းပန်ခဲ့ရပါတယ်။

စပိန်မှာလဲ ဝန်ကြီးချုပ်ရဲ့ မိန်းမကို လာဘ်စားလို့ တရားရုံးကစစ်တာ၊ ရှေ့နေချုပ်ကို တရားခံသတင်းပေါက်လို့ တရားရုံးကစစ်တာ အပုပ်နံ့ထွက်တာတွေရှိပါတယ်။ ဒါက မိန်းမတွေကို စော်ကားတဲ့ သတင်းသမားသိ‌အောင်ပါ။

အစ္စရေးက လက်ရှိဝန်ကြီးချုပ်က လာဘ်စားလို့ တရားရင်ဆိုင်နေရပါတယ်။ သူက အပုပ်နံ့ထွက်တဲ့ကြားက စစ်တိုက်သွားတာပါ။

တရုတ်ပြည်မှာလဲ စစ်တပ်ထဲက ဗိုလ်ချုပ်ကြီးများစွာ အပုပ်နံ့ထွက်လို့ ဖမ်းထားပါတယ်။

ဒါတွေက ကမ္ဘာ့နိုင်ငံရေးမှာ ဖြစ်နေတာကို နှိုင်းယှဉ်ပြတာပါ။ အရေးကြီးတာက NUG ဟာ အပုပ်နံ့ထွက်ရင် မုန်တိုင်းကအစ ဖမ်းပြီးအရေးယူပြတာဟာ အမေရိကန်၊ယူကေထက် တာဝန်ခံမှုမြင့်တာကို ပြတာပါ။ သူက တော်လှန်အစိုးရအဆင့်သာ ရှိပါသေးတယ်။

သတင်းထောက်များက NUG ဆိုရင်သာ ထောက်ပြကြပြီး နဂါးကအစ တပ်တော်က ဗိုလ်လေးတွေ၊ စစ်ဦးစီးချုပ်လေးတွေ ခိုးတာကို ဘယ်သူကမှ မထောက်ပြ၊ ‌သတင်းထောက်လှမ်းရေးပညာ investigative journalism နဲ့ တင်ပြတာ သင်တို့ တွေ့ဖူးပါသလဲ? BBC Burmese, VOA, RFA က လုပ်ခဲ့ပါသလား? ဟိုနယ်စပ်ကကောင်ခိုးတာတောင် ပန်ဆယ်လိုရေးမှ သိခဲ့ရတာဖြစ်ပြီး လန်ဒန်က သတင်းသမားကတောင် အမွှန်းတင် အင်တာဗျူးလိုက်ပါသေးတယ်။ နဂါးလဲ သတင်းသမားတွေ စင်တင်ပေးပြီး ထခိုး၊ မတိုက်ဘဲနေချိန်မှာ ဘယ်သတင်းသမားကမှ ဆက်မရေးတော့ပါ။ သတင်းသမားတွေက ကျားဖြန့်နဲ့ မအလဆက်စပ်တာကို ရေးနိုင်ပါပြီလား?

အကျဉ်းချုပ်ရရင် မကြိုက်သူကတိုင်ရင် သတင်းဖြစ်မှာပါ။ အပုပ်နံ့က ဒီမိုအစိုးရတွေမှာ အမေရိကန်မှသည် ယူကေ၊ စပိန်၊ ပြင်သစ် အကုန်ရှိသလို တရုတ်ပြည်မှာတောင် အနည်းငယ်ရှိပါတယ်။ တိုင်သူတိုင်းလဲ မှန်တာမဟုတ်ပါ။ အပုပ်နံ့မရှိတာမဟုတ်ဘဲ အသံမထွက်တာက‌ မြောက်ကိုရီးယားရယ် မအလရယ်မှာသာ ဖြစ်နိုင်မှာပါ။ မအလတောင် သူ့မိန်းမသားလေး‌ တွေကိစ္စ၊ မမလစွဲစားတဲ့ ဆေးတပ်ကစော်လေးတွေ၊ နေပြည်တော်က လုပ်ငန်းရှင်မ‌ လေးတွေ၊ အဘချစ်တဲ့ ရှေ့နေချုပ်မကြီးတွေက အပုပ်နံ့တွေ ထွက်ပါတယ်။ စုံစမ်းဖို့ကသာ အဓိကပါ။ NUG ကလဲ NGO လိုမကျင့် ကုလလို သိပ်မကျင့်ပါနဲ့။ သတင်းသမားနဲ့ တတိယအင်အားစုကို သိပ်အာရုံမစိုက်ပါနဲ့။ စစ်နိုင်ရင် ဒေါ်နယ်ထွန်းက သူဖမ်းဝရမ်းထုတ်သူကိုတောင် အိမ်ဖြူတော်မှာ တွေ့မှာပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page