top of page
Search
  • Writer's pictureMyat Tun Oo
အကောင့်ပိတ်ပြေးသူမပိုးဖြူဟာဘယ်သူလဲ
ဒီနေရာမှာစာရေးသူအနေနဲ့Victoria ကိစ္စကိုတရားခံပေါ်ပြီးတရားဥပဒေစိုးမိုးစေချင်ပါတယ်။သူမလိုအခြားမိန်းခလေးတွေလဲပြဿနာတွေဖြစ်နေတယ်ဆိုတာစာရေးသူသိပါတယ်။ဒါ့အပြင်တိုင်းရင်းသားဒေသတွေမှာလဲမုဒိမ်းမှုဖြစ်လို့သူတို့ဒေသတွေမှာလဲတရားဥပဒေစိုးမိုးစေချင်ပါတယ်။စာရေးသူအနေနဲ့ဓာတ်ခဲကိုအကြမ်းဖက်အဖွဲ့လို့သာသတ်မှတ်ပေမယ့်ရခိုင်မှာအရပ်သားတွေအဖမ်းခံရစဉ်စစ်ဆေးခံရစဉ်သေဆုံးတာဟာတရားဥပဒေစိုးမိုးမှုမရှိတာကိုပြတာလို့ခံယူပါတယ်။
Victoria အမှုမှာမပိုးဖြူဟာဒီအမှုကိုအမှုမှန်ပေါ်စေလိုတာကြောင့်ဖြစ်ဖြစ်ဘာကြောင့်ဖြစ်ဖြစ်ရန်ကုန်ကနေနေပြည်တော်အထိဘုန်းကြီးနဲ့လာပြီးလိုင်းပေါ်ကနေlive လွှင့်ခဲ့ပါတယ်။သူပြောချိန်မှာVictoria လေးကိုမစော်ကားခံရတယ့်နေရာတွေကိုထည့်ပြောပြီးစိတ်ခံစားမှုကိုမြှင့်တင်ပေးခဲ့ပါတယ်။ပြောချင်တာကတော့ဟုတ်တာနဲ့မဟုတ်တာကိုရောပြီးဆူပူမှုဖြစ်အောင်လုပ်တာပေါ့။
ရခိုင်မှာဖြစ်သွားတဲ့မသီတာထွေးအမှုကိုမှတ်မိမှာပါ။ဒီနေရာမှာရိုးရိုးသားသားပြောမိတာလားဆူပူအုံကြွမှုဖြစ်အောင်တမင်လုပ်တာလားဆိုတာမေးခွန်းထုတ်စရာရှိပါတယ်။တရားမျှတမှုအတွက်တိုက်ပွဲဝင်သူအစစ်ဆိုရင်ရန်ကုန်မှာတင်လိုက်စရာမတရားမှုတွေအများကြီးပါ။မကရင်မအမှု၊ရန်ကုန်နားကသက်ငယ်မုဒိမ်းမှုတွေလိုက်စရာအများကြီးပါ။နေပြည်တော်အထိသွားစရာမလိုပါ။
ဒါဆိုမပိုးဖြူကဘယ်သူလဲ။သူမဟာယခင်ကသီချင်းဆိုတယ်လို့ပြောပါတယ်။သူမမှာ၁၀နှစ်ရအရွယ်သမီးငယ်တစ်ယောက်ရှိလို့မိဘချင်းကိုယ်ချင်းစာလို့လုပ်တယ်ပြောချင်ရင်ရပါတယ်။သူမပုံများစွာတင်ပေမယ့်သူမယောကျင်္ားပုံကိုFacebook ပေါ်မှာမတင်ထားပါ။အချို့နေရာတွေမှာသူမကိုယ်သူမမုဆိုးမလို့သုံးပြီးအချို့တပ်ကကျင်းပတဲ့ညစာစားပွဲတွေကိုကတော်အနေနဲ့လိုက်တက်လေ့ရှိပါတယ်။သူမနဲ့သိသူစစ်ဗိ်ုလ်အများစုဟာDSA (48) ဆင်းအများစုပါ။ငယ်ပါသေးတယ်။အချို့ကဗိ်ုလ်မှူးဖြစ်ခါစပါ။ဒါကြောင့်သူမယောင်္ကျားဟာဗိုလ်မှူးအထက်ဖြစ်ဖို့များပါတယ်။အချို့ဗိုလ်များဟာယခုFacebook ပေါ်မှာတွေ့နေရတယ့်အကောင့်တုတွေလုပ်တဲ့ဌာနမှာလုပ်ပါတယ်။သူတျု့ဟာFacebook မှာpage တွေနဲ့သတင်းဌာနလိုအကောင့်တုလုပ်သူများပါ။အဆိုပါစာမျက်နှာများကနောက်နေ့မှာဒီခလေးကိစ္စကိုထပ်တင်ခဲ့တာပါ။ကျန်သူများတော့မသိပါ။
