top of page
Search

အကုသိုလ်များရင်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 10, 2021
  • 1 min read

ကမ္ဘာပေါ်က ဘာသာတိုင်းမှာ မကောင်းတာလုပ်ရင် မကောင်းတာဖြစ်တာ အခြေခံတူညီပါတယ်။အစက မန္တလေးမှာ အချင်းချင်းကားတိုက်တာနဲ့ ကျွဲက မအလစစ်ကြောင်းက တပ်သားကို ရန်မူတာတကယ်လား ဂျင်းလား စုံစမ်းပါတယ်။ ကျွဲတောင် မအလတပ်ကို တိုက်ချင်နေတာပါ။ သတင်းကအမှန်ဖြစ်ပြီး အူပွင့်သွားလို့ ဆေးရုံတင်ထားရပါတယ်။ လူတွေတောင် သေနတ်နဲ့ ရမ်းပစ်တတ်တဲ့တပ်ကကျွဲကိုလွတ်သွားတာ အံ့ဩစရာပါ။

မန္တလေးမှာဖြစ်တာက ဝဋ်လည်တာလို့ ပြောလို့ရသလို တရားဥပဒေရှုထောင့်ကလဲ ပြောလို့ရပါတယ်။အားလုံးသိတဲ့အတိုင်း မအလတပ်သားတိုင်းဟာ ဥပဒေအထက်မှာ ရှိတယ်လို့ ခံယူထားကြပါတယ်။လူပါးဝတာပါ။ အမှန်က မီးပွိုင့်မှာ အရှိန်လျှော့ရမှာပါ။ ဒါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းပါ။နောက်အရက်၊ ဆေးပြား မသုံးရပါဘူး။ မအလကတပ်က ဥပဒေမလိုက်နာဘဲ အရက်သောက်၊ဆေးပြားချပါတယ်။ ရဲဆေးတင်တာပါ။ တိုင်းမှူးက မျက်စိမှိတ်ခွင့်ပြုထားတာပါ။ မိလို့တင်ပြရင်အရေးမယူပါဘူး။ ကားတိုက်ရာမှာ မောင်းသူကို အရက်ဘယ်လောက်သောက်လဲ ဆေးချလား ဆီးနဲ့သွေးကို မစစ်ဖို့ တိုင်းမှူးက စစ်ဆေးရုံအုပ်ကို ဖုန်းဆက်ပြောခဲ့ပါတယ်။

ဆက်လုပ်ပါ။ ဆက်သောက်ပါ။ ဆက်မောင်းပါ။ မူးရင် မမောင်းနဲ့ မောင်းရင် သေတတ်တယ်လို့ ပြောပါရစေ။ ဒါက ဘာသာရေးမယုံသူများအတွက် သိပ္ပံနည်းပြ ရှင်းပြတာပါ။ အကုသိုလ်များရင် တားမရသေတတ်ပါတယ်။ ပြည်သူ့ကျိန်စာ စူးတာပေါ့။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Dec 11, 2021

ဦးမြတ်!!!ကျားရိုင်းကို ချို (ဂျို)နှင့် အတောင်ပံ ထပ်မံ တပ်ပေးလိုက်ခြင်းသာဖြစ်ပါတော့သည်။

** ထင်ရာ စိုင်းလို့ ရိုင်းခဲ့ကြပါသည်။

** အကွပ်မဲ့ ကြမ်း ၊ ပရမ်းပတာ**

နေရာတကာ အသာစီး ယူချင်စိတ်၊ ထီမထင် တဖက်သားဂရုမစိုက် ငါတကော ကော လုပ်ချင်တာလုပ်။ အရေးယူတာ မရှိ။ အရာရာ အထက်မှာ ငါတို့ တတ် မတော်သားတွေ ရှိရမယ်ဟူသော အတွေးအမြင် ရှိနေပါသည်။ ရှိနေအောင်လည်း ရိုက် သွင်းထားပုံရပါသည်။

အထိန်း အကွပ် မရှိသော ဝါးကြမ်းများသည် တစ်စချင်း တချောင်းချင်းမှ စ ပျက်တတ်ပါသည်။

ဥပဒေအထက် မည်သူမျှ မရှိစေရ

သို့သော် တတ် မတော် သားများရှိပါသည်။သို့ပါ၍ ထင်ရာ စိုင်း၊ ရိုင်းနေရခြင်းဖြစ်ပါသည်။

တပ် မတော်ထဲတွင် အများစုသည် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။ တားမြစ်ထားသော အခြေခံ လူ့ကျင့်ဝတ် ၅ ပါး လုံသူ လွန်စွာနည်းပါးလှမည် ထင်ပါသည်။ သတ် ခိုး ကာမေ မုသာ သေ

တချက်မှ လွတ်မည်မထင်ပါ။

ခုလောလောဆယ် အကျများလာ၍ ထင်ပါသည်။ ပရိတ် ပဌာန်း ပူဇော်မှုတွေ ပြုကြပါသည်။ မင်္ဂလသုတ် မေတ္တသုတ်တို့သည် လက်တွေ့လူနေမှုနယ်ပယ်တွင် လိုက်နာကျင့်ရမည့် အချက်များညွှန်ပြထားပါသည်။ လိုက်နာ ကျင့်သုံးရန်ဖြစ်ပါသည်။ ရွတ်ရုံမျှဖြင့် ထင်ရာစိုင်း ရိုင်း၍မရပါ။ ပဌာန်း ဆိုသည်မှာ ခန္ဓာတို့ ကြောင်းကျိူးဆက်မှုကို ပြသော တရားဖြစ်ပါသည်။ရွတ်လျှင် စီးပွါးတက် ရာထူးတိုးမည်အထင်ဖြင့် ရွတ်ဖတ်နေသမျှ အလွဲလွဲအချော်ချော်ဖြစ်နေပါဦးမည်။

ဓါတ် နတ် ယတြာ ကိုးကွယ်မှု။ စာမျက်နှာပေါ်မှာ ရဲမှူးနှင့် ကတော်က နတ်ရုပ်တုရှေ့မှာ ကန်တော့ပွဲဖြင့် အန္တရယ်ကင်းဖို့ အစောင့်အရှောက်ခံဘဝနဲ့

တောင်းပန်ရှိခိုးနေရပါသည်။

လက်နက် ကိုင် ထားပါလျက်!!!

အတ္တာဟိ အတ္တနော နာထော

မိမိ (…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page