top of page
Search

အားလုံးသတိရှိရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 20, 2021
  • 1 min read

Updated: Aug 21, 2021


မအလဟာ

ဆရာဇော်ဝေစိုး

Dr Sasa

သံအမတ်ကြီး ဦးကျော်မိုးထွန်း

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်

ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်တို့ကို လုပ်ကြံရန် စရဖ တန်ပြန်ထောက်လှမ်းရေးကို အမိန့်ပေး ခိုင်းစေထားတယ်လို့ ကြားခါစက မယုံပါ။ ဘာလို့လဲဆိုတော့ အဆိုပါသတင်းမှာ အမေရိကန်က သံအမတ်ကြီး ဦးကျော်မိုးထွန်းပါနေလို့ အမေရိကန်မိုလို့ မဖြစ်နိုင်လို့ တွက်ခဲ့တာပါ။နောက်ပိုင်း မအလခိုင်းသူရဲ့ လက်ပါးစေကိုမိမှ ယုံလာတာပါ။

ယခုအချိန်မှာ ဆရာဇော်ဝေစိုးနဲ့ Dr Sasa ရဲ့နေရာကို အတိအကျ မသိသေးလို့သာ ဘာမှလုပ်မရတာပါ။

ယခုရက်ပိုင်းအတွင်း ပိုက်ဆံကိစ္စ ဒီမိုအကြား အထင်မှားစေဖို့ Facebook ကိုသုံးပြီး ခြေထိုးဖို့ စရဖက ပိုက်ဆံများစွာသုံးထားပါတယ်။ ယခုအချိန်မှာ ယခင် NLD ဆိုတဲ့ စရဖအကောင့်တွေကယခု NUG logo နဲ့ပါ။ ပြီးရင် ဟိုပိုက်ဆံမရဘူး လာရှင်းပါ ဘာညာဆိုပြီး သာမန်ပြည်သူတွေနဲ့အလှူခံတဲ့ ဆယ်လီတွေကို ရန်တိုက်ပေးဖို့ပါ။ အငြိမ်းအုပ်စုကိုလဲ နိုင်ငံခြားက မိန်းမတစ်ယောက်သုံးပြီး ခလောက်ဆန်တာ အောင်မြင်သလိုရှိပြီး ပန်ဆယ်လိုကို Facebook ပေါ်ထွက်ရှင်းရအောင်ခလောက်ဆန်နိုင်လို့ သူတို့ရဲ့ စိတ်ဓာတ်စစ်ဆင်ရေး အောင်မြင်တယ်လို့ ယူဆထားပါတယ်။ ပန်ဆယ်လိုလဲ ထွက်မရှင်းပါနဲ့။ ဒီစစ်ခွေးတွေကို လွှတ်ထားလိုက်ပါ။ သူတို့သုံးတဲ့လူတွေက အငြိမ်းကိစ္စမှာရော ပန်ဆယ်လိုကိစ္စမှာပါ မထင်ရတဲ့လူတွေပါ။ တန်ပြန်ထောက်လှမ်းရေးဆိုတာ ဒီလိုပါဘဲ။ အချို့ကိစ္စတွေမှာ မြေပြင်က အဖွဲ့ကွဲတာကို အခွင့်ကောင်းယူပြီး စရဖ အကောင့်တုတွေကသွေးခွဲတာပါ။ ဥပမာ ဆယ်လီက ရန်ကုန်လှိုင်သာယာ PDF အတွက် အလှူငွေကောက်ရင် လှိုင်သာယာမှာက နှစ်ဖွဲ့ရှိနေတာမျိုးပါ။ ဒါကို ဆယ်လီက သူ့အကူအညီလာတောင်းတဲ့အဖွဲ့ကို အလှူခံပေးရင် ကျန်အဖွဲ့က အဆက်အသွယ်မရှိရင် ကျန်ခဲ့မှာပါ။ ဒါကို မရတဲ့အဖွဲ့ကို စရဖအကောင့်တွေက ပုံကြီးချဲ့ပြီး ဒီမိုတွေကြား ရန်တိုက်ပေးတာပါ။


ယခုက နောက်တဆင့်တိုးပြီး PDF တွေက လက်နက်မရဘူး ဆရာဇော်ဝေစိုးက ဘယ်လိုနေတယ်Dr Sasa က ဘယ်လိုနေတယ်ဆိုပြီး လိမ်လည်ဝါဒဖြန့်ပြီး ပြည်သူနဲ့ NUG က ဝန်ကြီးတွေကိုရန်တိုက်ပေးဖို့ပါ။ ရယ်စရာက ပြောနေသူတွေက သူခိုးမအလအောက်မှာ အမှုထမ်းနေတဲ့ သူခိုးလေးတွေပါ။

ဒီနေရာမှာ စစ်ခွေးမဟုတ်ဘဲ သာမန်ပြည်သူအနေနဲ့ သိရမှာက အဲ့ဒီလို ပြောနေသူများဟာDASSK ကိုတောင် အဂတိနဲ့ တရားစွဲဖို့ ကြိုးစားနေတယ်ဆိုတာ မမေ့ပါနဲ့။ ဒီမိုတွေကိုပြောနေသူရဲ့ဆရာ ဖက်ဆစ်မအလဟာ သူခိုး၊ သူ့မိန်းမ ကြူကြူလှဟာ သူခိုး၊ သူ့သားသမီးတွေက တိုင်းပြည်ပိုက်ဆံခိုးတဲ့ သူခိုးဖြစ်ပြီး ဒုဗိုလ်ချုပ်ကြီးအဆင့် အားလုံးဟာလဲ သူခိုးတွေဖြစ်တယ်ဆိုတာ မမေ့ထားပါနဲ့။ ဆရာဇော်ဝေစိုးလိုလူကို ပညာမတတ်တဲ့ စစ်ခွေးသူခိုးများနဲ့ သူတို့ရဲ့ဘောမများပြောတာကို ကြိုမြင်ပြီး ရန်သူကို မျက်ခြေမပြတ် တိုက်နိုင်ပါစေ။

မအလဟာ သူ့လုံခြုံရေးအတွက် အပြင်ထွက်ရင် သိန်း ၁၅၀ သုံးတာ မမေ့ပါနဲ့။ မေးရဲရင် ဂျပု မအလရဲ့ Rolex နာရီက ဘယ်ကပိုက်ဆံနဲ့ဝယ်တာလဲ မေးလိုက်ပါ။ သတ္တိရှိရင် ရေငုပ်သင်္ဘောနဲ့လေယဉ်ပျံစာရင်းလေး အစစ်ခံပါလို့ သူခိုးများကို ပြောပါရစေ။

 
 
 

2 Comments


Myint Ohnn
Aug 21, 2021

ပုံမှာပါတဲ့ တပ်မှူးကြီများးအာဏာယူခဲ့ စဥ်က လူသာသေမယ် နာမည်မသေစေရဘူးလို့ စိတ်ဓါတ်ရှိတဲ့သူတော်တော်များခဲ့ပါတယ်။


Like

ကို ကြီး
ကို ကြီး
Aug 21, 2021

အသက်၇၀.တန်းရောက်ပေမ့်၊သလောက်အတ္တကြီးမားလွန်သောဗမာစစ်အာဏာများ( မတွေ့ဖူး,မကြားဖူးပေါင်ဗျာ။ဒင်းတို့ ကံ ကံ၏အကျိုး( မယုံကြည်)ကြတဲ့မိစ္ဆာဒိဌိတွေပါပဲ။ဗုဒ္ဓတရာတေများကို( ကန့်လန့်တိုက်‌ေန)ကြတာပါပဲခင်ဗျား။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page