သူမယောကျင်္ားဟာတပ်ကလား? ဒါမှမဟုတ်သူမအဖေကတပ်ကလားမသဲကွဲပါ။သူမယောကျင်္ားကတပ်ကဖြစ်ဖို့များပါတယ်။သူမဟာယခုတပ်ထဲမှာမနေပုံပါ။သူမကပုရဟိတတွေလုပ်နေတယ်လို့ဆိုပါတယ်။ဒါဆိုပိုက်ဆံဘယ်ကရလဲ။ဘယ်သူထောက်ပံ့လဲ။ပုံအများစုကဘုရားတရားပုံဖြစ်ပြီးတပ်ကကတော်တွေလုပ်ရတာနဲ့သွားတူနေပါတယ်။ဒါကြောင့်သူမဟာသူပြောသလိုမုဆိုးမမဟုတ်ဘဲတပ်အရာရှိကြီးတစ်ယောက်ရဲ့မိန်းမ(သို့) ဆက်စပ်သူဖြစ်ဖို့များပါတယ်။
သူမအကောင့်ဟာအစိုးရကိုဝေဖန်ထားတာသက္ကတို့လိုမတွေ့ရပေမယ့်သူပြန်ရှယ်တဲ့ကိစ္စတစ်ခုမှာတော့ရွှေတိဂုံဘုရားပေါ်ကစိန်ပျောက်တယ်ဆိုပြီးအကောင့်တုတစ်ခုကရေးထားတာကိုပြန်ရှယ်ထားပါတယ်။သူ့အကောင့်ထဲမှာမဘသအဖွဲ့ဝင်များ၊Facebook မှာလိုက်ရေးတဲ့တပ်အကောင့်တုများနဲ့ဒီမိုခွထိုင်အချို့ကိုလဲတွေ့ရပါတယ်။ဒီမိုအစစ်အချို့လဲတွေ့ရပါတယ်။
ရဲကသက္ကဖွတ်ညိုကိုဖမ်းပေမယ့်မပိုးဖြူကိုဖမ်းတာမတွေ့ရပါ။ဖမ်းရင်လဲသူမlive တင်တာမတွေ့ရပါ။တကယ်ဆိုသူမကဇတ်နာအောင်စခဲ့သူပါ။ဖမ်းရမယ်လို့မပြောလိုပေမယ့်ရဲကသက္ကကိုမဖမ်းခင်သူမကိုအရင်ဖမ်းရမှာပါ။သက္ကဖွတ်ညိုအကောင့်ကိုပိတ်ဖို့ုကြိုးစားပေမယ့်သူမရဲ့ပရဟိတအကောင့်ကိုဘာမှမလုပ်ပါ။
ဒီကလေးအမှုကအမှန်တရားကဘာဖြစ်ဖြစ်ကျောင်းကိုဘယ်သူပိုင်လဲလေ့လာကြည့်ပါ။စlive လွှင့်သူ၊ထောက်ခံရေးသားသူကိုလေ့လာကြည့်ပါ။ရဲတပ်ဖွဲ့မှာမိုးကျရ၅% ရှိတဲ့ကြားကစာရေးသူလေးစားတဲ့ရဲစစ်စစ်ဒုရဲချုပ်အောင်နိုင်သူကိုပြောခိုင်းတာကလဲထူးဆန်းနေပါတယ်။
ယခုဧရာဝတီကအစစွဲထုတ်အပြီးမှာထိုအမျိုးသမီးမပိုးဖြူကအကောင့်ပိတ်ပြေးပါတယ်။သူမကိုရဲကဖမ်းတယ်ဆိုတာမဟုတ်ပါ။သူမကို၁၂/၇/၁၉မနက်ပိုင်းအထိမဖမ်းသေတာသေချာပါတယ်။ဘာလို့အကောင့်ပိတ်လဲ။သူမတပ်နဲ့နွယ်တာကိုစာရေးသူအကောင့်ကနေသူမတင်ထားတဲ့ပုံကို၁၁/၇/၁၉ည၁၁နာရီခွဲလောက်မှာမထောက်ပြခဲ့တာပါ။ဒါကြောင့်သူမအကောင့်ဆက်ဖွင့်ထားရင်လဲသူမနဲ့တပ်နွယ်တဲ့ကိစ္စကိုသိလာကြတော့မှာပါ။ဒါ့အပြင်သူမနဲ့တပ်ကစိတ်ဓာတ်