top of page
Search

အချုပ်အခြာအာဏာနှင့် အခွင့်အရေး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 25, 2020
  • 1 min read

ICJ ရဲ့ဆုံးဖြတ်ချက်ချအပြီးမှာ ဖွတ်၊ မဘသ ၊ အစိုးရဆန့်ကျင် တပ်အကောင့်များနဲ့ နေဝင်းအမျိုးကုလမှာလုပ်တဲ့မိန်းမတွေက ICJ ရဲ့ ဆုံးဖြတ်ချက်နံပတ်(၁) ကိုလိုက်နာရင်ဘဲ ကမ္ဘာပျက်မလို ပြောနေရေးနေတာတွေ့ရပါတယ်။ ဒါကြောင့် ဥပမာနဲ့ရေးပါမယ်။

စာရေးသူရဲ့အိမ်နဲ့ ခြံထဲကို အိမ်ဘေးက ခွေးလေးအောင်နက်က ခိုးဝင်ပြီးနေတယ်။ အစားအသောက်တွေခိုးစားတယ်။ ချီးပါသေးပေါက်လုပ်တယ်။ သူက စာရေးသူရဲ့အိမ်ခြံထဲကို ခိုးဝင်တာနော်။ ဒါကို ဒီခွေးအောင်နက်ကို စာရေးသူက မိမိခြံကို ပိုင်နက်ကျူးလွန်မှု၊ ခိုးစားမှုတွေကျူးလွန်တဲ့ခွေးဆိုပြီး သေလောက်အောင်ရိုက်လိုက်ရင် မြန်မာပြည်မှာ လက်ရှိအခြေအနေမှာ စာရေးသူဘာမှ မဖြစ်လောက်ပါ။အောင်နက်လဲ သေရင်သေ မသေရင်လဲ တော်တော်ခံစားရမှာပါ။

စာရေးသူရဲ့အိမ်ခြံက ပြင်သစ် (သို့) နယ်သာလန် (သို့) အင်္ဂလန်မှာဆိုပါစို့။ ဒါမျိုးသွားလုပ်ရင် အောင်နက်ကိုရိုက်မှုနဲ့ တိရိစ္ဆာန်အခွင့်အရေးအဖွဲ့တွေရဲ့ တရားစွဲတာကိုခံရပြီး ထောင်ကျနိုင်ပါတယ်။

သူတို့က တရားရုံးမှာလျှောက်ထားမှာက စာရေးသူဟာ အောင်နက်ကို သာလွန်အင်အားသုံးပြီးတိုက်ခိုက်တယ်ဆိုတာပါ။ စာရေးသူဟာ အောင်နက်ကို ခြောက်လန့်လိုက်ရင် ရမယ်ပေါ့။ သေလောက်အောင် ရိုက်စရာမလိုဘူးပေါ့။

ဒီနေရာမှာ တိရိစ္ဆာန်အခွင့်အရေးတရားရုံးက အောင်နက်ကိုရိုက်လို့ စာရေးသူကို ဖမ်းနိုင် စစ်နိုင်ထောင်ချနိုင်ပါတယ်။

စာရေးသူသာ ကမ္ဘာ့ဥပဒေသိသူဆိုရင်တော့ အောင်နက်ကို စည်ပင်ခေါ်ဖမ်းခိုင်းတာတို့ အောင်နက်ရဲ့သခင်ကို တရားစွဲပြီး အလျှော်တောင်းတာတို့ လုပ်မှာပါ။ ကမ္ဘာ့ဥပဒေမသိလို့ ရိုက်ခဲ့မိရင်တော့ ခံရမှာပါ။ ဒါက ခွေးလေးအောင်နက်သာ ရှိပါသေးတယ်။ လူဆိုရင် သူခိုးကိုလုပ်မိလဲ အပြစ်ပိုကြီးသွားနိုင်ပါတယ်။

ဒါပေမယ့် စာရေးသူရဲ့အိမ်ထဲမှာ အောင်နက်ကိုထားပါလို့ တရားရုံးက အမိန့်ချလို့မရပါ။ စာရေးသူရဲ့အိမ်ခြံက စာရေးသူရဲ့ အချုပ်အခြာ အာဏာပါ။ ထို့အတူပါဘဲ အောင်နက်ကို လူအနေနဲ့သတ်မှတ်တယ်လို့လဲ ကြေညာလို့မရပါ။

ဒါကွာပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page