top of page
Search

အကြမ်းဖက်စာရင်းနှင့် အဘခြေရာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 27, 2023
  • 2 min read

ree

ယခုတော်လှန်ရေးကို စရဖကလေ့လာရာမှာ NUG ရဲ့ အောင်မြင်မှုဟာ ပြည်သူ့ထောက်ခံမှုနဲ့  ပြည်ပက မြန်မာများရဲ့ ငွေကြေးထောက်ပံ့မှုကြောင့်လို့ သုံးသပ်ပါတယ်။ NUG ကို ဘိန်းကိစ္စ၊ ဆေးပြားကိစ္စနဲ့ ပုံဖျက်လို့မရသလို NUG မှာ ထိုအချိန် (၂၀၂၁-၂၂)က စိုးမိုးနယ်မြေမရှိသေးလို့ သယံဇာတနဲ့ ပုံဖျက်လို့မရမှန်း မအလကသိပါတယ်။

NUG ရဲ့ ဝင်ငွေကို စရဖက စုံစမ်းရာမှာ စင်ကာပူ၊ ထိုင်း၊ မလေးရှား၊ ဂျပန်၊ ယူကေနဲ့ အမေရိကန်ကလို့ သုံးသပ်ပါတယ်။ အများစု ၈၀% က အမေစု ထောက်ခံသူများထံကလို့ သုံးသပ်ပါတယ်။ အမေရိကန်နဲ့ အင်္ဂလိပ်လှူငွေက ရိုဟင်ဂျာထံသွားလို့ NUG ထံမရောက်လို့ အမေရိကန်ရောက် ဘောမများက သတင်းပို့ပါတယ်။

NUG ဝင်ငွေတွေကို အသေးစိတ်လေ့လာရာမှာ အကြမ်းဖျင်းအားဖြင့် နာမည်ကြီးသူများကတဆင့် အလှူခံတာ၊ စီမံကိန်းနဲ့ မြေရောင်းရှာတာ၊ လစဉ်ဝင်ငွေ PRF member ကရတာဆိုပြီး သုံးခုသွားတွေ့ပါတယ်။ နာမည်ကြီးသူထဲကအချို့ဟာ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ထားလို့ သူတို့ကို သက်တမ်းတိုးရင် ဖိအားပေးတာ အပေးအယူလုပ်တာတွေနဲ့ စည်းရုံးဖို့ ဗျူဟာချပါတယ်။ အချို့က ကိုယ်ကျိုးသုံးတတ်လို့ အဆိုပါလူများကိုဖော်ပြီး အခြားသူများကိုလဲ ထင်ယောင်ထင်မှားဖြစ်အောင်လုပ်တဲ့ ဗျူဟာပါ။ ဒါကတော့ ပါပီမဇတ်လမ်းလိုပါ။ အစပိုင်းမှာ NUG က ဝန်ကြီးတွေကို ပုံဖျက်ဖို့ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါ။

