top of page
Search

အချုပ်အခြာအာဏာပိုင်ဆိုတာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 13, 2020
  • 1 min read

ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲရှိပါတယ်။ နိုင်သူ ရှုံးသူရှိပါတယ်။ ယခု သန်းဌေးနဲ့ အဘတ မီဒီယာတွေ၊ အနောက်တမီဒီယာတွေ၊ ဘာလာလာ anti NLD မီဒီယာတွေဖြစ်နေတာက သူတို့ကြားချင်တာကိုသာ မေးခဲ့ပြီး သူတို့ထင်တာနဲ့ တကယ့်လက်တွေ့ကွာနေချိန်မှာ မယုံနိုင်အောင် အရူးချီးပန်း ဖြစ်နေတာပါ။ ဥပမာ ရွေးကောက်ပွဲမှာ ကိုဗစ်အရ လူတွေကို ၆ ပေကွာရပေမယ့် တကယ်မဲလာပေးသူများချိန်မှာလူတွေ ပူးကပ်သွားနိုင်ပါတယ်။ ဒါကမဲလာပေးသူများလို့ဖြစ်တာပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲဟာတရားမမျှတဘူးလို့ရေးရင် မီဒီယာတွေက အမေရိကန်ရွေးကောက်ပွဲလူတိုးတာကို တရားမမျှတဘူးလို့ပြောရမှာပါ။ စဉ်းစားဉာဏ်လေးတော့ရှိကြပါ။ သိပ်မတုံးပါနဲ့လို့ ပြောပါရစေ။

ဥပမာ လူတွေက ရုပ်ရှင်လက်မှတ်ကို တန်းစီးတိုးဝှေ့နေလို့ အဲ့ဒီရုပ်ရှင်က မကောင်းဘူးပြောလို့မရပါ။အဓိကက NLD က သူ့အတွက် တပ်ပြောင်းတပ်ရွှေ့မလုပ်ခဲ့ဘဲ တပ်တွေက NLD ကို မဲပေးလို့ ဇေယျာသီရိနဲ့ ဘောလခဲမှာ NLD နိုင်သွားတာမဟုတ်ပါ။

ဘက်လိုက်ခဲ့ရင်လဲ ပြည်သူတွေက ဘက်လိုက်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ အများစုက DASSK နဲ့ သူ့ဝကခတွေကို ချစ်လို့ပါ။ ယခင်မကောင်းပြောတာ အနည်းငယ်ကို မီဒီယာကချဲ့ပေမယ့် ပြည်သူတွေကအကောင်းထင်ခဲ့ပါတယ်။

ဒီနေ့ အာဆီယံမှာ သောင်ပြိုကမ်းပြိုနိုင်လို့ တရားဝင်မှုဟာ DASSK ရဲ့ မျက်နှာကို လမင်းကြီးလိုတောက်ပစေပါတယ်။ အားလုံးက သူမကို Congratulations ဝိုင်းလုပ်ကြပါတယ်။ သူမလို တရားမျှတတဲ့ ရွေးကောက်ပွဲကနိုင်ခဲ့သူ အာဆီယံထဲမှာ ရှာရခက်ပါတယ်။ နောက်ပြီး ပြည်ပက အပြတ်နိုင်သူကိုဆရာလုပ်ရခက်ပါတယ်။ ယခုဆို President Elect Joe Biden ဘိုင်ဒင်နိုင်တာတောင် DASSK နိုင်တာလောက် တရားဝင်မှုက မခိုင်သေးပါ။

ယခုနောက်ပိုင်း မီဒီယာတွေက ကိုမျိုးရန်နောင်သိန်းကိုခေါ်ပြီး ယခင်က အကြိတ်အနယ်ပြိုင်ရမယ်လို့ခင်ဗျားကမှန်းပြီး ယခုဘာလို့နိုင်သွားလဲဆိုတာမျိုး စိတ်ဓာတ်စစ်ဆင်ရေးနဲ့ မေးတာပါ။ မီဒီယာတွေသိသင့်တာက ပြည်သူ့အသံကို တကယ်နားထောင်တဲ့ မီဒီယာဆိုရင် NLD နိုင်မယ်တိုတာကို ကြိုသိနိုင်ပါတယ်။ စာရေးသူတို့တောင် တစ်နှစ်လောက်ထဲက ကြိုသိနေတာပါ။ ဘာကြောင့်လဲ? မီတာခဒီလောက်တက်တာ ဘယ်ပြည်သူမှ လမ်းပေါ်ထွက်မအော်ခဲ့တာက သက်သေပါ။ ဒါမျိုးကို အမေရိကန်၊ဥရောပနဲ့ အခြား DASSK လို ခေါင်းဆောင်မရှိတဲ့တိုင်းပြည်မှာ လုပ်လိုက်ရင် ဆန္ဒပြပွဲတွေနဲ့ ပြည့်သွားမှာပါ။ ဒါကအများကြီးထဲက တစ်ခုပါ။

အချို့ကိစ္စတွေက မီဒီယာနဲ့ ဖွတ်ပါတီဟာ မိမိကြားလိုတာ အင်တာဗျူးပြီး အိပ်မက်မက်နေခဲ့တာပါ။ယခုအိပ်မက်ကနိုးထချိန်မှာ မိမိအမှားမိမိသိပြီး ပြည်သူကိုတောင်းပန်ပါ။ မဟုတ်ဘဲ ရွေးကောက်ပွဲကိုထင်ရောင်ထင်မှားပြောနေတာက ပြည်သူကို စော်ကားနေတာပါလို့ ပြောပါရစေ။