စစ်ဆင်ရေးကအကောင့်တုလုပ်တဲ့ဗိုလ်မှူးတွေနဲ့ဆက်စပ်တယ်ဆိုတာကိုလဲလူအများကသိလာပါမယ်။ရဲကိုသူမကမျိုးစုံပြောနေပေမယ့်မခံနိုင်တဲ့ရဲများဟာသူမကိုမဖမ်းဘဲခွထိုင်ကိုဖမ်းတာကဒီမိုများပွဲဆူအောင်ပါ။သူမဟာဒီမိုအချို့နဲ့အကောင့်ထဲမှာသိသလိုလုပ်ထားပေမယ့်သူမအတွင်းရေးကိုဘာမှမပြောပြပါ။
သူမဟာတပ်၊မဘသကလူတွေနဲ့အကျွမ်းတဝင်ရှိပြီးဘယ်ကရမှန်းမသိတဲ့ပိုက်ဆံနဲ့ပရဟိတလုပ်တာတွေ့ရပါတယ်။သူမစီးတဲ့ကားKIA Sportage 3P/2699 ဟာဒေါ်ယမင်းသူနာမည်နဲ့လိုင်စင်ယူထားတာတွေ့ရပါတယ်။ဒါဟာသူမအမည်ရင်းဖြစ်ဖို့များပါတယ်။ကားလိပ်စာကတော့ဧရာဝင်မြလို့ရေးထားပါတယ်။
ဒီVictoria ဖြစ်စဉ်ဟာတကယ်ဖြစ်တာတော့သေချာပါတယ်။ဖြစ်တဲ့နေရာဟာလဲဖွတ်နေရာပါ။ဖွသူကလဲဖွတ်နဲ့မကင်းဘဲတပ်နွယ်မဘသနွယ်ဖြစ်တာဟာရိုးသားတယ်လို့ပြောဖို့ခက်ပါတယ်။သူမအကောင့်ပိတ်ပြေးတာဟာဒီမိုအစစ်ဖြစ်တဲ့ကိုနေမျိုးဇင်၊ကိုမင်းထင်ကိုကိုကြီး၊ဆရာတော်ဦးသော်ဘိတတို့နဲ့ကွာနေပါတယ်။ယခုတော့နံရံကိုခေါင်းနဲ့မတိုက်လိုပါဆိုပြီးအကောင့်ပိတ်သွားပါပြီ။ဒီမိုများဂျင်းထည့်မခံရပါစေနဲ့လို့ဆုတောင်းပါတယ်။
တကယ့်တရားမမျှတမှုတွေကိုတိုက်ဖျက်ချင်တယ်ဆိုရင်၁၇/၇မှာVictoria ကိုဝမ်းနည်းတယ်ဆိုတဲ့လူအုပ်ထက်များအောင်သောင်းချီပြီးထွက်ပြလိုက်ပါ။ခြေဥဘယ်တော့ပြင်နိင်မလဲဆိုရင်ပြည်သူအားလုံးအဓ္ဓမကိုတွန်းလှန်ဖို့လမ်းပေါ်မှာဒေါ်အောင်ဆန်းစုကြည်ခေါ်ချိန်ထွက်နိုင်ရင်အဆင်ပြေပါပြီ။
(စာဖတ်သူများအတွက်ာအထောက်အထားဓာတ်ပုံများပါတင်ထားပါတယ်။)
5,353 views0 comments
Recent Posts
See All
လုံခြုံရေးသတိ
ယခု PDF များအားလုံး မိမိရဲ့ ပြောခွင့်ရသူကလွဲလို့ Facebook သုံးတာလျှော့ပါ။ လူစုလူဝေးကိုလျှော့ပါ။ ဖုန်းပြောတာလျှော့ပါ။ မိမိတပ်တည်နေရာကို မိမိမိန်းမတောင် မပြောမိပါစေနဲ့။ အစည်းအဝေးကိုခေါ်ပြီးရင် လူရောက်လာ
အဓိက သာမညခွဲခြားစေလို
အဆိုတော်ဖြစ်ဖြစ်၊ အနုပညာရှင်ဖြစ်ဖြစ် ပြောကြဆိုကြတဲ့အခါ အဓိကဘောမဖြစ်တဲ့ ယုန်လေး၊ စိုးမြတ်သူဇာ၊ မေသင်ဇာဦး၊ ခန့်စည်သူ၊ ဒိန်းဒေါင်တို့ကိုသာ အဓိကထားစေချင်ပါတယ်။ အချို့ထောင်ကျပြီး ပြန်ထွက်လာသူ နိုင်ငံခြားထွ
bottom of page