top of page
Search

အားလုံးကိုမုန်းရင် ကောင်းသွားမလား

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 16, 2020
  • 1 min read

ree

အားလုံးကိုမုန်းရင် ကောင်းသွားမလား

ဒီနေ့ဆိုရင် တရုတ်သမ္မတ မြန်မာပြည်ကိုလာမှာဖြစ်ပါတယ်။ DASSK အစိုးရလက်ထက်မှာ လာတာပါ။ သူမလာခင်မှာဘဲ တရုတ်မကောင်းကြောင်းကို တပ်အကောင့်တု၊ ဒီမိုအကောင့်နဲ့ ဖွတ်အကောင့်တွေက ရေးကြပါတယ်။ BBC၊ VOA၊ RFA၊ DVB တို့ကလဲ ဝတ္တရားမပျက်ဖွပါတယ်။

တပ်ထဲမှာက ဘယ်နိုင်ငံခြားသားမဆို မုန်းတတ်အောင်သင်ထားပါတယ်။ တရုတ်နဲ့ DASSK အစိုးရအဆင်ပြေနေတာကိုမကြိုက်လို့ DASSK အစိုးရ အကျပ်ရိုက်အောင် တပ်နဲ့ဖွတ်အကောင့်တွေက ဖွတာပါ။ တရုတ်ကိုသူတို့က ကြောက်ပါတယ်။ မုန်းကြောက်ပေါ့။ နောက်အမျိုးသားရေးဝါဒအရ တရုတ်ကိုတကယ်မကြိုက်သူ ဒီမိုများလဲ ရှိနိုင်ပါတယ်။ အနောက်တိုင်းနေသူများကလဲ ဒီမိုတန်ဖိုးကြောင့် တရုတ်ကို မကြိုက်တာလဲ ရှိနိုင်ပါတယ်။

ဒီနေရာမှာ တရုတ်ဟာ အိမ်နီးချင်းဖြစ်လို့ ချစ်ချစ်မုန်းမုန်း အတူနေရမှာပါ။ ပထမဆုံး တရုတ်ကိုစွပ်စွဲတဲ့ KIA ကိစ္စပါ။ KIA ဟာ တရုတ်ကြောင့်ဖြစ်လာတာမဟုတ်ဘဲ သူ့ဘာသာတူ အင်္ဂလိပ်ကို ဆရာခေါ်ပြီး ဖြစ်လာခဲ့တာပါ။ ယခုနောက်ပိုင်းမှာ တရုတ်နဲ့ နီးစပ်လာခဲ့ပါတယ်။ KIA ကိုထောက်ခံသူအများစုဟာ အမေရိကန်နဲ့ အင်္ဂလန်မှာပါ။ တရုတ်က ဝ ကို ထောက်ခံနေတာတော့ အမှန်တရားပါ။

စာရေးသူတို့တိုင်းပြည်မှာ ၁၉၆၂ ကနေ ၁၉၈၈ အထိ နေဝင်းလက်ထက်မှာ နိုင်ငံခြားသားအားလုံးကိုမုန်းပြီး စီးပွါးရေးလုပ်လိုက်တာ တိုင်းပြည်မွဲခဲ့ပါတယ်။ ၁၉၈၈ ကနေ ၂၀၁၆ အထိ တရုတ်ကိုလုံးဝအားကိုးခဲ့ရာမှာလဲ ကျွန်တော်တို့ တရုတ်ကို ကြောက်ရပါတယ်ဆိုတဲ့အထိ ဖြစ်ခဲ့ရသလို ကိုးကန့်တိုက်ပွဲအပြီး တရုတ်မြေပေါ်ဗုံးမှားကျအပြီး တရုတ်ရာဇသံကြောင့် လေတပ်က အရာရှိကြီးတွေ ပြုတ်ခဲ့ပါတယ်။