ဒါတွေအားလုံးအပြီးမှာ ကျန်တာက စီမံကိန်းနဲ့ PRF member ပါ။ ဒါက အတော်ကျစ်လစ်ပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေခံလို့ စရဖအနေနဲ့ ထိုးဖောက်ရခက်ပါတယ်။ ဒါပေမယ့် အဘထံအလုပ်လုပ်တဲ့လူများက အကြံပေးတာက NUG အောက်က PDF ကို အကြမ်းဖက်အဖွဲ့ကြေညာနိုင်ရင် အမေရိကန်က မြန်မာတွေ၊ နိုင်ငံခြားကမြန်မာတွေ ငွေကြေးထောက်ပံ့တာက အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့သလို ဖြစ်သွားနိုင်လို့ ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ယခုဟားမတ်ကို အမေရိကန်ကကြေညာထားလို့ နိုင်ငံခြားက သူ့ထောက်ခံသူများက ငွေလှူလို့မရပါ။ ဒီနေရာမှာ မအလအကြံပေးအဖွဲ့ဝင် ဆလိုင်းဖင်ကြုံးခံက အမေရိကမှာ သူ့အဖွဲရှိသလို ယခင်ဇရပ်ပျက်ကလူများကလဲ ယခုအချိန်မှာ အလုပ်မရှိလို့ ပျူသေတာကို အရပ်သားသေတယ်ဆိုပြီး စာရင်းလုပ်ထားခဲ့ပါတယ်။ တိုက်ပွဲတွေကိုလဲ စာရင်းလုပ်ပါတယ်။ သူတို့ကို မအလက ဆက်ထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် ဒီစာရင်းကို မအလကသွားပို့ရင် ဘယ်သူမှ အဖက်မလုပ်လို့ သူတို့နဲ့ အခြား မအလခန့်ထားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တတိယနိုင်ငံရောက် ယခင်ကတော်လှန်ရေးလိုလို NUG ထောက်ခံသလိုလိုနဲ့ နောက်ပိုင်း တတိယအင်အားစု လူ့အခွင့်အရေးအဖွဲ့များမှတဆင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေးပြီး အကြမ်းဖက်မှုအစီရင်ခံစာထုတ်ခိုင်းတဲ့အဖွဲ့ကို ဝိုင်းပို့ကြတာပါ။ ဆလိုင်းဖင်ကြုံးခံနဲ့ ယောမင်းကြီးအဖွဲ့သားများဟာ အမေရိကန်နဲ့ အနောက်နိုင်ငံမှာနေဖူးလို့ ဘာရေးရင် ဘာရတယ်ဆိုတာ သူတို့ကသဘောပေါက်ပါတယ်။  ထို့အတူ NUG ဆန့်ကျင် တတိယအုပ်စုကလဲ အမေရိကန်နဲ့ အနောက်အုပ်စုမှာနေလို့ သိကြပါတယ်။ သူတို့ထဲကအချို့က စစ်ကိုင်းဖိုရမ်ကို အားပေးသလို ချင်းမှာ CNF လုပ်တဲ့ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ကို ဆန့်ကျင်သူတွေကိုလဲ အားပေးခဲ့ပါတယ်။ အချို့က အမေရိကန်ကနေ ဖိုရမ်ထောင်ပြီး တီကောင်အားပေးပါတယ်။ အမေရိကန်ကသာ PDF တွေကို အကြမ်းဖက်ကြေညာရင် မြန်မာတွေလှူရတာခက်မယ်ဆိုတဲ့ ရိုက်ချက်ပါ။ အမေရိကန်ကကြေညာရင် အင်္ဂလိပ်ကလိုက်ကြေညာသလို ဥရောပကလဲ လိုက်ရမှာဖြစ်ပြီး အာဆီယံပါ ပါလာမှာပါ။ ဒါက အမေရိကန်က မအလကို ပိတ်ဆို့သလို စာရေးသူတို့ကိုလဲ ထိနိုင်တာကို ပြတာပါ။ မအလရဲ့ ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ထိုင်းမှာ PDF ကို အကြမ်းဖက်အဖွဲ့ဖြစ်ဖို့ အာဆီယံကကြေညာဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ ဒါကြောင့် အမေရိကန်ရဲ့ အကြမ်းဖက်စာရင်းကို PDF ပါအောင် လုပ်ကြတာပါ။

