top of page
Search

အားလုံးအတွက်အရေးကြီးသည့် မိုးရာသီ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 24, 2022
  • 1 min read

မိုးရာသီဟာ ဒီမေလကုန် ဇွန်လဆန်း ရှေ့အပတ်ဆို တစ်နိုင်ငံလုံးမှာ စမှာပါ။ မိုးရာသီကနေ ကောင်းတာရော မကောင်းတာပါ သယ်ဆောင်လာနိုင်ပါတယ်။ ယခင်ထဲက မိုးရာသီရဲ့ တော်လှန်ရေးအပေါ်အကျိုးသက်ရောက်မှုကို ရေးခဲ့ပေမယ့် ယခုအသေးစိတ်ထပ်ရေးပါ့မယ်။


စစ်ရေး

မိုးရာသီမှာ တော်လှန်ရေးအဖွဲ့တွေအတွက် စိန်ခေါ်မှုက မိုးရွာလို့ နားခိုစရာနေရာနဲ့ ရိက္ခာပါ။ ဒီစိန်ခေါ်ချက်က ရွာအချို့မီးရှို့ခံထားရလို့ ပိုဆိုးနိုင်လာပါတယ်။

အားသာချက်ကတော့ မအလတပ်က လေတပ်ကိုအားကိုးလို့ ယခင်ကလို အလွယ်တကူမရနိုင်တာပါ။ဥပမာ မိုးကြီးတဲ့နေ့မှာ စစ်စခန်းကို ဗျူဟာကျကျ အလုံးအရင်းနဲ့ ဝင်တိုက်ခဲ့ရင် သူ့အနေနဲ့လက်နက်ကြီးပစ်ကူသာ အများဆုံးပေးနိုင်မှာပါ။ သူကလဲ ပြင်ဆင်ထားပါတယ်။ ဒါကြောင့်တိုက်ရာမှာတစ်ဖွဲ့ကောင်းလုပ်တာမဟုတ်ဘဲ ပုလဲကတိုက်ရင် ယင်းမာပင်ကလဲ တစ်ချိန်ထဲ တစ်ပြိုက်နက်ထဲတိုက်မှသာ ရမှာပါ။ စစ်တပ်ထောက်ပို့လမ်းကြောင်းက ယခုထက်မိုးရာသီမှာ ပိုခက်မှာဖြစ်သလို PDF တွေလဲ ခက်မှာပါ။ ဒါပေမယ့် ဒီပေးထားချက်ကို မိမိအားသာချက်ဖြစ်အောင် ပြောင်းထားရပါမယ်။ NUG အနေနဲ့ လက်နက်တောင်းတဲ့အဖွဲ့တိုင်းကို လိုင်းပေါ်မှာ ပေါ်ပြူလာဖြစ်တိုင်းပေးနိုင်မှာ မဟုတ်ပါ။ ဒါပေမယ့် တပ်တွေအားလုံး မိမိအမိန့်နာခံတဲ့ မိမိရဲ့ ပအဖအဖွဲ့အောက်မှာ အမိန့်နာခံတဲ့ အဖွဲ့တွေကိုတော့လက်နက်ထောက်ပံ့ထားရမှာပါ။ ဒီအကြောင်းနောက်မှရေးပါ့မယ်။ ယမ်းတွေစုထားရပါမယ်။ယမ်းအားကောင်းမှသာ နိုင်မှာပါ။

မိုးရာသီမှာ ထောက်ပို့က ဧရာဝတီနဲ့ ချင်းတွင်းကို မအလတပ်က အဓိကထားပြီးသုံးဖို့ ပြင်ဆင်ထားပါတယ်။ တော်လှန်ရေးသမားတွေကလဲ မြစ်ထဲမှာ မုန့်ဟင်းခါးကျွေးလို့ရတဲ့နည်းကို ရှာထားရပါမယ်။KIA အနေနဲ့ RPG လောက် PDF ကို ထောက်ပံ့ထားရင်တောင် မိမိတို့အတွက် အကျိုးများလာနိုင်ပါတယ်။

ထို့အတူပါဘဲ မိုးရာသီဟာ စစ်ဘေးရှောင်တွေအတွက် အဓိကပြဿနာပါ။ ဥရောပ၊ အမေရိကန်နဲ့တရုတ်တို့ဟာ ရိုဟင်ဂျာစခန်းနဲ့ ပြည်ပက ဒုက္ခသည်စခန်းများကို ဒေါ်လာသန်းချီထောက်ပံ့ပေမယ့်ပြည်တွင်းမှာက မအလသဘောမတူတာနဲ့ သူတို့က မအလကိုကျော်ပြီး မထောက်ပံ့လိုတာကြောင့် စစ်ကိုင်းနဲ့ မကွေးမြောက်ဟာ အခြားဒေသတွေထက် ရေတိုမှာ ဒုက္ခပိုများပါမယ်။ ရေရှည်မှာတော့အဆင်ပြေမှာပါ။ နယ်စပ်ကတော့ အနောက်အုပ်စုက နယ်စပ်ကနေ ထောက်ပံ့လိုရင် အဆင်ပြေနိုင်ပါတယ်။ ပြည်သူများက စစ်ကိုင်း၊ မကွေးကသွေးချင်းတွေကို ဘယ်လိုကူမလဲ စဉ်းစားပေးထားပါ။အထူးသဖြင့် နိုင်ငံခြားရောက် မြန်မာများပါ။ NUG လူကယ်ပြန်ကနေ ထိုဒေသတွေအတွက် သီးသန့်လှူဖို့ပါ။

ဒါဆိုရင် တိုက်ပွဲအခြေအနေက ဘယ်လိုလဲ။ ယခုဟာက အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေပိတ်ထားလို့သတင်းက ချက်ချင်း မသိသူများ ရှိနိုင်ပါတယ်။ ယခင်ထဲက ဒါဖြစ်မယ်ဆိုတာကြိုသိလို့ ဂြိုလ်တုဖုန်းကို မိမိတပ်တွေနဲ့ ဆက်သွယ်ဖို့ပြင်ထားဖို့ အကြံပြုထားပြီးသားပါ။ မနေ့ကညအထိ မုံရွာ၊ စစ်ကိုင်းနဲ့မန္တလေးက စစ်မြေပြင်စစ်ဆေးရုံကို တိုက်ပွဲက ဒဏ်ရာရသူ အယောက် ၉၀ ကျော်ရောက်လာပါတယ်။ဒါက သေသူမပါပါ။ သေသူက ဆေးရုံကို အလောင်းမယူလာတာများပါတယ်။ ဗိုလ်မှုးတစ်ယောက်အလောင်းသာ ပါလာပါတယ်။ ဒါက တိုက်ပွဲတွေဘယ်လောက်ပြင်းထန်နေလဲဆိုတာကို ပြနေပါတယ်။ ကချင်၊ ချင်းနဲ့ ပခုက္ကူဒေသက ဒဏ်ရာရသူ၊ သေသူ မပါသေးပါ။


အကျဉ်းချုပ်ရရင် တိုက်ပွဲတွေက ရှေ့လျှောက်ပိုပြင်းထန်လာမှာပါ။ မအလက ရွာမီးရှို့တာက မိုးရွာသီအချို့ရက်မှာ ခက်နိုင်ပါတယ်။ ဒါကြောင့်လဲ ကြိုရှို့ထားတာပါ။ မိမိတို့ရဲ့ အားသာချက်၊အားနည်းချက်များကို လေ့လာပြီး ကြိုတင်ပြင်ဆင်ထားနိုင်ကြပါစေ။ PDF တွေက နိုင်မှဖြစ်မှာပါ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page