ဒါပေမယ့် တရုတ်ဟာ မကောင်းတာတွေကိုသာ ယူလာတာမဟုတ်ပါ။ ဘင်္ဂါလီကိစ္စအပြီးမှာ အမေရိကန်နဲ့ ဥရောပက ရင်းနှီးမြုပ်နှံမှုတွေ လျော့ကျခဲ့သလို ကမ္ဘာလှည့်ခရီးသည်တွေ အဝင်နည်းခဲ့ပါတယ်။ဒီအချိန်မှာ တရုတ်ကရင်းနှီးမြုပ်နှံသလို တရုတ်ခရီးသည်တွေလာလို့ ဟိုတယ်နဲ့ ဆက်စပ်လုပ်ငန်းအချို့ အဆက်ပြေခဲ့ပါတယ်။ ယခုအချိန်မှာ နာမည်ကြီးဟိုတယ်တွေမှာ တည်းခိုသူကိုကြည့်ရင် အာရှက ၈၀% နဲ့ အဖြူက ၂၀% လောက်သာရှိပါတယ်။ တိုးဥပမာနဲ့ပြောပါ့မယ်။ တရုတ်တိုးတွေကကောင်းလားဆိုတော့ အဖြူနဲ့ယှဉ်ရင် မကောင်းပါ။ တန်းမစီတာကအစ စကားကျယ်ကျယ်ပြောတာ စည်းကမ်းမရှိတာ ပိုက်ဆံမသုံးနိုင်တာ အစုံပါဘဲ။ ဒါပေမယ့် သူတို့ကို ကြီးကျပ်ပြီး တိုင်းပြည်အတွက် အကျိုးရှိအောင်လုပ်သွားရမှာပါ။

ထို့အတူပါဘဲ ဘရွှေလက်ထက် ပညာမတတ်လို့ တရုတ်နဲ့စာချုပ်ချုပ်တာမှာ ခံခဲ့ရပေမယ့် DASSK လက်ထက်မှာ ပညာတတ်လို့ ကျောက်ဖြူလိုဟာမျိုးမှာ မိမိအကျိုးရှိအောင် လုပ်နိုင်ခဲ့ပါတယ်။ ပညာနဲ့သူ့ရင်းနှီးမြုပ်နှံမှုကို မိမိအကျိုးရှိအောင် လုပ်ရမှာပါ။ ပညာလိုပါတယ်။ အဲ့ဒီပညာက DASSK နဲ့ NLD အစိုးရမှာသာ ရှိပါတယ်။

တချိန်ထဲမှာဘဲ အမေရိကန်နဲ့ အင်္ဂလိပ်ကို လုံးဝအားသွားကိုးရင်လဲ ဘင်္ဂါလီကိစ္စမှာ သူတို့ပြောတာကိုအကုန်လိုက်လုပ်ရမှာပါ။

ဒါကြောင့် ပြဿနာအားလုံးရဲ့အဖြေက တရုတ်မုန်းတာ၊ အင်္ဂလိပ် အမေရိကန်မုန်းတာ၊ မာမူမုန်းတာမဟုတ်ဘဲ ဘယ်သူနဲ့ဖြစ်ဖြစ် မိမိတိုင်းပြည်မနာအောင် လုပ်ယူတတ်တဲ့ ပြောဆိုတတ်တဲ့ DASSK ဦးဆောင်တဲ့ ပညာတတ်အစိုးရအောက်ကနေ မိမိအကျိုးရှိအောင် လုပ်ဆောင်ဖို့ပါ။

အားလုံးကို မုန်းနေလို့တော့ ပြဿနာက မပြေလည်သွား မကောင်းသွားပါ။ အင်အားကြီးနိုင်ငံတိုင်းမှာအကောင်းအဆိုးတွဲနေပါတယ်။ အရေးကြီးတာက ခေါင်းဆောင်ကောင်း DASSK နဲ့ NLD အစိုးရအဖွဲ့နောက်လိုက်ဖို့ပါ။ သူတို့က တိုင်းပြည်အကျိုးရှိအောင် လုပ်ပါလိမ့်မယ်။

Photo credit: News.cn

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page