ဒီနေ့မှာတော့ ပြည်သူက အာဏာအပ်နှင်းခံရတဲ့ ခေါင်းဆောင်က အားလုံးရဲ့ ဂုဏ်ပြုအားကျခြင်းကိုခံလိုက်ရပါပြီ။ မီဒီယာနှင့် အဘတဖွတ်များ ပြည်သူ့အသံ နားထောင်ပါ။ သူမကို ဂျပန်ကအစ အာဆီယံခေါင်းဆောင်တွေက ဝိုင်းအားကျပြီး ဂုဏ်ပြုနေကြပါပြီ။ အချုပ်အခြာအာဏာဆိုတာ ပြည်သူ့ထံကဆင်းသက်လာတာပါ။


Photo Credit: Myanmar State Counsellor Office

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Nov 14, 2020

ဦးမြတ်! ဆောင်းပါး fb မှာတွေ့လို့ အားခိုက် အားစိုက်တင်ပြအပ်ပါသည်။

နိုင်ငံရေးသိပ္ပံသင်ပြသောစကား အမှတ်ရပါသည်။

***စည်းဖောက်ရင် နန်းပျောက်မယ်***

ထုပ်စည်းတိုးကစားနည်းမှာလည်း စည်းကျော်ရင် ရှုံးပါသည်။ ဘောလုံးမှာလည်း တဖက်လူဘောလုံးလက်ထဲရှိချိန် နောက်ဖက်ကနေ လျောထိုး ပိုင်းဖြတ်ရင်

ပြစ်ဒါဏ် အနီ။

စည်းကမ်း!!!!

စည်းကမ်း တည်ဖို့ အမိန့်(အာဏာ)နှင့် တည်ဆောက်ရပါသည်။

ဗုဒ္ဓဘုရားရှင် ရဟန်းတော်များအတွက် ဝိနည်းအကျင့်သိက္ခာ (စည်းကမ်းများ)ချမှတ်ခဲ့ပါသည်။

ဝိနည်းအတိုင်းကျင့်ရင် ချမ်းသာစုံရပါသည်။ ဝိနည်းဖောက်ဖျက်လျှင်တော့ လက်တွေ့နယ်မှာလည်း အပြစ်ဒါဏ် ခံယူရတာ အထင်အရှား သက်သေများ!!!

ဗုဒ္ဓဘုရားရှင်ကိုယ်တိုင်လည်း ကိုယ်တော်တိုင် ချမှတ်ထားသည့် ဝိနည်း(စည်းကမ်း)များကို အတိအကျလိုက်နာကျင့်သုံးတော်မူခဲ့၍ သာသနာ ယနေ့ထိ တည် ေနရပါသည်။

လူမှာလည်း လူ့စည်း ရှိပါသည်။ အမိန့် (အာဏာ)ထုတ်ပြန်ချက်များ။

**တိုင်းရင်းသား စည်းလုံးညီညွတ်ရေး

ကာဘိုးမှာ လူသေအောင်ထိ သတ်ခဲ့ပါသည်။ လူမသတ်ဖို့ လူ့စည်းရှိပါသည်။စည်းဖောက်တော့ ကာဘိုးတရွာလုံး နီ သွားရပါသည်။ ဘယ်သူမှ မတိုက်တွန်း မလှုံဆော်ရပါဘူး။သဘာဝနိယမတရား။

မမြင်အပ်သော ကိုယ်အင်္ဂါ အစိတ်အပိုင်းကို အများမြင်အောင် လှန် ပြသွားပါသည်။ ဂါရဝေါ စ နိဝါတော စ ပျက်ယွင်း။ မင်္ဂလာ စည်းကို ဖောက်တော့!!!!

တံဆိပ်တုံး အတု ၊ ခိုးမှုထဲ အကြုံးဝင်ပါသည်။ ခိုးခြင်း ၂၅ ပါး။

စည်းဖောက်တာကိုး။

နေပြည်တော် ဗွီလေး ကိစ္စ ၊ စပြီးစည်းဖောက် ၊ ၁၈ ယောက်မှ ၃နှစ်။ စည်းတွေပေါက်တော့ နိုင်ငံအနှံ သက်ငယ်မုဒိမ်း၊ အဖေက သမီး။သဘာဝတရားရဲ့ ဆုံးမမှုပါ။ ပေါလိုက်တဲ့ မူးယစ်ဆေး။ လက်ပိုက်ကြည့်နေ။ရာဇဝတ်မှုတွေ အရေအတွက်??????

မည်သို့ စည်းလုံးညီညွတ်နိုင်ပါအံ့နည်း။ ကိုယ်တိုင် စည်း ပျောက်အောင် ၊ စည်းဖောက်နေသမျှ ထမင်းရေပူလောင်၍ အနီကဒ်အပြခံရတာ စည်း၏ နိယမပါ။

***လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေး

အရင်က…


Like

Albert Wint
Albert Wint
Nov 14, 2020

တဖြေးဖြေး အဘ တ မီဒီယာတွေပြောက်ကုန်တော့မယ်ထင်တယ် အဘလဲမီဒီယာ အကျိုးမရှိတော့လို့မဝယ်တော့ အဘ ဘက်ကနေဘက်လိုက်ပြီးရေးစရာဇာတ်လမ်းကလဲမရှိ အခုမှ အမရဲ့ဒီမိုကရေစီအကြောင်းကိုလဲမရေးချင် အတိုက်အခံမီဒီယာနိုင်ငံရေးတော့ဆက်လုပ် မလုပ်စောင့်ကြည့်ရအုံးမှာပေါ့

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page