ဒါကြောင့် အဆိုပါစာတမ်းထွက်ချိန်မှာ ဒီမိုဘက်လိုက်တဲ့ မီဒီယာများက အသံမထွက်ပေမယ့် ဘောမကျော်မျိုးမင်းနဲ့ ကျော်စိုးဦးတို့ အောင်မင်းတို့က ပျော်ခဲ့ကြသလို ကြံရာပါ အင်္ဂလန်က တီကောင်ထောက်ခံ တသီးပုဂ္ဂလမီဒီယာများကလဲ ဒီအကြောင်းကို တီကောင်နဲ့ ဗျူးပြီး NUG အောက်က PDF တွေကို ထိုးချဖို့ကြိုးစားတာ တွေ့ရမှာပါ။ ဒါက ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်လို့ ထင်ရတဲ့ မီဒီယာများက NUG ကို ဝိုင်းတွန်းချဖို့ ပူးပေါင်းကြိုးစားတဲ့ ထင်ရှားတဲ့ ဥပမာပါ။ တီကောင်က တရုတ်ကိုမထိနဲ့ဆိုတဲ့ ကြေညာချက်တောင် အမေရိကန်ရဲ့ အကြမ်းဖက်စာရင်းကြောင့်လိုလို ရူးချင်ယောင်ဆောင်ပြီး အင်တာဗျူးမှာ ထပြောတာ အားလုံးသတိထားမိမှာပါ။

အကျဉ်းချုပ်ရရင် စာရေးသူတို့ဟာ ယခုအချိန်မှာတော့ မအလရဲ့ NUG ငွေရပေါက်ကို ဖြတ်ဖို့ ပိတ်ဖို့ကြိုးစားတဲ့ စီမံချက်ထိုးစစ်ကို ရှောင်ရှားနိုင်ခဲ့ပါပြီ။  ဘာကိုသွားတွေ့ရသလဲဆိုတော့ မအလကိုထောက်ခံတဲ့ တတိယအင်အားစုနဲ့ NUG ကိုဆန့်ကျင်တဲ့ တတိယအင်အားစုဟာလဲ NUG ဝင်ငွေမရအောင် အတွဲညီညီ အားထုတ်လာတာ သွားတွေ့ရပါတယ်။ NUG အနေနဲ့လဲ မိမိအတွင်းစည်းလုံခြုံရေးကို ဂရုစိုက်ပါ။ စရဖထိုးဖောက်ရခက်တဲ့ စီမံကိန်းတွေ PRF member စနစ်တွေကနေ ဝင်ငွေရအောင် ပိုကြိုးစားပါ။ ပြည်ပက ပြည်သူတွေကလဲ PRF member စနစ်ကနေ လစဉ်ငွေကြေးထောက်ပံ့နိုင်အောင် ပိုကြိုးစားပေးပါ။ ဘာလို့လဲဆိုတော့ ဒီဟာက အမေရိကန်က စိတ်ရူးပေါက်လို့ ထပိတ်ရင်တောင် NUG က လျှို့ဝှက်စွာ ဆက်လုပ်နိုင်လို့ပါ။ ဒါဟာ စစ်ရေးစီမံချက်တွေကို ရေးဆွဲရာမှာလဲ တစ်လဘယ်လောက်ဝင်ငွေရှိလဲ ခန့်မှန်းရလွယ်စေပါတယ်။ လက်နက်တွေက မြောက်ပိုင်းမှာ ပေါနေပါပြီ။ မအလလှူထားလို့ပါ။ ယခင်ကလို ဝယ်ဖို့မခက်တော့ပါ။ ပြည်သူက ငွေပေးရင် NUG က ဝယ်ရ လွယ်နိုင်နေပါပြီ။ သယ်ဖို့လဲ မခက်တော့ပါ။ များများလှူခြင်းဖြင့် ဒီမိုကရေစီနိဗ္ဗာန်ဘုံကို မြန်မြန်ရောက်ပါမယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 
NUG သတင်းက စိုးရိမ်စရာလား?

ပထမဆုံးပြောချင်တာက စာရေးသူဟာ ကွီးဖြိုးကိုထောက်ခံခဲ့သူဖြစ်ပြီး ကြည်ပြာတို့ နေဘုန်းလတ်တို့ရဲ့ ပရိသတ်မဟုတ်ဘူးဆိုတာပါ။ ဒီနေရာမှာ အချို့က NUG မှာ ဒီလိုဖြစ်တာက NUG ဝိုင်းထောက်ခံသူတွေကြောင့်ဆိုပြီး ရေးကြပြော

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page